ရွေးချယ်ကြည့်ရှုရန်
Sunday, 19 February 2017
*နင်ပျော်ရွှင်ပါစေ*
အဆင်ပြေလား တဲ့
နင်မရှိတဲ့ ငါ့အတွက်
အိပ်ပျက်ညတွေထဲ
တိတ်တိတ်လေး ငိုကြွေး
ဟို အဝေးက နင့်ကို
လွမ်းနေတယ်ဆိုတာ
နင်မှ မသိခဲ့တာ...
ဆွေးမြေ့သံစဉ်တစ်ချို့
ငါကြားရလေတိုင်း
မငိုရှိုက်ပဲ ကြွေခဲ့ရတဲ့
မျက်ရည်စက်တွေကို
မွေ့ယာထက်က ခေါင်းအုံးလေး
အသိဆုံးပါ ချစ်သူ...
ပြန်မလာတော့တဲ့ နင့်ကို
ဒဏ်ရာများစွာဖြင့်
တမ်းတလွမ်းရင်း ရင်တွင်းစကား
ပြောကြားမိပြီ ရင်ခွင်သစ်မှာ
နင်ပျော်ရွှင်ပါစေ ချစ်သူ...
online ကဗျာချစ်သူများကို အစဉ်ထာဝရလေးစားခင်မင်လျှက်
တစ်ကောင်ဘွား(ဓာတ်တော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ