မင်းရဲ့ခပ်စိမ်းစိမ်းအ
ကြည့်တွေအောက်
မှာရင်းနှီးခြင်းတွေ
တိမ်းပါးသွားပါပြီး
နောက်ပြာအဖြစ်မှာ
နင်ငါ့ကိုခါထုပ်ပစ်
တာဘာ့ကြောင့်
လည်း
အသာယာလူပ်လာ
တဲ့ငါ့အသဲကိုအ
ထည်းကြေအောင်
ခွဲသွားပြီထင်ရဲ့
မိသား
================================
လွမ်း၍
လွမ်း၍အပူမကင်း
ချစ်သူခင်းတဲ့
လမ်းခွဲခြင်းမှာ
မျက်ရည်တွေ
မိုးလိုစေ
အကျိုးကိုစေ
ချစ်သူရင်အေးမြစေလို့
ဘေးကနေ
ဆုတောင်းပေးမယ်
အဖြည့်ခံလူသား
မုသားမပါ
ချစ်သူအနားမှာ
စေလိုရာစေ
အတူနေလို့
လေပြေတွေ
ကြားကဖြတ်ပြေး
ခပ်ဝေးဝေးခွဲမယ့်
ဓါးတလက်ကို
ဘုရားမှတ်လို့
ကိုးကွယ်မိခဲ့
ငါကိုယ်တိုင်ကပဲ
ကိုယ့်ရင်ကိုခွဲမယ့်
ဓါးကိုသွေးခဲ့တာလား
နင်ကပဲ
မေ့ဆေးမပေးခဲတာလားတော့မသိ
ထိလိုက်တိုင်းနာတဲ့
အသည်းကွဲဒဏ်ရာ
သေရာပါပြီထင်ပါရဲ့။
သူရဇ္ဇ
=================================
ညီမလေးသို့
ရင့်ကျက်စေချင်သည်
အခက်ခဲတွေ့တိုင်း
မျက်ရည်ကိုခိုင်း၍
ပင့်သက်ခြွေ
ညီမလေးရေ
သောကအပူဆိုတာ
အပြုံးနဲ့ရင်ဆိုင်မှ
နိုင်တဲ့အရာပါလေ
ကြုံလာသမျှကို
အကုန်ခဝါချ
အနာခံမှ
အသာစံရမယ့်
လောကဓံကြား
အပြောအခံများလို့
စိတ်အားမငယ်နဲ့
စကားလွယ်သလောက်
အဖြစ်ခက်တဲ့
ဆန္ဒတွေကြားမှာ
ဒုက္ခကိုခဏနှိမ်ထား
အဆိုးတွေ
အကြိမ်များပြီးရင်
အကောင်းဆိုတာ
ရှိလာစမြဲပါ
ရင့်ကျက်စေချင်တဲ့
စေတနာစကား
နားဝမှာခါးလည်း
ကြိုးစားပြီးနားထောင်
မှားသယောင်ရှိပေမယ့်
ရင်ထဲအရှိ
စကားတွေပါညီမလေး
စိတ်ညစ်စရာတွေရှိ
လူတိုင်းမသိတဲ့
အဖြေပုစ္ဆာ
အဖြေရှာလေဝေး
ညီမလေးကြိုးစား
ပြုံးကြည့်မှ
ဝေဒနာတွေ
နေသာလိမ့်မယ်
ညီမလေးရေ့။
သူရဇ္ဇ
=================================
* သူ့အတွက်နဲ့ *
အခါခါဆိုငြီး ငါခံစားမိတဲ့
မင်းရဲ့အကြောင်းတွေ
အကြိမ်အကြိမ် လာပြီး
ဒီအာရုံတွေကို နင်ပြု စားတယ်
နင်ထားခဲ့တဲ့အထီးကျန်နေ့များ
ပြန်တမ်းတကြည့် သတိရမိတယ်
ငါ့ထုဆစ်ခဲ့ နင့်ပုံရိပ်များ
မျက်ရည်စက်နဲ့အသက်ပြန်သွင်း
ဒါဟာလောင်မီးထက်က
ပိုးဖလံလေးလို ငါဆက်ပြီး
ဒီလမ်းကြမ်းထက်မှာလျှောက်ရင်း
ဒီလမ်းမထက်မှာမှောက်ရင်း
နက်ခဲ့ဖူး ဒီအမှောင်ညတွေ
ပျောက်ခဲ့ဖူး အရင်ကအိပ်မက်တွေ
ဘယ်မှာလဲ နင်ပြန်လာခဲ့
ငါလွမ်း ဒီအမှောင်ကမ္ဘာပြင်ထဲ
တောက်ပမဲ့ငါ့အလင်းစက်တွေ
စိတ်ကူးတိုင်း ရောက်လို့နေ
မင်းရှေ့မှောက်ဒူးထောက်စေ
နိုးထတိုင်းအိပ်မက်တွေ ပဲလေ
တောင်းဆုတခု ပြု ပါရစေ
မင်းရဲ့အနား အရိပ်ကလေးပေ
အလင်းရှိသရွေ့ ဒီပုံရိပ်ကလေး
မင်းအတွက်တည်မြဲလို့ပေးမယ်လေ။
Phyur.../\/*L့
=================================
* မြတ်နိုးမိသော နှလုံးသား *
တို့နှစ်ယောက်အတူချစ်ခဲ့ကြ
မခွဲတမ်းအတူနေ့ရက်များ
ငါလေခံစားသူ့နှလုံးသားလေး
တိတ်တဆိတ်နဲ့အခုပဲ့ကြွေကြ
နင်လေအမြင်မှားငါ့အချစ်များ
တကယ်ဆိုဒါတွေနင့်ရဲ့အနား
အတူတူဆုံချိန်မှာ
ဖွင့်ပြောပြမယ် ငါလေ
ချစ်တာမင်းတယောက်ပါ ကွာ
နင်ထင်နေတဲ့ သံသယများ
လွဲမှားနေတာ ဝိုးတဝါး
ညဘက်ဆုံတိုင်းonlineထက်မှာ
စိတ်ကောက်နေရတာ ချစ်လို့ပါ
မဆုံချင်ဘူး လမ်းခွဲခြင်းဆိုတဲ့
စေတန်ပြု စားတဲ့ ရေစက်ဆိုးတွေ
မပြန်ချင်ဘူး သိမ်းပိုက်ထားတဲ့
နှလုံးသားတွေထဲမှာ
မင်းအချစ်များနဲ့ပြည့်နေဆဲပါ
ငါတယောက်တည်းမှိုင်တွေပြီး
အခါခါငြီး ကျန်တာမသိ
မင်းအတွက် ဆို အချစ်တခုထဲနဲ့ အရာရာတိုင်းမှာရှုံးပေးနေခဲ့တာပါ
Phyur.../\/*L့
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ