ရွေးချယ်ကြည့်ရှုရန်
Monday, 27 February 2017
Sunday, 26 February 2017
Saturday, 25 February 2017
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၅
ငါ့ရဲ့ရင်ခုန်သံတွေကို
နာရီလေးနဲ့နှိုင်းရှင်ပြရရင်
စက္ကန့်တိုင်းမှာသတိရပြီး
နာရီတိုင်းမှာမင်းကိုလွမ်းနေပါ
တယ်လို့များငါပြောလိုက်ရင်မင်းငါ့ကို
အရမ်းအပိုတွေပြောနေတယ်လို့
များထင်သွားမလားချစ်သူ့¿?
ရင်ခုန်သံဆိုတာအရာဝတ္ထူ တစ်ခုလိုမမြင်နိုင်ပေမဲ့
တကယ်ကိုရင်ခုန်စွာရူးစွပ်ပြီးချစ်ခဲ့မိတဲ့လူတွေ
အဖို့တော့တကယ်ကိုရူးလောက်
အောင်ခံစားရပါတယ် ချစ်သူ
အလွမ်းဆိုတာ အလွမ်းခံရတဲ့လူကမသိ
နိုင်ပေမဲ့ လွမ်းနေရတဲ့လူကတော့ရင်ဘက်ထဲက
နှလုံးသားကိုအပ်နဲ့တစပ်စပ်ထိုးဖေါက်နေသလိုပါဘဲ
ချစ်သူ့
မာံဆာန်ဂကူ
SoeRainLwan
*********************************************
ခွင့်လွတ်နေမြဲ
ကျန်ရစ်သူလို့မဟစ်ရင်
ချန်ပစ်သူနင့်ကို
အပစ်မဆိုကြောင်းလွှင့်လို့
ငါ့နင့်ကို
ခွင့်လွှတ်ပါတယ်ချစ်သူ
လုံးချေပစ်ခဲ့တဲ့အသည်း
အရှုံးတွေထဲမှာနစ်
နင်အမုန်းမပြေရင်လည်း
ဟန်ဆောင်ပြီး
ပြုံးမနေပါနဲ့ချစ်သူ
အသုံးမကျတဲ့စရိုက်နဲ့
မာနနဲ့ယှဉ်မိုက်
အရိုးခိုက်အောင်
နာကျင်စေရယ်လို့
မြေနိမ့်ရာလှံစိုက်
နင့်ကိုငါ
ကျိန်စာမတိုက်ပါဘူးချစ်သူ့ ။
သူရဇ္ဇ
*********************************************
နွေဋီကာ
နွေရိပ်မှာခို
ဥသြကြိုတဲ့ဂိမာန်
အချိန်မတန်ခင်
လေပွေဝှေ့ လို့
ရော်ရွက်တွေကြွေနေ့စေ့
အပူငွေ့ ထပ်သမျှ
ရွက်လှတွေ
ကျိန်စာသင့်
နွေနဲ့ဖွင့်တဲ့ဒီတနှစ်
သက္ကရာဇ်တွေ
အကြွေနှေးခဲ့
ဖြေဆေးကူမဲ့
ဥသြဖွဲ့တဲ့အလွမ်းတေးနဲ့
လမ်းဘေးသစ်ကိုင်းတွေ
လွမ်းမုန်တိုင်းမိ
လေမထိနွေမထိနဲ့
ကြွေမိတဲ့မျက်ရည်
ရက်ရှည်စီးမျော
အလွမ်းနဲ့
နှီးနှောလိုက်တဲ့အခါ
နွေကန္တာဟာ
အဆတရာ့ ။
သူရဇ္ဇ
*********************************************
စေလိုရာစေ ၂
နာခံခဲ့သောအမိန့်
အဆိပ်တို့ဖိတ်စင်
မြင်လွှာကို
မပိတ်ချင်ပေမယ့်
သူစိတ်ငြိုငြင်မှာစိုး
ချူပ်ရိုးကာပိတ်
တိတ်တိတ်သာနေ
အသင်္ချေကမ္ဘာမြေအဆုံး
သူ စေလိုရာစေ
လက်ညှိုးညွန်ခိုင်း
အရှုံးတံတိုင်းနောက်မှာနေ
ခွန်းဟခြွေ
နေစေစွန့်ရင်လည်း
မနေ၀ံ့နေ၀ံ့
အခြေမတွန့်ဝံ့သူပါလေ
ကျန်နေချန်ထား
သူသွားရာမလိုက်ရဲ
သူထားရာနေ
သူ့အဖြေမစောင့်ပဲ
သူအကြွေစွန့်လို့
မနေစေချင်လည်း
သေရဲတဲ့သူပါလေ
အပူဗျာပွေ
ကျမျက်ရည်
ပင်လယ်ဝေနေလည်း
သူ စေလိုရာစေ့ ။
သူရဇ္ဇ
*********************************************
* မဲ့ *
ပြောချင်တာတွေပြောမထွက်သေးပါဘူး အပျိုစင်လေးရေ
တလှိုက်လှိုက်နဲ့ရင်မှာခုန်
သူမကြင်နာရင် ငိုမလို့တဲ့
နှလုံးသားကသံပတ်ပေး နာရီသံတွေနှိုးစက်မြည်
လှိုင်းတွေထနေတဲ့ ရွက်လှေပေါ့
စမ်းချောင်းလေးတွေမှာစီးဆင်း
မြစ်ငယ်လေးတွေမှာမျောရင်း ပင်လယ်ကြီးထံ ခရီးလွင့်
ညနေခင်းရဲ့ ငှက်ငယ်လေး
တကျီ ကျီ နဲ့အသံပေး သူ့နာမည်လေးထထမြည်
တေးသံကြူးနေဆဲ အသိုက်တွေပေါ့
စပါကလင်ရောင် ညီမျှ ချင်း နဲ့ ရနံ့သင်းလေသောသူရေ
ပူစီပေါင်းလိုအမြုတ်ကလေးတွေနဲ့
လေနီလေစိမ်းတွေကိုငြိမ်သက်ပေးပါ
တိတ်ဆိတ်ချင်းကို အလှဆင်ပါ
တကွက်စာကာတွန်းနဲ့ အဆိပ်ဟာဆာလွန်းခဲ့
ညဘက်ရောက်တိုင်း
လေလိုင်းထဲမှာအပေါင်းသင်းတတွေနဲ့ ဘောလုံးကန်
နှစ်ချို့သေရည်တခွက်ကြောင့် လျှာကျွမ်းပြန်ပေါ့
အမည်မသိသူအချင်းချင်း ဆွေမျိုးတွေတော်
ကိုယ့်အမကသူ့သက်ထားဖြစ်လိုက်
သူ့ညီမကကိုယ့်သက်ထားဖြစ်လိုက် အချစ်ငတ်နေသူပဲ
၁၅၀၀တန်ဖုန်းလေး လက်ထဲရောက်လာကတည်းက
သူ့ကိုလွမ်းတတ်လာပါတော့တယ်
အခမဲ့ အင်တာနက်လိုင်းတွေကနေ
သတိရစရာတွေ ပြောဖြစ်ကြ ခံစားချက်တွေဖွင့်ထုပ်ပြ
အိမ်ကအမေကိုသာ နေကောင်းရဲ့လား တခွန်းမမေးဖူးတာ
သူ့ကိုပို့နေကြမက်ဆေ့တွေကကျန်းမာရေးဂရုစိုက်ပါသားမိုက်ဂျ လေဘီလေ ဝါသနာအရ
လမ်းတွေပေါ် ခြေချ ခဲ့တယ်
အိမ်ကအဖေကိုတော့အားနာပါရဲ့
အမေ့ကိုသတိရတိုင်းလဲငါ ထမင်းဆာလာခဲ့
မာတာပိတုဂုဏ်တောအနန္တနောကညတိုင်းရွက်ဆိုလျက်ပေါ့
သီချင်းတွေကိုငါချစ်တယ်
ကြယ်တွေစုံတဲ့ညကို ငါမြတ်နိုးတယ်
ချောကလက်ရောင် ကော်ဖီကို ငါးကြော်နဲ့မြည်းရတာ
ငါသဘောကျတယ် တညနေလို့တခေါက်
သူမဆီကို အိပ်မက်တွေနဲ့ အတူငါရောက်တယ်
မျက်ရည်မခိုင်တတ်သူမို့ ဝတ္တု ဖတ်ဖြစ်တိုင်း နောက်ဆုံးစာမျက်နှာကို ငါလှန်တယ်
သဘောကောင်းသူ တယောက်မဟုတ်လို့
ဘေးပတ်ဝန်းကျင်အတင်းအဖျင်းတွေကို စီးကရက်ငွေ့လို
ငါမှုတ်ထုပ်တယ်
သြကာသလောကသားတွေအတွက်တဲ့
စံပယ်ပန်းလေးတွေ ဖြူ စင်သင်းပျံ နေတုန်းပဲလား
ဒီဇာတ်လမ်းကို ဒီမှာတခန်းရပ်လို့ အိပ်မက်တွေ မျက်နှာဖုံးချုပ် ခဲ့ပြီလေ
ထာဝရမေတ္တာရှင်ရဲ့အလင်းရောင်နဲ့အတူ
မေတ္တာရှင်မလေး လရိပ်ကလေးလို အေးပါစေ ။
Phyur.../\/*L့
*********************************************
*နွေ မျက်ရည်*
ပွင့်နေပြီပေါ့ လက်ပံပွင့်တွေ
နွေရောက်ပြီတဲ့ သက်သေပြနေ
ဝေဒနာတွေ မဖြေသာဘူး...
လေရူးလေပွေ တိုက်ခက်မြူးတော့
ရက်စက်ခဲ့သော ချစ်ဦးသူရေ
နွေရောက်လေတိုင်း လွမ်းနေမိတယ်...
ရော်ရွက်ဝါတွေ မြေမှာကြွေလို့
ငါ့အသည်းတွေ ကြွေခဲ့ရတာ
နွေကာလမို့ နွေကိုမုန်းတယ်...
ပြုံးသူကနိုင် ရှုံးသူမှိုင်လို့
နှလုံးသားကို ဈာပနသွင်း
ငါရင်တွင်းမှာ မြစ်တစ်စင်းက
မျက်ရည်စက်တွေ စီးဆင်းနေပေါ့...
တစ်ကောင်ဘွား(ဓာတ်တော်)
*********************************************
နွေ သို့မှာတမ်း
ရော်ရွက်တွေညို
ဥသြပျို
အဖော်ရှာမတွေ့သည်အထိ
ကြွေမြေ့ဆွေးခြောက်
ရေတပေါက်မကျအောင်
ပူချင်သလောက်သာ
ပူလိုက်စမ်းပါနွေ
လေဝှေ့ လို့မကြွေ
မြေငွေ့ တို့မဝေလည်း
နွေသင့်လို့အခြေညိုး
ကံဆိုးသူအသည်း
နွေထဲမှာရပ်
လွမ်းမောတက်အောင်
ရမ္မက်နဲ့ဆောင်သွင်း
ပူပြင်းသည့်ဒဏ်
လူးလိမ့်ခံခက်
ကံဇာတ်ရယ်ညှင်း
လွမ်းချင်းတွေထပ်လို့
နွေရက်တွေရှည်ကြာ
ကြေငြာအားနည်း
ဥသြလည်းငါ့လို
ဘ၀မစို
အလိုမကျသည်မို့
ကိုယ်ကတမ်းသော်လည်း
နွေလမ်းတွေ
လှမ်းလျှောက်မဆုံးလို့
အလွမ်းနောက်ဆုံး
နိဂုံးမချူပ်သာလေပြီ့ ။
သူရဇ္ဇ
********************************************
* ယုံပါ ဧဒင် *
မနက်ခင်းတိုင်း
ကိုယ်မျှော်နေတတ်သူတယောက်အကြောင်း
နံနက်ခင်းဟာ
ကော်ဖီတခွက်နဲ့ ထမင်းကြော်တပွဲ
ကြိုက်တတ်သူလေးနဲ့စတယ်
လေးနက်လှတယ်ကွယ်
ချိုစိမ့်မကြိုက်တဲ့ မင်းအကြည့်လေးတွေက
ခါးသက်လွန်းပါတယ်
ဆီမပါတဲ့ဘဝတွေ
အဆင်မပြေတဲ့ အကြောင်းကိုတော့
တကူးတကမပြောတော့ပါဘူး
ပွဲလန့်တုန်း ဖျာဝင်ခင်းမဲ့ သူတွေထဲမှာ
အရံသရုပ်ဆောင်တွေပါဝင်ခွင့်မရှိဘူးလေ
ကြိုးဆွဲရာကို လိပ်ပြာသန့်သန့်လေးသာကလိုက်ပါ
ဧဒင်ဟာ မင်းအပြုံးတခုနဲ့တင်လှနေမှာကိုယုံပါ
Phyur.../\/*L့
*********************************************
* အဖြူ အစိမ်းနဲ့ ကောင်မလေး *
အဖြူ အစိမ်းနဲ့ ကောင်မလေးရေ
ကိုယ်ဟာ
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကပါ
တွက်မရတဲ့ ပုစ္ဆာတပုဒ်နဲ့
မင်းနှုတ်ခမ်းပါးလေးတွေကို
လက်ချ မှားနေသူပေါ့
ကုတ်ရာချက်ရာတွေနဲ့ ကိုယ့်ကို
ကျောင်းလွယ်အိတ်ထဲက
မနှင်ထုတ်ပါနဲ့ကွာ
တကယ်ဆိုရင်
မင်းပြုံးလေးတွေနဲ့
ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်စေချင်တာ
အဖြူ အစိမ်းနဲ့
ကောင်မလေးက သိပေးပါ
Phyur.../\/*L့
*********************************************
ရင်တွင်း မေ
မေ့ဖို့အရေး
မတွေးစေလို
ချစ်သူအငိုမမြင်ဝံ့
ရင်နင့်အောင်မြတ်နိုး
ရိုးသားစွာချစ်ခဲ့သူပါမေ
သောကစေတဲ့
စိတ်တေလေ
မှိတ်လေလေ
မေ့မယ်အထင်နဲ့တော့
မေ့ရင်ခွင်နဲ့အဝေး
ထွက်ပြေးစေဖို့
တွန်းအားမပေးပါနဲ့လားမေ
မေ့လိုရင်မေ့
မတွေ့လိုရင်ရှောင်ထွက်
မေမနှစ်သက်တော့ရင်လည်း
ချစ်လျက်အမေ့ခံဖို့
ငါ့မာန်တွေဖြိုချ
မေအလိုမကျလို့
ငိုရသည်ထား
အပစ်စကားမဆို
မေသွားလိုရာ
သွားပါမေ့ ။
သူရဇ္ဇ
*********************************************
ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။ ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံ မှ စီစဉ်တင်ဆက်နေတဲ့ ကဗျာဂျာနယ်လေးမှာ ကဗျာတွေ ရေးသားပေးပို့ချင်တဲ့ ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကဗျာများကို ပေးပို့ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ် 09-256480246 သို့ လိပ်မူ၍ ရေးသားပေးပို့နိုင်ပါသည်။
ကဗျာဂျာနယ်အစီအစဉ်လေးကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မျက်မမြင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ နှင့် ပရဟိတဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော မြန်မာလူငယ်ပရဟိတအသင်းသို့ တတ်အားသ၍ ပါဝင်လှူဒါန်းလိုပါက ဖုန်းနံပါတ် 09962385542 သို့ ဆက်သွယ်၍ သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။
Sunday, 19 February 2017
Tuesday, 14 February 2017
အို....အချစ်
အို...အချစ်
အချစ်ရဲ့ခြေရင်းမှာ
သေခြင်းတရား မေ့ထားတယ် ... ...
လမိုက်ညရဲ့ငွေလ
ထာဝရအလင်းတန်း
ဘဝရဲ့ စမ်းအိုင်လေးသဖွယ်.. ...
ကိုးကွယ်ရင်း ဆည်းကပ်ရင်း
မြတ်နိုးရင်းတွယ်တာရင်း
မရှိခြင်း
မသိခြင်းဆိုတဲ့ ပစ္စက္ခ အရိပ်ကို
ချစ်လက်စ စိတ်ကလေးကဖုံးကွယ်
ပြုံးရယ်လို့ကြည်မွေ့ .. ..
အားလုံးကိုမေ့လျော့စေသည့်အရာ
ထာဝရနိဗ္ဗာန် လေးများပျောက်ဆုံး
အို အချစ် ဘယ်မှာပုန်းပြီလည်း
ခွေနုံးကာရင်ဟာလို့
ဝမ်းဗလာပြည့်ပါကြောင်းကို
အစာအိမ် အူဟောင်းလောင်းက
တောင်းခံတဲ့နေ့ .. ... ... ..
မောင်စိန်ဝင်း - ပုတီးကုန်း
Saturday, 11 February 2017
ချစ်သူသို့ ၁
ချစ်ရတဲ့ချစ်သူလေးရေ..
Online မှ ဆုံတွေ့ခဲ့ရပေမဲ့ ကိုယ်တို့တွေ တကယ်ချစ်ခဲ့ကြတယ်နော်။
တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှု လေးတွေနဲ့ ကိုယ်တို့ ချစ်ခြင်းလေးကို တည်ဆောက်ခဲ့ကြတယ်။
ကိုယ်တို့နှစ်ယောက်ကြားက အခက်အခဲတွေ အတိုက်အခိုက်တွေမှန်သမျှကို အတူလက်တွဲကျော်ဖြတ်ပြီး ကိုယ်တို့စိတ်ကူးလေးတွေထဲ အတူတူ တည်ဆောက်ခဲ့တဲ့ အချစ်နိဗ္ဗန်လေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ကြိုးစားကြရအောင်။
ကိုယ်တို့ ရည်မှန်းချက်လေးတွေ ကို ဘယ်လိုအကြောင်းပြချက် နဲ့မှ အပျက်စီးမခံနိုင်ဘူး။
တစ်နေ့အတူပေါင်းဖက်ကြမယ်ဆိုတာကိုယုံကြည်မှုတွေရှိနေကြတဲ့ကိုယ်တို့နှစ်ယောက် ရဲ့ အနာဂတ်လေးသာယာမှာပါ။
ချစ်လေးကိုအရမ်းချစ်တဲ့
(ချစ်လေးအရမ်းချစ်တဲ့)
မောင်
Thursday, 9 February 2017
ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၎
* ကုစားခွင့်မရှိသော နာရီများ *
မျှော်လင့်ချက်တွေကုန်ဆုံးတော့မဲ့လူပါ
အိပ်မက်တွေခမ်းနားဖို့ဆိုတာမရေရာမသေချာတော့တဲ့
အိပ်မက်တခုလိုပါပဲ
ကြယ်တွေစုံတယ်
ကြယ်တွေကြွေတယ်
စကြာဝဠာကို မေးငေါ့တယ်
ဒါအရွဲ့တိုက်တာလားလို့မေးတော့
မချိ ပြုံးလေးပြုံးပြတော့တာပဲ
အခုဒီကဗျာကို
ညမှောင်မှောင်မီးရောင်အောက်မှာ
လမ်းလျှောက်ရင်းရေးတယ်
ဝေလရဲ့လူဖြစ်ခွင့်ပေးပါဆိုတဲ့ သီချင်းက
ငါ့ရင်ခွင်မှာ အိပ်စက်တယ်
ပတ်ဝန်းကျင်ကို နားကြပ်တပ်လို့လွတ်မြောက်ခွင့်ပေးတယ်
ကြယ်တွေစုံတဲ့ညကိုမလိုချင်ဘူး
တပွင့်တည်းသောကြယ်ကလေးလင်းလက်မဲ့အချိန်ကိုပဲတမ်းတတယ်
လမင်းကြီးလဲ တခြမ်းပဲ့လို့ ရင်တွေပူတယ်
ရေ ...
ရေ ...
ရေ ...
ငါ့ကို ရေပေးပါ
ကောင်းလိုက်တဲ့ အရသာ
င့ါရင်ထဲမှာ နွေးထွေးလို့ ဆောင်းရာသီကို အေးမြစေတယ်
ခံစားချက်နဲ့မတိုက်ဆိုင်
မြူးကြွတဲ့ သီချင်းတွေနားထောင်မိလဲ
မင်းကတော့ အမြဲလိုလို ဝင်ရောက်လာတယ်
ငါ့နှလုံးသားထဲ
မျက်ဝန်းနက်နက်တွေထဲ လိပ်ပြာလေးတွေပျံ ဝဲ
မင်းနဲ့ဝေးမလားလို့ လမ်းလျှောက်တယ် ခက်တယ်ဟာ
ငါရပ်မိနေတဲ့ အရိပ်ဟာ မင်းပဲဖြစ်ဖြစ်နေတယ်
ဆောင်းနှင်းစက်လေးတွေအေးမြပေမဲ့
မင်းစိတ်ကလေးနဲ့ နွေးထွေးပါတယ်
အချိန်ရထားကြီးကအချိန်မှန်မှန်ပဲဆိုက်ရောက်လာပါတယ်
ခရီးသွားခါနီးမှ လက်မှတ်ကျ ပျောက်ရတာကိုမုန်းတယ်
သစ်ရွက်ကလေးတွေက
မျက်စိတမှိတ်အတွင်းမှာပဲရာသီပြောင်းတယ်
ဒီလိုနဲ့
တဘူတာဆိုက်ရောက်ရပြန်ပေါ့
အနားယူမဲ့စိတ်တွေက သူမရှိရာသို့ ဦးတည်လျက်
ဗြုန်းကနဲ မိုးသီးပေါက်တွေကြွေကျတယ်
အိုကေ
အတိတ်ကိုပြန်သွားမယ်
ပစ္စည်းဟောင်းတွေရမယ်
ပစ္စည်းဟောင်းတွေရမယ်
လေလံပစ်နေတဲ့ ပစ္စည်းတွေကြားမှာ ရွှေစင်ရုပ်ထုကိုတွေ့တယ်
စခေါ်ကြေးတထောင်တဲ့
ရောရောင်ကာလက်ထောင်ပြမိတော့
ကိုယ့်နောက်က သူစိမ်းကရွှေစင်ကိုရွှေအတိပြီးစေတယ်
ဒီလိုနဲ့ ဒီနှစ်အကယ်ဒမီကိုကိုယ်လွဲခဲ့ဖူးပြီ
ရွှေရုပ်ကလေးရယ် ဘိုင့်ဘိုင်ပေါ့
Phyur.../\/*L့
*********************************************
* ပင်မြင့်ထက်က နွမ်းလျ ပန်း *
အပင်မြင့်လေ လေတိုက်လေတဲ့
ဟန်နီ
တကယ်လဲတိုက်ခဲ့ပါတယ်
ကောင်းသတင်းနဲ့တော့မဟုတ်
ဒီသစ်ပင်ကြီးက
မကောင်းသတင်းနဲ့
အရပ်ထဲမှာမြင့်မားနေခဲ့တာပါ
လေတွေလဲအရမ်းကိုတိုက်ခဲ့တာပေါ့
ဒါကြောင့်မို့လားမသိဘူး
ကိုယ်အနွှေးထည်ထူထူလေးဝတ်ထားရတယ်
ဒါတောင် တိုက်ခက်မှုတွေက
မရပ်မနားပြင်းထန်နေဆဲပဲ
နဂိုကတည်းကပင်
အေးစက်နေတဲ့နှလုံးသားဟာ
နှစ်ထပ်ကွမ်းအနာတရဖြစ်လို့
ကာရိုက်တာများတဲ့မင်းသားပေါ့
ဟန်နီရယ်
ဘယ်ဇာတ်ဝင်ခန်းမှာပဲဖြစ်ဖြစ်ကိုယ်သရုပ်ဆောင်တတ်ပါတယ်
အမေ့ခံပြက်လုံးများနဲ့
ရာစုသစ်ကိုသိမ်းပိုက်မယ်ဆိုတဲ့စိတ်မှာ
သစ်ရွက်နုနုလေးတွေကြွေဖြစ်အောင်ကြွေသွားသေးတယ်
ကိုယ်ယူကြုံးမရဘူးကွယ်
ဘယ်သူခုပ်ခုပ် မတုန်လှုပ်တဲ့ သစ်အရုပ်
ဘယ်သူတက်တက် အခင်မင်မပျက်တဲ့ သစ်ပင်
အခုတော့ ပုဆိန်လိုထက်တဲ့
သူ့စကားသံတွေထဲမှာ ဆန့်ငင်ဆန့်ငင်နဲ့တဲ့
အရှင်ရုက္ခစိုးနတ်မင်းကြီးရယ်
ကျွန်တော့ မိန်းကလေးကို ဗွေမယူပါနဲ့
အချစ်ရဲ့ပြယုဂ်ကို သရုပ်ဖော်ဖို့မတတ်တဲ့အတွက်
ကျွန်တော့မှာသာအပြစ်ရှိခဲ့ပါတယ်
ကျိုးခဲ့ရပြီလေ
အပင်မြင့်လေ လေတိုက်လေတဲ့
နှုတ်ဆက်ခဲ့ပါပြီ
ပင်မြင့်ထက်ကပန်းတပွင့်လဲ သစ်ရွက်လေးတွေနဲ့ရောရောင်ကာကြွေ
ဒါပေမဲ့ဟန်နီရေ
အကြွေလှလောက်အောင်
မြေမခခဲ့ပေမဲ့
သင်နင်းလျှောက်မဲ့ ခြေလှမ်း
ခြေဖဝါးအောက်က နွမ်းလျနေတဲ့ပန်း
ပန်းလေးလဲရနံ့နဲ့ပဲဝေတာပါ အချစ်ရယ်
မနမ်းထိုက်ချင်တောင်
လှပစွာ ခြွေသင့်တယ်ကွယ်
Phyur.../\/*L့
*********************************************
* နွေ ပုံပြင် နဲ့ ဒွါရာဝတီ *
ကံ့ကော်ပန်းလေးတွေ လန်းပါစေ
ဥသြပျော်ချိန်
ပိတောက်တွေ ဝါလို့ဖွေးတာ
လရိပ်အေးအေးလေးမှာပေါ့
ဒွါရာဝတီ သို့ သံတွဲမြို့ ။
ဒွါရာဝတီ လေးမည်တွင်သတဲ့
တောင်တံခါး နဲ့ မြို့ရှင်ပျံ
အာကာဝယ်ဆန်တက်ပါတယ်
မသေသောမြို့ရဲ့ သမိုင်းမှန်
ဂုဏ်ယူရပါတဲ့ ဒို့မြို့ကို
အလည်တခေါက်တော့
အရောက်လာ
ဖိတ်ခေါ်တာ ခင်လို့မင်လို့
အအေးဆိုင်တူတူထိုင်
မုန့်လေးတွေတူတူစား
ကျောင်းများလဲ ပိတ်လို့နော်
တူယှဉ်တွဲ နွှဲပျော်ကြတာ
ရေကစားပွဲတော်
ဗျာဒိတ်ရ ဘုရားသုံးဆူနဲ့
ဆံ အံ နံ ဓာတ်တော်စစ်တွေက
ကွန့်မြူးကာတောက်ပ
ဆုတောင်းလဲပြည့်ကြသတဲ့
တနေ့တော့ရောက်အောင်လာ
မြို့ဒွါရာရဲ့ ဇလွန်နယ်ထဲမှာ
ရဟန္တာမြတ်နှစ်ပါးလဲဖူးကြမယ်
အလှူ့ မင်္ဂလာ ကျောင်းဒကာ
စတုဒီသာနဲ့
မိတ်ရင်းဆွေတသင်းမခွဲခြား
သူစိမ်းလဲမထား
စားပါလို့ဖိတ်ခေါ် လှည့်
ရခိုင်မုန့်တီဟင်းခါးရည်လေးနဲ့
ပျော်ပျော်ပါးပါး
တေးချင်းများလဲဆိုကြ
အပန်းဖြေ လေညင်းခံ
ဘောလုံးကန် အပေါင်းသင်းတွေနဲ့
ငပလီမှာ အုန်းရည်သောက်
သဲဖြူ ဖြူ ကမ်းစပ်ပေါ်
ကျန်းမာအောင်လမ်းလေးပါလျှောက်
လှိုင်းပြာရေတွန့် နဲ့ ပင်လယ်မှာ
ခရုခွံလဲကောက်
ရေသူမရုပ်နဘေး
မောင်နဲ့မယ် ပိုစ့်အပြိုင်ပေးလို့
အမှတ်တရ ဓာတ်ပုံက
ငပလီအင်္ကျီလေးနဲ့
လှေစီးကာလျှောက်လည်ကြမယ်
အချစ်ရယ် သဲဖြူ ကျွန်းတခေါက် ။
အိမ်အပြန် ရခိုင်လက်ဆောင်နဲ့
အမြန်ရောက်ပါတဲ့
ရွှေဧည့်သည်
အဝေးပြေးအိတ်စ်ပတ်နဲ့
လေဆိပ်လဲရှိတယ်
မနှေးကွယ် အရောက်သာလာလို့
အပြေးတမယ် သွားလည်ပတ်ရအောင်
အဆွေတို့ရယ် လှမ်းခဲ့လိုက်စမ်း။
မျက်ရည်
*********************************************
* စိတ်ဖြေတေး *
မင်းနှုတ်ခမ်းလေးတွေကောက်
မောင့်အသဲလမ်းတလျှောက်
စိုးထိတ်ကာအောင့်
မင်းကြောင့် မင်းကြောင့်
အချစ်လူဆိုးမလေး
အနားနားမှာ ကပ်ကာချွဲ
အသဲထဲ သိမ့်သိမ့်တုန်
ရင်ခုန်အောင် ပြု စား
စကားတခွန်းမှားယွင်းစွာ
ထွက်ခွာတဲ့ နှုတ်ခမ်း
ခင့်ပါးကို မနမ်းရသတဲ့
အပ်နဲ့ချည် ချုပ်ပါလို့
မောင့်စိတ်တွေ ထိမ်းမရအောင်
(အိုအချစ်ရယ် )
လုပ်ရက်လေ တအား ။
မျက်ရည်
*********************************************
* မယ်မယ့် မျက်ရည် *
ကလေးအတွေးသေးသေးမှာဆို
မေမေကို လုပ်ကျွေးမယ်
သားငယ် တီတီတာ
စကားမပီကလာ ပီကလာနဲ့
တဖြည်းဖြည်းကြီးတော့ လူစွာ။
အတောင်စုံ အစွယ်ပေါက်
အရွယ်ရောက်ပါတဲ့
လမ်းလျှောက်မဲ့ ငှက်ငယ်မှာ
ငယ်ငယ်က တီတီတာ
စကားတွေဘယ်မှာလဲ
ကြင်ယာပါဆွေတသင်းနဲ့
ဇနီးမိုက်အမြင်မှာ
ရှက်စရာဖြစ်သည်မို့
လူအလိမ္မာ မေတ္တာပျက်ပြီကွဲ့
ဆံပင်ဖြူ သွားတွေကျိုး
ပါးရေတွန့်လာ လက်မောင်းမှာ
လျော့ကာတွဲတဲ့
ခါးကိုင်းကိုင်း ဇရာပြို မှာ
တောင်ဝှေးကိုအဖော်ပြု ပါတဲ့
လူအိုရုံ
ကုန်းကာလှမ်းရတယ် မယ်မယ့်မှာလေကျမျက်ရည်ရွဲ ။
မျက်ရည်
*********************************************
* သိစေချင်တယ် *
လမ်းရှိနေသေးသရွေ့ တို့တတွေ
လျှောက်နေရဦးမှာပါ ဟန်နီ
ခရီးများမဆုံးသေး
သွေးအေးနေပြီတဲ့လား
ဟိုးအဝေးဆုံးကို ဆန်တက်
ပျံ သန်းရာ ငှက်တို့ က
အနားမယူ
ခရီးတူချင်သတဲ့
ဟန်နီရယ်
မင်းသဘောထားဘယ်လိုကွယ်
အတွေးနှယ် ရင်မော
တသက်ရယ်တမိုးအောက်
ရောက်ချင်စိတ်စော ။
မျက်ရည်
*********************************************
* ဧကရီ သို့ *
နာရီသံတွေ မြည်နေပြီ ခင်ရယ်
ဘယ်ရပ်ဌာနီ ဘယ်ဆီမျှော်မှန်း
တမ်းတရပါပေ့
အသက်ရှုသံတွေ မောတယ်
အတွေးထဲမြင်
ကိုယ့်စိတ်ထင်က
ပူပင်စိုးထိတ်
အိပ်မရပါဘူးကွယ်
မျှော်နေသူရင်တွေကွဲ
တိမ်တိုက်တို့ပြို လဲ တော့
ငို ငို ငို မိပေါ့ ရင်ထဲ
မင်းလဲသိစေချင်တယ်
ပြန်ခဲ့ပါ ခိုနားရာအရပ်
နှလုံးသား ဗိဗ္မာန်သို့
ကြို ဆိုဖို့
နန်းတင်ပွဲနဲ့စောင့်နေတယ်
နန်းစံလှည့်ကွယ် ။
မျက်ရည်
*********************************************
စွန်ကလေ့း့  သို့
ခြေခြေမျစ်မျစ်
နှစ်နှစ်ကာကာငါလွမ်းပါတယ်
စွန်ကလေးရယ့့် 
လေပေါ်မှာပျော်တာမဆန်းပေမယ့်
ငါလိုက်ရှာပါရစေ
ကုန်လွန်တဲ့အလွမ်းညတွေမှာ
မင်းကိုပဲတမ်းတသူပါ
တနယ်တကျေး
ဝေးမြေရပ်ခြားမှာ
ဘဝမြှားပစ်ချိန်
အားမာန်ဟုန်လေသွေး
အနတ္တရဲ့ဘေးမှာ
ငါ့ပခုံးတဖက်
မင်းအတွက်သပ်သပ်
ရှိနေသူစွန်ကလေးရယ်
ကြားနေကျဖုန်းသံလေး
ရုတ်တရက်ပြတ်တောက်လို့
သောကထမ်းခရောင်းလမ်းမှာ
မငိုကြွေးပဲ
မျက်ရည်ကျမိသူပါ
လွမ်းတယ်စွန်ကလေးရယ်
massageအဟောင်းတွေထိုင်ဖတ်ရင်း
ငါ့အလွမ်းတွေနှစ်သိမ့်
ဒီညလည်း
ငါကြိုးစားပြီးအိပ်စက်ရဦးမယ်
ချစ်ရတဲ့စွန်လေးရယ့့် ။
သူရဇ္ဇ
*********************************************
*** တ ***
စံပယ်တွေပွင့်နေတဲ့သည်မနက်ခင်းမှာ
သနပ်ခါးနံ့သင်းသင်းကိုတောင်းတမိတယ်...
အလင်းရောင်ကြောက်တဲ့ သူရဲတစ်ကောင်က
ငွေလမင်းကြီးကိုမုန်းသတဲ့.....
ကျကွဲသွားတဲ့စိတ်ကူးကြွေအိုးလေးထဲ
အချစ်ဆိုတဲ့အရာတွေပါသွားခဲ့တယ်......
အထင်သေးရှုံ့ချမနေနဲ့လေ
နံနက်နေရောင်ခြည်သာရှူရှိုက်လိုက်...
အိမ်မက်သစ်ပင်ပါစိုက်လိုက်လေ
အာရုဏ်တိုင်းမှာကြည်နူးမှု့အပြည့်ရလိမ့်မယ်...
စံပယ်လေးတွေလေထဲလွင့်လာပြီ
သြော်...ခက်ရချည်ရဲ့..
သနပ်ခါးနံ့သင်းသင်းကိုတောင်းတနေမိတယ်..။ ။
ကွဲရှတတ်တဲ့နှလုံးသားကို
အက်ကြောင်းပေးသံဇဉ်တစ်ပုဒ်
အော်ဟစ်ရွတ်လိုက်ပါ...
တစ်ခါတစ်ခါမဟုတ်တဲ့
အသက်ရှူသံတွေထဲမှာအလွမ်းတွေထည့်ထား...
တိတ်ဆိတ်တဲ့ညယံရယ်
သောင်စပ်ဖွေးဖွေးရယ်
လမင်းကြီးတစ်စင်းရယ်
ဒီလိုလေးပါ....
ရင်ခုန်သံတွေကို မညာကြေး လို့...။ ။
တချိန်က ကုမုဒြာ
*********************************************
အလင်းနှစ်တွေခိုစီးတဲ့ကျားတစ်ကောင်နိုးလာပြီ
ခံစားချက်တွေထဲမှာသွေးရဲရဲနှလုံးတစ်စုံနဲ့
သေလုမြောပါးခံစားရတဲ့အချစ်
ငှက်ခါးမနားမိစေနဲ့
ကျည်ဖောက်တဲ့အရိုးစတွေထဲ
ထူပူမှု့တွေ လွမ်းဆွေးမှု့တွေကတစ်ပုံတစ်ပင်
ငါ့ရဲ့ကျောရိုးတစ်လျောက်နာကျင်နေတယ်
ကျားကြီးတစ်ကောင်မှာလည်း
ရိုးတွင်းချဉ်ဆီကထွက်တဲ့မျက်ရည်တွေအများသား
တစ်နေ့ကြရင်လကမ္ဘာထဲဟန်းနီးမွန်းထွက်မတဲ့
ပျက်ပြယ်ခဲ့တယ်..ပျက်ပြယ်သွားတယ်
အလင်းနှစ်တွေကိုတရစ်ရစ်နဲ့ဖဲ့စားနိုးတဲ့ကျားနာတစ်ကောင်...။ ။
တချိန်က ကုမုဒြာ
*********************************************
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲဗျ ။ ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၄ မှာပါဝင်ရေးသားသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။
စာဖတ်ပရိသတ်ကြီးမှကဗျာများကို ပေးပို့လိုပါက Viberဖုန်းနံပါတ် 09256480246 (ယာယီ)သို့ ဆက်သွယ်ပေးပို့ပါဝင်နိုင်ပါတယ်ခင်ဗျာ။
အောင်မြင့်မြတ်(Myanmar Youths)