Wednesday, 13 January 2016

အဖေက နေ အမေက လ သားကကမ္ဘာ

အဖေကနေ အမေကလ သားကကမ္ဘာ
------------------------
သားသမီးတွက် တစ်ရက်မနား
သူခွန်းအားနဲ့ ကြိုးစာဖွေရှာ
စားဝတ်နေရေး ရင်မအေးပဲ
တက်စေပညာ
လှစေတန်ဆာ
ဝစေအစာ
စေတနာနှစ်
အနွံတာခံချစ် နေမင်းတမျှ
အားကိုရတဲ့ ချစ်ဖေဖေ

နေမင်းစွမ်းအင် ရောင်ပြန်ထင်သို့
လ၏ပမာ မိမာတာလဲ
ကိုးလလွယ်ကာ ဆယ်လမှာဖွား
ငါ့သားသမီး အစွဲကြီး၍
မစင်သုတ်သင် ဝါးနွှံခွံ့ကြွေး
နို့ချို ပေးကာ သားပုတ္တာကို
ကျောင်းကိုလိုက်ပို့
စောင့်လို့ကြို ဖြင့်
ပညာရဲရင့် ပွဲလယ်တင့်အောင်
အားပေးသင်ယူစေခဲ့သူ

မိကောင်းဖခင် လိမ္မာယဉ်ကျေး
အေးဆေးရိုးသား
စာကြိုးစားသူ သာမောင်လူလှ
ဘာကိုရည်မှန်း ဘာလုပ်ငန်းကို
နောင်တွင်စွဲမြဲ လုပ်မည်လဲဟု
မေးခဲ့လေသော်

သြ လောက လောက
သာယာကာအလှတိုးစေဘို့
တက်နိုင်ရာတာဝန်ထမ်းလို့
စာသင်ခန်းက
ကျောင်းဆရာကြီး လုပ်ပါမယ်
ဒါမှသာကမ္ဘာကြီးကို
အလှပြင်မဲ့ သားတပည့်လေးတို့ကို
မမှားရအောင်
လမ်းပြနိုင်ပါလိမ့်မယ်
အဖေတို့ အမေတို့ရယ်

ရေးသူ-သူရဂျွန်စိုး

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ