Friday, 20 May 2016

*sorry ပါ မိန်းကလေး*
တောသားလေးမို့ အထင်သေးသလား
နှလုံးသားမှာ သံမဏိတည်လို့
မြူစွယ်မယ်မျိုးရယ်နဲ့ ကြိုးစားနဲ့ကွယ်
ရင်ပြင်ကဟိုက် ဘဝင်ခိုက်စေ
ဆံကေသာ ကွေကာကောက်နှင့်
ဒေါက်ဖိနပ်လေဒီရှုး ပလူးခြင်သလို
ပလူးပြနေလဲ မိန်းကလေးရေ
အရူးမလို့ပဲ ထင်မိပါတယ်
လွဲမှားတဲ့ ဝတ်စားဆင်ယင်ခြင်းက
အန္တရာယ်အစုကို ဖိတ်ခေါ်နေသလိုပဲ
မောင်ဖွားနဲ့မိဘ ဆုံးမလို့မရတာလား
မြန်မာအလှကို ပစ်ပယ်
အနောက်တိုင်းကိုမှ ယိမ်းခြင်သူ
နင်လိုလူအတွက် အသဲနုတဲ့
တောသားလေးက sorry ဆိုတဲ့
ပန်းလေးတစ်ပွင့် ပန်ဆင်ပေးပါရစေ
                          တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ