Friday, 22 April 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၈၀

စွဲလမ်းသူလွမ်းစေ

အချစ်တခုကို
ဖွင့်ဆိုပုံမှား
ခံစားချက်မမှန်
ဒဏ်ရာတွေက
နေရာတကျမရှိ
သတိလွတ်ခဲ့တဲ့
အစွန်းရောက်
ငါ့ချစ်ခြင်းက
တဦးတယောက်ကို
လွမ်းစေသတဲ့လား
ဆုံတွေ့ရဖို့
မျှော်လင့်မိတာ
နင့်ကိုပါချစ်သူ
ချန်ပစ်ခဲ့လည်း
မမုန်းမမေ့ဆက်၍
ချစ်နေမိတာလည်း
နင့်ကိုပါပဲချစ်သူ
အကြင်နာတရက်ထက်
အစဉ်လာမပြတ်
သတိရနေခဲ့တာလည်း
နင့်ကိုပါပဲချစ်သူ
တခါတလေ
စိတ်ထွေပြားလို့
အိပ်နေရာကထ
ခဏခဏ
မျက်ရည်ကျခဲ့ရတာလဲ
နင့်ကိုမေ့မရတဲ့
စိတ်ကြောင့်ပါချစ်သူ
နင်ဝမ်းသာဖို့
ငါငိုပေးရ
နင်အဆင်ပြေဖို့
အသင်္ချေဝေးတဲ့
နယ်မြေသစ်မှာ
တစစ်စစ်နာတဲ့
ဒဏ်ရာတချက်နဲ့
ကံကြမ္မာ
မျက်နှာသာပေးတာက
စွဲလမ်းသူ
လွမ်းစေသတဲ့လားဟာ့။

       သူရဇ္ဇ
=================================
ပျော်စေ

တဖက်သတ်အမိန့်နဲ့
မျက်ရည်ကိုဖိတ်
တိတ်တဆိတ်စီးတဲ့
မျက်ရည်မြစ်မှာ
ငါ့ကိုနစ်စေ
အချစ်တွေပေါတဲ့
နင့်ဘဝလည်း
ငါ့လိုမဖြစ်ပါစေနဲ့
လိုအင်တွေပြည့်လို့
ငါ့ကိုနင်ပစ်
အချစ်သစ်နဲ့
ဘဝကိုတစ်ကစ
နှစ်လများစွာ
ငါခံစားရသလို
နင်လည်းငါ့လိုမဖြစ်
အလွမ်းတွေ
ကင်းရှင်းပါစေ
ရှိုက်သံကြွေ
မျက်ရည်တစက်နဲ့
လွမ်းရက်ကိုရှည်စေ
ပေတေတေ
လူတယောက်ဖြစ်
လွမ်းတေးကိုဟစ်နေ
ချစ်သူရေ့
ခေါ်သံမကြားလည်း
နင့်အနားမှာ
ရယ်သံတွေ
ဖုံးလွှမ်းနေပါစေ
ဆုံးခန်မတိုင်တဲ့
အလွမ်းတွေကြား
နင်ထားတဲ့အတိုင်းငါနေ
ကဗျာတွေဖွဲ့
ငါနေတဲ့အရပ်မှာ
တသက်တာ
မှောင်နေစေဦး
ရယ်ပြုံးနေတဲ့
နင့်ဘဝမှာ
နေမင်းကြီးထာဝရ
လင်းနိုင်ပါစေဟာ့။

         သူရဇ္ဇ
=================================
ချစ်သူ့သို့ပေးစာ

အဝေးတနေရာ
ရေမြေခြားတဖက်မှာ
တပါတ်တခါဖုန်းဆက်
ရုန်းထွက်မရတဲ့
လောကဓံကြားမှာ
ဂရုစိုက်ပါနော့်လို့
ချစ်သူပြောသံလေးနဲ့
ဝေဒနာကြား
ပြုံးရိပ်များထင်ဟပ်
အကြင်နာမပြတ်
အထပ်ထပ်နှောင်ထုံး
အမှောင်ဆုံးလမ်းတွေ
လျှောက်ရပါစေ
ချစ်သူခြွေတဲ့
အလင်းတစက်နဲ့
လမ်းမှတ်တိုင်ကို
မြင်သာခဲ့ပြီ
အနေကွာပေမယ့်
ဖြေစရာနင့်အပြုံးရှိ
အလှမ်းဝေးပေမယ့်
အနမ်းလေးတချက်
ပါးထက်မှာရှိ
ယူဇနာခြားလို့
လူမလာအားလည်း
လေလှိုင်းလေးကြားက
စိုးရိမ်စကားနဲ့
တိုးတိုးမေးချင်တယ်
ချစ်သူ
နေလိုမှကောင်းရဲ့လားကွယ့်။

       သူရဇ္စ
=================================
* ဘဝတွေခြားပေမဲ့ *

တစ္ဆေခြောက်ခံရတဲ့
ညတွေလား
မခန့်မှန်းတတ်တော့ ဘူး
နာရီသံတွေမြန်နေပြီ
အိပ်မက်တွေလဲပြန်နေပြီ

ပန်းတပွင့်နဲ့လမ်းခင်းမဲ့
ကဝေအို တယောက်
အိပ်မက်တွေလာလာ
ခြောက်နေခဲ့တာ
ညဟာသံစုံမြည်နေခဲ့

ထိုနေ့က ဘဝတခုလုံး
မှောင်မိုက်နေခဲ့တာ
ကြယ်ရောင်တပွင့်နှစ်ပွင့်နဲ့
ခမ်းနားခြင်းတွေဟာ
မလုံလောက် တော့

ဟိုနေရာရိပ်ရိပ်
ဒီနေရာတိတ်တဆိတ်နဲ့
တချို့တချို့ ညနက်ကို
ကျိုးတိုးကျဲတဲ ဖြစ်စေတယ်
အလွမ်းတွေ တောင်
အငိုမရပ်သေးဘူးပဲ
                  Phyur.../\/*L့
=================================
* ပူလောင်ခြင်းနဲ့ *

အစိုးမရတဲ့အချစ်တခုအတွက်
မျက်ရည်ခံပေးရတဲ့
အလွမ်းတွေကဓားစာခံဆိုရင်
ကြေကွဲနေမိတဲ့
ငါ့စိတ်တွေကို
ခါးခါးသီးသီးနာကျ ည်းမိတယ်

စဉ်းစားလိုက်တိုင်းမှာ
နှစ်နှစ်ခြိုက်ခြိုက်
ခံစားနေမိတတ်တဲ့ အတိတ်
မျက်နှာကျက်တွေ
အေးချမ်းတည်ငြိမ်သွားအောင်
မျက်ရည်စက်တွေကို
ကြိုးစားလို့ရွာသွန်းဆဲပေါ့

မျှော်လင့်ချက်မပါတော့တဲ့
အသဲကွဲစာမျက်နှာမှာ
တကြိမ်တခါတော့
မုန်းတီးမှုတွေကနာကျင်ရတယ်
အိပ်မက်တွေပြီးဆုံးလိုက်ပါတော့
အလင်းရောင် နဲ့တွေ့ဆုံခြင်လို့ပါ
                       Phyur.../\/*L့
=================================


ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ