Thursday, 12 May 2016

ရင်ဝယ်တသိမ့်သိမ့်(ဇာတ်သိမ်းပိုင်း)

ဟင်… မောင် .. မောင်ဆုံးပြီတဲ့လား .. မောင်ပြောတော့ မမ နဲ့ 

အတူတူ ပြည့်ပြည့်စုံစုံနေနိုင်အောင် အလုပ်သွားလုပ်တာဆို .. 

ခုတော့ မောင် ဆုံးပြီတဲ့လား .. မမ တစ်ယောက်တည်းကို မောင် 

ဘာလို့ထားခဲ့နိုင်ရ တာလဲ မောင်ရယ် .. မောင်ရယ် . မမ မှာ 

မောင့်ရင်သွေးလေးရှိနေတာကိုတောင် မောင်သိမသွားရဘူးနော် .. 

မောင်ပြန်လာရင် အတူတူမိသားစုပျော်ပျော်နေကြမယ်ဆိုတဲ့ ယုဇနရဲ့ 

စိတ်ကူးတွေ အခုတော့ ကမ္ဘာပျက်ပြီပေါ့ မောင်ရယ် … 

အိမ်ရှေ့ကပြောလိုက်တဲ့စကားသံတွေကြောင့် ယုဇနတစ်ယောက် 

ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီး ပိုမို မောပန်းနွမ်းလျလာပါတော့တယ် … 

အသက်ရှူလို့လည်းမ၀တော့ဘဲ စိတ်ထဲမှာ မောင်က ယုဇန ကို 

ဟိုးအဝေး ကြီးကနေ လက်လှမ်းခေါ်နေသလို ..


“မောင် .. မောင်ရေ … မမ လာခဲ့မယ်လေ .. ဒီမှာ မမ တို့ရဲ့ 

ကလေးလေးကောပါတယ်.. မောင် မမ ကို စောင့်ဦးလေ ..”


“ယုဇန .. ယုဇန စိတ်ထိန်းဦးလေ ..”


“လုပ်ကြပါဦး ဒီကောင်မလေး ကယောင်ကတမ်းနဲ့ဘာတွေ အော်နေတာလဲ”

ညိုမောင့်အကြောင်းကို ကြားလို့ သတင်းလာမေးတဲ့ မတင်လှနဲ့ 

ဒေါ်ငွေတင်တစ်ယောက် ယုဇန ရဲ့ ကယောင်ကတမ်းပြောနေမှုတွေကြောင့် 

အတင်းခေါ်နေခဲ့ပေမယ့် ယုဇန နားထဲမှာတော့ အဲ့ဒီအသံတွေကို 

တစ်ခုမှ မကြား .. ညိုမောင် ဆီက “ မမ မောင့်နောက်လိုက်ခဲ့လေ ..” 

ဆိုတဲ့ အသံကိုသာ ကြားနေပါတော့ တယ် ..

စိတ်ချပါ မောင် .. မမ လာပြီနော် .. မောင်နဲ့ မမနဲ့ မခွဲဘူးနော် .. 

ဘယ်တော့မှမခွဲတော့ဘူး မောင် .. နောက်ဆို မောင်လည်း အဲ့ဒီလို 

တခြားကိုထွက်မသွားပါနဲ့တော့ .. မမ အနားကဘယ်တော့မှ ခွဲမသွားနဲ့ 

တော့နော် .. ခုဆို မောင်ရယ် မမ ရယ် မမတို့ရဲ့ ရင်သွေးလေးရယ် 

ပျော်ပျော်ရွှင်ရွှင် နေတော့မယ်နော် .. 

မောင် ရယ် .. မမ မောင်နဲ့ အခုလိုပြန်ဆုံရတာ အရမ်းဝမ်းသာတာပဲ …


ပြီးပါပြီ ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ