Tuesday, 19 April 2016

တမိုးအောက်

တမိုးအောက်


စည်းတခုကိုကန့်
ခရီးအနှံ့
ခြေဆန့်လို့လည်
ထားဝယ်မြေမှာ
အချစ်ကိုတွေ့
အပစ်ဆို၍မရ
နှလုံးသားတခုရဲ့ဆန္ဒ
ဘယ်လိုအင်အားနဲ့
ကန့်ကွက်ရမလဲ
အသည်းထဲအထိရစ်ထုံး
အချစ်ဆုံးလို့မှတ်
ဆုံနိုင်ခြင်းတရက်ထက်
ခွဲခွာရက်တွေသာပိုများ
အတူဆိုထားတဲ့
ကတိစကားနဲ့
မိုင်တိုင်များကိုဖြတ်
အဝေးရပ်ဆီမှာ
တယောက်တရက်တခါ
လွမ်းနေစေဦး
အချစ်ဆုံးသို့
ရည်ရွယ်ထားတဲ့
ဆုံနိုင်ခွင့်က
တမိုးအောက်ထဲမှာပဲ
ရှိနေဆဲပါချစ်သူ့။




         သူရဇ္ဇ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ