ရွေးချယ်ကြည့်ရှုရန်
Sunday, 19 February 2017
* မျက်ရည် မြစ်တစ်စင်း*
တမ်းတမှန်းဆ လွမ်းနေမိတယ်
ပျော်မြူးးရွှင်ခဲ့ နေ့ရက်တွေကို
မျှော်လင့်ပေမဲ့ မကြင်နာရက်စက်
လက်ပြနုတ်ဆက် ထွက်ခွါသွားလည်း
ငါ့နှလုံးသားမှာ နင်တစ်ယောက်သာ
ချစ်ဖူးသူမို့ ရူးခဲ့ရပြီ...
ပြန်လာပါတော့ ပြောပြခြင်လည်း
နင်ရင်ထဲမှာ ငါဆိုတာ
လူပိုဖြစ်လို့ ဝမ်းနည်းငိုကြွေး
လွမ်းဆွေး ဝေဒနာကို
တစ်နေ့ စာနာနားလည်ပါစေ ချစ်သူ...
ရှိပါစေလေ ဝဋ်ကြွေးဆိုလည်း
ပေးဆပ်လိုက်မယ် ဝေးသွားပေမဲ့
ငါ ချစ်တဲ့နင် တစ်ပါးသူရင်ခွင်ထဲ
ပျော်ရွင်နိုင်ပါစေ ဆန္ဒပြုလို့
နှလုံးသားက စီးဆင်း
မျက်ရည် မြစ်တစ်စင်းဖြစ်ခဲ့ပေါ့..
တစ်ကောင်ဘွား(ဓာတ်တော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ