Sunday, 17 January 2016

အချစ်ဆိုတာ ဘာလဲ?

အချစ်ဆိုတာ ရယူခြင်းလား
ပေးဆပ်ခြင်းလား ခွဲခြားမသိ
ရင်ထဲရှိတာ ပြောရရင်လေ
ခင်မင်ခြင်းက အစပြုလို့
သံယောဇဉ်တွေ ချည်နှောင်ရစ်ပတ်
လက်ပြနှုတ်ဆက် ထွက်ခွါသွားမှာ
စိုးကြောက်မိတဲ့ ငါ့ဘဝမို့
ချစ်တယ်ဆိုတဲ့ စကားလေးကို
နင်ကြားအောင် ငါ မပြောရဲဘူး
နင်ပျော်ရွှင်စေ ဆုတောင်းခြွေရင်း
ငါဘဝကို ပေးဆပ်ခဲ့တယ်...
မေတ္တာမှန်ရင် ရောင်ပြန်တယ် တဲ့
ဆိုရိုးစကား ငါကြားဖူးလဲ
ရလာဒ်တွေက သုညပါလေ...
အချစ်ဆိုတာ ပကာသန
ဂုဏ်ဓနနဲ့ မဆိုင်ဘူးဆို
ဒါပေမဲ့ ငွေရှိရုပ်ချော
ဥစ္စာပေါ သာ ချစ်ခဲ့တာ ဟာ
အချစ်တဲ့လား  မေးပါရစေ
ဝေးခဲ့သူရေ ဖြေကြားပေးပါ
အချစ်ဆိုတာ ဘာလဲ လို့ကွယ်...
                                   တစ်ကောင်ဘွား(ဓာတ်တော်)
ဝေဖန် အကြံပြုလိုပါက ၀၉၄၄၂၀၉၅၄၆၅သို့ ဝေဖန်ပေးပါ 

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ