Sunday, 19 February 2017

*အသည်းတစ်ခြမ်းနဲ့ လွမ်းတယ်* သစ္စာနဲ့ရင်းပြီး ကိုယ်ပျိုးခဲ့တာ အချစ်သစ်ပင် နာကျင်မယ်မှန်း သိခဲ့ရင် ကြင်နာမိမယ် မထင်...အခုတော့ ငါ့ကို ချစ်မိလို့ နာကျင်နေပြီလား. ဖူးပွင့်ဝေဆာ အလွမ်းတွေက ငါ့မျက်ရည်က ရှင်သန်စေတာလား စဉ်းစားရင်းနဲ့ ငါ နှလုံးသားလည်း နာကျင်နေပြီ ချစ်သူရယ်.. အဝေးရောက်နေတဲ့ ချစ်သူ ပြန်လာပါတော့လို့ ခေါ်ခြင်ပေမဲ့ ချန်ခဲ့ကာ ရင်ခွင်သစ်နဲ့ အကြင်နာသစ်ပင်အောက်မှာ နင်တစ်ယောက် ထာဝရ ပျော်နိုင်ပါစေလို့ တောင်းဆုခြွေရင်း ကျန်ရစ်သူ ငါလိုလူက နာကျင်သည့် အသဲတစ်ခြမ်းနဲ့ လွမ်းရဦးမယ်.. တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ