Friday, 29 April 2016

ငယ်ချစ်ဦးသို့ လွမ်းစာစီ

နှစ်လကြာညောင်း ရာသီပြောင်းလဲ
မဟောင်းမေတ္တာ နှောင်းသစ္စာနှင့်
မပြောင်းလဲဘူး ချစ်ဦးသူရယ်...
ဘဝပင်လယ် ရွက်လှေငယ်နဲ့
လှော်ခက်နေရ ဘဝပေမို့
လက်ပြနှုတ်ဆက် ထွက်ခွါခဲ့တာ
မချစ်တော့လို့ မဟုတ်ပါ....
ကံမကုန်လို့ ပြန်ဆုံတနေ့
ရင်ခုန်သေးရင် သံယောဇဉ်
အကြင်နာ အကြည့်တွေ
ရင်မှာရှိနေတာမို့ ခိုလှုံလှည့်ပါ
ရင်မှာချစ်ဖူး ငယ်ချစ်ဦးရယ်..,
                      တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ