ဒီလို စိတ်အခြေခံ ရှိရတဲ့ အထဲ အထက်တန်းအောင်လို့ GCE ‘A’ level
သင်တန်းကို သွားတက်တော့ ဘိုကေ ဆံပင်မှာ ရှပ်အင်္ကျီနဲ့ စတိုင်လ်
ဘောင်းဘီရှည်၊ ဝေါ့ခ်ကင်းရှူး နဲ့ သင်တန်း တက်တတ်တဲ့ ကိုယ် က
စာသင်ခန်းထဲ ဘယ်သူနဲ့မှ အတူ မထိုင်ဘဲ တစ်ယောက်တည်း ထိုင်သည်။
ကိုယ့် နောက် ခုံတန်းက ယောက်ျားလေး တအုပ်က စာအုပ် တအုပ်နဲ့
အလုပ်ရှုပ်ရင်း ပြောတတ်တဲ့ စကားများက ကိုယ့်နားထဲ သံရည်ပူ
လောင်းထည့် သလို….
ဟေ့ကောင်တွေ.. မင်းတို့နဲ့ လောင်းထားတဲ့အတိုင်း ၁၇လမ်းက
ကောင်မလေးကို ငါလိုက်တာ ခု အဖြေ ရပြီ ဟော့ဒီမှာ သူ့ဆီက စာနဲ့
ဓာတ်ပုံ.. ကဲ လောင်းကြေး ပေးပေတော့.. ၂၁လမ်းထဲက စော်ကတော့
ဂန်ကျယ် နေတယ်ကွာ.. ခုထိ အဖြေမရသေးလို့ ငါလောင်းကြေး
ရှုံးတယ်ပဲ ထားလိုက်ပါ။ ဒီတော့ ဟို ကောင်ကို ငါက လောင်းကြေး
တ၀ိုင်းပေါ့ ဟုတ်လား။ ဟိုဘက် လမ်းထဲက မဲကြီးက ဒီစော်ကို
ကြွေနေ တယ် ကြားတယ်။ သူ့ဒေတာတွေ ငါ့ဆီ အသင့်ရှိတယ်။
ဝမ်းတေဘယ်နဲ့ လာဝယ်လို့ ပြောလိုက်….
ဘုရား.. ဘုရား.. ထိုအုပ်စုကို ဖျတ်ခနဲ မြွေကြည့် ကြည့်လိုက်မိသည်။
သေတောင် မျက်စိထဲက ဒီပုံရိပ် ထွက်မည် မဟုတ်။
အချစ်ဆိုသည်မှာ လောင်းကြေး တ၀ိုင်းစာလား။
နောက်ကျူရှင်ချိန် တခုမှာ ကြားလိုက်ရတဲ့ စကား ကိုယ့်နားကို
လှမ်းဆွဲပြီး သတိပေး လိုက်သလိုပါ။
“ကောင်လေးတွေ စာလိုက်ပေးရင် မကြိုက်ရင်လဲ အသာယူပြီး
နောင်မှ လုပ်ချင်တာ လုပ်ပစ်လိုက်နော်.. ၅လမ်းဘက်မှာ ဂါမဏိတို့
အုပ်စု မိုက်ရိုင်း လိုက်တာ.. သူပိုးနေတဲ့ ကောင်မလေးက သူ့ကို
လက်မခံဘဲ လက်ဆွဲ စာပေးတာကို ပါးရိုက်လို့ ဆိုပြီး လူပုံအလယ်မှာ
ပြန်ပါးရိုက် ပစ်လို့တဲ့.”
“သူတို့က အဲလိုပဲ သူ့အကိုလဲ ကောင်မလေးက အသားယူ ကြွားပြီး
သူ့ကို ထားခဲ့ပြီး ပိုသာတဲ့ နောက်တစ်ယောက် နဲ့ တွဲလို့
ပညာပေးတဲ့ အနေနဲ့ ကားတင်ပြေးပြီး မယူဘူးတဲ့”
ဘုရား..ဘုရား.. အချစ်ဆိုသည်မှာ ဒါလား.. ဒီလိုနဲ့ မမျှော်လင့်ဘဲ
လက်ဆောင် ရတတ်တဲ့ ပန်းနီနီ တွေရဲ့ ပွင့်ဖတ်တွေကို
ဘောက်ဖောက် ကစား ပစ်ခဲ့သည်။
အိမ်ရှေ့ ဂစ်တာ လာတီးတဲ့ လူတွေကို အိမ်ထဲမှာ အနေရကြပ်အောင်
လုပ်သည့် တရားခံ တွေလို့ သတ်မှတ် မျက်မုန်းကျိုး ခဲ့သည်။
အိမ်ရှေ့မှာ ကားလာရပ်ထားပြီး တနေကုန် တနေခမ်း လာထိုင်စောင့်
နေတတ်တဲ့ လူတွေကို အလုပ်မရှိ အချိန်ဖြုန်း နေတဲ့သူတွေလို့ စွပ်စွဲ
ခဲ့သည်။
ထုပ်ဆီးတိုး နေရလောက်အောင် လိုက်စာပေးရင် လူကြည့်မခံရအောင်
မြန်မြန် ပြီး ပြီးရော သဘောနဲ့ ယူလာ ခဲ့ရတဲ့ စာအိတ်တွေကို အိမ်နံရံမှာ
ချိတ်ထားတဲ့ အိတ်ကြီးထဲ ထည့်ပြီး ‘လူကို မယုံသင်္ကာ အကြည့် နဲ့
လွယ်အိတ်ကို စစ်လားဆေးလား လာမလုပ်နဲ့။ သိချင် လာဖတ်လှည့်’
လို့ တအိမ်သားလုံးကို စိန်ခေါ် ခဲ့သည်။
ကိုယ်က ဆက်သွယ်ဖို့ ဖုန်းနံပါတ် မပေးပါဘဲလျက် အိမ်နားက အခပေး
ဖုန်းခေါ်ပေးတဲ့ အသုပ်ဆိုင်ကို ဖုန်းဆက်ပြီး ကိုယ့်ကို ခေါ်ခိုင်းလို့
ဆိုင်ရှင်က ၀မ်းသာအယ်လဲ လာခေါ်ပေးရင် ဆိုင်ရှင်ကို အားနာလို့
သွားကိုင်ရတဲ့ ဖုန်းဆက်သူ တွေကို သူများပိုက်ဆံ လိုက်ဖြုန်းသူတွေ
လို့ ရန်တွေ့ရင်း မျက်မုန်းကျိုး ခဲ့ သည်။
ဒီကြားထဲ စတုတ္ထနှစ် ရောက်ခါမှ ကိုယ့်ကို အသုပ်ဆိုင်က တဆင့်
ဖုန်းခေါ် တဲ့သူကို အဖေက သွားဖုန်း ထူးပြီး ဖုန်းနံပါတ် ပေးရ ကောင်း
လားလို့ ခြေနဲ့ကန်ကျောက် အရိုက် ခံရချိန်က အိတ်ထဲ ဆောင်ထား
တဲ့ ဓားပစ်ချပြီး အသေသတ်လို့ ကုန်းအော်ရင်း တနှစ် ဓာတ်ပုံ ခြောက်ပုံ
တောင်းပေမယ့် ဓာတ်ပုံ တစ်ပုံမှ စာရင်း မရှိတဲ့ ကျောင်းသားရေးရာက
ဓာတ်ပုံနဲ့ ဒေတာ ရောင်းစားတဲ့ ၀န်ထမ်းတွေ အကြောင်း ဖော်
ကောင် လုပ်လို့ ကျောင်းထွက်မယ်လို့ ကြိမ်းဝါး ခဲ့သည်။
ဇာတ်သိမ်းပိုင်းမျှော် ...
Credit - ခွန်မြလှိုင်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ