အမေများနေ့
သွေးသားအရာ
ကဆီအနှစ်နဲ့
လူဖြစ်အောင်မွေး
ကြီးပြင်းအောင်ကြွေး
နွေးထွေးတဲ့မေတ္တာ
အမေ့ရင်မှာနေ
သားလေးရေ
အိပ်ပါဆို
တေးကိုဆို
အေးအေး အိုနဲ့
သေးလေးစို
အမေ့ရင်ထက်မှာ
မြင်ရက်စရာမရှိ
အမေ့အသိမှာတော့
သေး ဆိုတာ
ပျော်စေတဲ့
ဆေးတခွက်ပါ
အနီရောင်ရင့်ရင့်
သွေးအစစ်ကို
နို့ချိုအဖြစ်
သောက်စို့စေလို့
ယုယစွာထွေးပွေ့လို့
နွေးထွေးစေခဲ့တယ်
ပညာအရပ်ရပ်
တက်မြောက်အောင်သင်စေ
ပတ်ဝန်းကျင်နဲ့ခိုင်းနှိုင်းရိုင်းစိုင်းတဲ့စိတ်ကို
ယဉ်စေသင်နေတဲ့
ပညာရပ်ကို
ကြင်ရာအတွက်သာ
အသုံးချစေလို့
အဆုံးဘဝအခြေ
အဖေ အမေသာ
နှစ်ယောက်ထဲကျန်လည်း
မဖော်လွှဲပြန်
မေတ္တာအမှန်နဲ
သားသမီးပြန်အလာ
အခါခါမျှော်လင့်
အမေ့ရဲ့အချစ်က
သားသမီးအပစ်
ဘယ်လောက်ဖြစ်ဖြစ်
အမေခွင့်လွတ်နေမြဲပါ
ဘာသာတွေခြား
အသားအရေ
ကွဲပြားလည်း
မခွဲခြားတဲ့
အမေတွေရဲ့စိတ်
တစိတ်တဝမ်း
ရှိကြစမြဲပါ
ဖြစ်ချင်တာတွေလွဲ
စုန်ရေပဲရှိတဲ့
မိဘရဲ့မေတ္တာ
သားသမီးတွေတိုင်း
သိကြစေလို့
အရှေ့နဲ့အနောက်
နေ သွားသ၍
အမေများနေ့
အဓွန့်ရှည်ပါစေ့။
သူရဇ္ဇ
ကမ္ဘာပေါ်မှာရှိသမျှအမေများအားလုံးကို ဒီကဗျာနဲ့ ဂုဏ်ပြု လိုက်ပါတယ်
ရွေးချယ်ကြည့်ရှုရန်
Sunday, 24 January 2016
အမေများနေ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ