#သူငယ်ချင်းသို့#
သူငယ်ချင်းရေ
မကျော်သော်လဲ
မကျစေနဲ့
မတော်သော်လဲ
မညံ့စေနဲ့
မနိုင်သော်လဲ
မရှုံးစေနဲ့
မချစ်သော်လဲ
မမုန်းစေနဲ့
တစ်ကောင်ဘွား(ဓာတ်တော်)
& ဆုတောင်း&
ဘဝနောင်ခါ
ရှိလာပါက
အသဲမပါ
ရင်မခုန်သော
ကျောက်စစ်ကျောက်ခဲ
ကျောက်စက်ရုပ်လို
အမုန်းကို ပြုံး
ရယ်နိုင်ဆုံးလူ
ဖြစ်ရလို၏
ရှင်တော်ဘုရား.....
တစ်ကောင်ဘွား(ဓာတ်တော်)
% မဖြေသာဘူး%
လွမ်းတိုင်းကြွေရ
မျက်ရည်စက
ချစ်ခြင်းသက်သေ
လွမ်းမျက်ရည်မို့
လွမ်းစာစီလို့
ရေးဖွဲ့လိုက်ပြီ
နွေ မိုး ဆောင်း တွေ
ရာသီပြောင်းလဲ
ဒဏ်ရာဟောင်းက
ဝေဒနာရယ်
မဖြေသာဘူး
ငယ်ချစ်ဦးရယ်...
တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
စာပေချစ်သူများကို ကျနော် ဝါသနာပါတဲ့ ကဗျာလေးတွေကို ရေးဖွဲ့သီကုန်း ကြိုးစားပြီး တင်ဆက်ပေးခဲ့တဲ့ တစ်ကောင်ဘွားရဲ့ ကဗျာများကို အချိန်ပေးပြီး ဖတ်ရှု့သူ အပေါင်းကို အစဉ်အမြဲ လေးစားခင်မင်လျှက်ပါ
ဝေဖန် အကြံပြု စာလွှာများကို ကျနော်တစ်ကောင်ဘွားရဲ့ ဖုန်းနံပါတ်သို့ ပေးပို့နိုင်ပါသည် အားလုံးကို ကျေးဇူးတင်လျှက်
အားလုံးရဲ့ တပည့်လေး
တစ်ကောင်ဘွား(ဓာတ်တော်)
ရွေးချယ်ကြည့်ရှုရန်
Sunday, 1 May 2016
တစ်ကောင်ဘွားစုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ