Monday, 16 May 2016

မမြင့်ပန်းကို လှမ်းခြွေခြင်သူအတွက်
ရင်မောရမယ်ဆိုတာ ငါသိပါတယ်
ပန်းရဲ့အလှ ပင်ယံထက်မှာ
ဝင့်ဝင့်ထည်ထည် ရနံ့ကြွယ်လျှက်
အရောင်အသွေး ရှိနေသေးချိန်
ချစ်ရေးပန်ဆင် ယုယခြင်တာ
အချစ်စစ်လို့ မထင်ပါနဲ့
ရန့မရှိ အရောင်နတ္ထိ
မင်းရဲ့အလှ ပျက်စီးတော့မှ
လေပြင်းရိုက်ချက် ကြွေလင့်ပျက်၍
မြေသက်ခဆင်း ရှောင်ကာကွင်းလျက်
ပန်းခြောက်ဘဝ နင်းခြေသွားရင်
မင်းနဲ့အတူ ခံစားရမှာ
ကိုယ်တစ်ယောက်ထဲပါ ချစ်သူရယ်
တစကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ