Sunday, 8 May 2016

ရင်ဝယ်တသိမ့်သိမ့် အပိုင်း (၅)


ဒီနေ့လည်း ယုဇန မတင်လှတို့နဲ့အတူ ချောင်းစပ်တစ်လျှောက် ငါးရှာ

ထွက်ရပါတယ်။ ပထမဆုံး အကြိမ် ငါးရှာထွက်ခဲ့ရစဉ်ကတော့ မတင်လှတို့

ကလည်း ငါးများများရတဲ့အတွက် ယုဇနအတွက်ပါကူညီပြီးရှာ ဖွေပေးခဲ့

ပေမယ့် ဒီနေ့မှာတော့ မတင်လှတို့ကိုယ်တိုင်မှာလည်း ငါးအရနည်းနေ

တယ်လေ။ တစ်ခါမှ ငါးမမျှား ဘူးတဲ့ ယုဇနတစ်ယောက်လည်း ဘယ်လိုမှ

အဆင်မပြေသေးဘဲ ၃ နာရီလောက်ကြာသွားခဲ့တဲ့တိုင်အောင် ပလိုင်းထဲမှာ 

ငါးသေးသေးသုံးကောင်လောက်သာရသေးတယ်လေ။ ဒီနေ့မှ ယုဇန

အရင်ထက်ပိုမိုပြီးလည်း မော ပန်းနေသလိုလို … ကြာတော့လည်းငါးရှာ

ရတာကို ယုဇနစိတ်မပါတော့။ အိမ်ပြန်ပြီး အနားယူချင်နေပြီလေ။ ဒါပေမယ့် 

ယောက္ခဖြစ်သူ ဒေါ်ငွေတင် ဆူပူမှာကိုလည်း ကြောက်ရသေးတော့ 

ကျိတ်မှိတ်ပြီး ငါးဆက်ရှာနေရ သေးတာလေ။


“ယုဇန နင့်ကြည့်ရတာ ဒီနေ့မလန်းသလိုပဲ .. ဘာလဲ ငါးမရလို့လား .. 

ငါတို့လည်း ဒီနေ့မရပါဘူးဟာ.. ဘာဖြစ်နေလဲမသိဘူး.. ဧကန္တ အရှေ့မှာ 

ရှော့ရိုက်တဲ့စက်လှေများဖြတ်သွားသလားမသိဘူး။ မဟုတ်ရင် ဒီလောက်

ဖြစ်စရာမလိုဘူး… စိတ်မညစ်ပါနဲ့ ဒီမှာမရရင် ဟိုးဘက်က ရိုးဘက်ကိုသွား

ကြတာပေါ့။ အဲ့ဒီမှာ စက် လှေသွားမရတော့ ရရင်ရမှာ”


“ဟုတ်ကဲ့ပါ မတင်လှရယ် ယုဇန ငါးမရတာထက် နေရတာ တစ်မျိုးကြီး

ဖြစ်နေလို့ပါ။ အမှန်တိုင်းပြောရရင် ယုဇန ပြန်နားချင်နေပြီ မောလည်း

နေတယ်။ ရင်ထဲမှာလဲ တစ်မျိုးကြီးပဲ။ အအေးပတ်ပြီးရင်ခံချင်နေလားမသိဘူး။”


“အေး .. နင့်ကြည့်ရတာလည်း ဖြူဖတ်ဖြူရော်နဲ့ အိမ်ပြန်နားမလား .. 

ငါတို့ရှာရတော့လည်း ၀င်ပေးပါ့မယ်။”


“ ယုဇနလည်း နားချင်ပါတယ်။ ဒါပေမယ့် .. အမေက ..”


“အေးဟယ် .. အဲ့ဒါတော့ ငါတို့လည်း ၀င်ပြောလို့မရဘူး.. ကဲပါ 

လိုက်ရင်လည်းလိုက်ခဲ့.. ပြီးရင်ဟိုမှာနားနား နေနေ နေပေါ့။ ငါးရတော့လည်း 

ငါတို့ရတဲ့အထဲက နည်းနည်းခွဲယူဟုတ်လား..”


“ဟုတ်ကဲ့ .. ကျေးဇူးတင်လိုက်တာ မတင်လှရယ်..”


“မလိုပါဘူးဟာ… ညိုမောင်ဆိုတာ တစ်ချိန်က ငါတို့နဲ့ပြောမနာဆိုမနာ ငါတို့ကို 

သူအများကြီးကူညီခဲ့ဖူးတာ.. ကဲကဲ လာသွားရအောင် အချိန်ကြာနေမယ်”

ဒီလိုနဲ့ပဲ တစ်ဖက်ရွာစပ်က ရိုးထိပ်အထိရောက်အောင်သွားပြီးငါးရှာရတော့တယ်။ 

မတင်လှခန့်မှန်းတာ မှန်ပါတယ်။ အဲ့ဒီရိုးစပ်မှာ ငါးတွေစုပြီးတစ်ခဏနဲ့ 

ယုဇနအတွက်ကော အားလုံးအတွက် ဖူဖူလုံလုံ ဟင်းစားရ သွားပါတော့တယ်။ 


ဆက်ပါဦးမည် ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ