Wednesday, 20 January 2016

စိမ်းကားနေအုံးမှာလား

ချစ်သူရေ
သဘောထားခြင်း 
မတိုက်ဆိုင်လို့
ကျောခြင်းကပ် လက်ပြ
နှုတ်ဆက်ခွဲခွါပေမဲ့
ဘဝတစ်ကွေ့
တစ်နေ့နေ့မှာ 
ကံမကုန်လို့ ပြန်ဆုံခဲ့ရင်
ငါ အနေနဲ့ အပြုံးတစ်ပွင့်
ခြွေလွင့်နှုတ်ဆက်ခဲ့ရင်
နင် အခုလိုပဲ ငါ့ကို
စိမ်းကားနေဦးမှာလားကွယ်......,။
                              တစ်ကောင်ဘွား(ဓာတ်တော်)
              *အလွမ်းမပြေ ဓာတ်တော်မြေ*
လွမ်းရေးထက် ဝမ်းရေးခက်သမို့
အဝေးတစ်မြေ ရွှေဆည်မြေမှာ
လှုပ်ရှားရုန်းကန် ဖွေရှာစားရ
ဓနမလှ ငါ့ဘဝကို
နားလည် စာနာ ကိုယ်ချင်းစာပါ
ရွာကငယ်ပေါင်း ရောင်းရင်းတို့ရေ
ရွက်ဝါကြွေပြောင်း လတပေါင်းမှာ
တစ်ခေါက်တစ်ခါ ရောက်လာဦးမယ်
မျှော်စောင့်ကြိုပါ သူငယ်ချင်း
အခုတော့လေ သမုဒယ
နှလုံးသားမှာ ဝေဒနာတွေ
တစ်လှေကြီးနဲ့ ဘဝခရီး
ဆက်ရအုံးမှာမို့ ငါလေ
မျှော်မှန်းတမ်းတ လွမ်းရပြီပေါ့
လွမ်းလေ လွမ်းမပြေပါဘူး
မွေးရပ်ဌာနေ ဓာတ်တော်မြေရယ်
သာယာစေကြောင်း ဆုတောင်းခြွေရင်း
နှုတ်ဆက်ခဲ့တယ် မွေးရပ်မြေ....,။
                         တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ