Sunday, 24 April 2016

ချစ်ကြွေးမကျေ

ချစ်ကြွေးမကျေ


အလွမ်းဆုပန်မယ့်
ပန်းတခိုင်ကိုပွေ့
မြင်လွှာရွေ့သမျှ
နေ့ညတွေတိုင်းရဲ့
အလွမ်းရက်တွေကို
မြတ်ဘုရားထံ
ပန်းကပ်လို့လှူ
မတူညီမျှလို့လွဲခဲ့သမျှ
ဆည်းလည်းသံကို
နာခံတက်စေ
အသက်မသေသ၍
အပစ်ပေးနေတဲ့
အချစ်ကြွေးတွေလည်းကျေပါစေ
နှောင်းအဖြစ်ကိုလွဲ
ဝေဒနာခဲထားတဲ့
ဒဏ်ရာထက်က
မျက်ရည်စက်တွေလည်းနွေမှာသည်းတဲ့
မိုးရေနဲ့မျောစေ
မမောလေသော
နှုတ်ဖျားထက်က
တမ်းတသံတွေလည်း
နွေထဲမှာရပ်
လေဝှေ့တချက်တဲ့
ပျက်ပြယ်စေ
အမြက်ရယ်မပြေ
ကျိန်စာခြွေသော
သူ့အမုန်းမျက်တွေ
အဆုံးသတ်စေဖို့
အပြုံးခက်မဝေ
အသင့်ခြွေသော
အနမ်းတုခံ
နှုတ်ဖျားထက်မှာ
အလွမ်းဆုပန်
ပန်းတွေလည်း
ပွင့်ပါစေ့။



        သူရဇ္ဇ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ