Tuesday, 14 February 2017

အို....အချစ်

အို...အချစ်


အချစ်ရဲ့ခြေရင်းမှာ

သေခြင်းတရား မေ့ထားတယ် ... ...


လမိုက်ညရဲ့ငွေလ

ထာဝရအလင်းတန်း

ဘဝရဲ့ စမ်းအိုင်လေးသဖွယ်.. ...


ကိုးကွယ်ရင်း ဆည်းကပ်ရင်း

မြတ်နိုးရင်းတွယ်တာရင်း

မရှိခြင်း

မသိခြင်းဆိုတဲ့ ပစ္စက္ခ အရိပ်ကို

ချစ်လက်စ စိတ်ကလေးကဖုံးကွယ်

ပြုံးရယ်လို့ကြည်မွေ့ .. ..


အားလုံးကိုမေ့လျော့စေသည့်အရာ

ထာဝရနိဗ္ဗာန် လေးများပျောက်ဆုံး

အို အချစ် ဘယ်မှာပုန်းပြီလည်း

ခွေနုံးကာရင်ဟာလို့

ဝမ်းဗလာပြည့်ပါကြောင်းကို

အစာအိမ် အူဟောင်းလောင်းက

တောင်းခံတဲ့နေ့ .. ... ... ..


မောင်စိန်ဝင်း - ပုတီးကုန်း






No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ