ရွေးချယ်ကြည့်ရှုရန်
Sunday, 19 February 2017
*နှုတ်ဆက်ခဲ့ပါပြီ*
လမင်းမဖြာပေမဲ့
ကြယ်လေးတွေ လင်းနေတယ်
ငါမလွမ်းပေမဲ့
နင့်ကို သတိရနေတယ်
ဧရာမြစ်ရေ စီးဆင်းနေပေမဲ့
နင့်အချစ်တွေ ရပ်တန့်နေပြီ
ငါ့ နှလုံးသားက ချစ်နေသော်လဲ
နင့်ရဲ့ အမုန်းတွေက
ဖုံးကွယ်ထားပြီ ဆိုတာ
နားလည်လိုက်ပါပြီ ချစ်သူ...
ကမ္ဘာမခြားသေးဘူးဆိုပေမဲ့
ဝေးကွာခြင်းရဲ့ အလွမ်းကိုတော့
ငါ ခံစားတက်လာပြီ...
အေးစက်တဲ့ ဆောင်းညမှာ
နင်ပေးတဲ့ဒဏ်ရာတွေက
ငါ့ကို နွေးထွေးစေတယ် ချစ်သူ..
အပြစ်မယူပါဘူး အသစ်လူရဲ့
ရင်ခွင်ထဲ နင်ပျော်ရင်ပဲ
ငါကျေနပ်လို့ အခုတကယ်
ဝေးရာကို အဆွေးသမားလေး
နှုတ်ဆက်ကာ ထွက်သွားပါပြီ ချစ်သူ...
တစ်ကောင်ဘွား(ဓာတ်တော်)
ဖုန်း ၀၉၇၇၅၇၃၈၆၁၉
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ