Sunday, 19 February 2017

*သမိုင်းဖျတ်တဲ့ နေ့* ချစ်သူများနေ့ တဲ့ ဘယ်လိုလူက သတ်မှတ်ခဲ့လည်း ချောကလပ်ကျွေး အရုပ်ပေးနဲ့ လျှောက်လည်ကြတာ ချစ်သူများနေ့လား ဖေဖော်ဝါရီ ၁၄ အနောက်တိုင်းက သတ်မှတ်ခဲ့တာ ဒို့နဲ့ဆိုင်လား စဉ်းစားစမ်းပါ ဒို့မြန်မာတွေ... ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ဒီသမိုင်းကိုရော ဖျောက်ပစ်တော့မှာလား ဒို့နိုင်ငံ ဒို့တိုင်းပြည် ကျွန်စနစ် ကျွန်ခေတ်မှ လွပ်လပ်ရေးကို အသက်ပေးလို့ ရယူပေးခဲ့တဲ့ ဒို့ဗိုလ်ချူ ပ်လေ ဗိုလ်လုပ်ပြီး အုပ်ချူ ပ်ဖူးလား သူသမိုင်း သူစိတ်ဓာတ်က ဒို့အတွက် အတုယူစရာမို့ သမိုင်းကိုပယ်ဖျတ်တဲ့နေ့ကို ချစ်သူများနေ့လို့ ပြောပါရစေ....။ တစ်ကောင်ဘွား(ဓာတ်တော်) *ဆောင်းညရဲ့ အလွမ်း* အေးချမ်းတဲ့ ဆောင်းညမှာ ဂစ်တာကို တီးခတ် ဆွေးမြေ့သံစဉ်ကို သီဆိုရင်း နွေးထွေးတဲ့ မျက်ရည်စက် ပါးပြင်ထက်မှာ စီးဆင်း အားတင်ကာ မေ့ခြင်ပေမဲ့ တစ်နေ့မှ မေ့မရဘူး... တစ်ပါးသူရင်ခွင်ထဲမှာ နင်ပျော်ရွှင်ပါစေ တောင်းဆုခြွေရင်းပေါ့ ရှေ့ဆက်မဲ့ အနာဂတ်မှာ နင်အတွက် ငါဟာ အမှိုက်တစ်စဖြစ်ခဲ့ရင် ပစ်ခွါသွားပေါ့ ငါမတားဘူး ငါချစ်တဲ့နင့်ကို ရယူပိုင်ဆိုင်ခြင်တာထက် နင်ပျော်ရွှင်တာပဲ မြင်ခြင်သူမို့ ရင်ခွင်သစ်မှာ နင်ပျော်ခဲ့ရင် ငါ ကျေနပ်စွာနဲ့ ထွက်ခွါသွားမယ်... နင်နဲ့ အဝေးဆုံးထိကိုပေါ့... တစ်ကောင်ဘွား(ဓာတ်တော်) *မဆုံသောလမ်း* တသွင်သွင် စီးဆင်းနေတဲ့ မြစ်ဧရာဝတီလို ကြွေခဲ့ရတဲ့ မျက်ရည်တွေလဲ မခမ်းသေးဘူး... နာကျင်စရာ အလွမ်းတွေက မျက်ရည်ကြွေဖို့ သက်သေလား ဝေခွဲလို့ မတွေးတက်ဘူး ဒါပေမဲ့ ဒို့ဝေးခဲ့ပြီ ချစ်သူ... ရှိပါစေတော့ ဝဋ်ကြွေးဆိုလည်း ပေးဆပ်ကာ အဝေးဆုံးကို လက်ပြနှုတ်ဆက် ကျောခိုင်းလိုက်ပြီ ဒီတစ်သက် ဒို့မဆုံနိုင်တဲ့ လမ်းကို အလွမ်းတွေနဲ့ ငါလေ ရွေးချယ်လို့သွားပြီ ချစ်သူ.. တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ