ကျွန်တော့်အမေပေါ့
ငါ့သားကို ငါပဲဆူငေါက်မယ်
တစ်ခြားဆူငေါက်သူ ငါ့ရန်သူ သတ်မှတ်တတ်တာ။
ကျွန်တော့်အမေပေါ့
ငါ့သားစားဖို့ခွဲထားတဲ့ဟင်း ပုဂံ ဘာလို့နှိုက်စားသလဲဆို ညီမ အရင်းတောင်ပါးရိုက်တာ။
ကျွန်တော့်အမေပေါ့
ကျွန်တော်တီဗွီနဲ့ EVDဝယ်ချင်တယ်ဆိုလို့ နားကပ်ချွတ်ရောင်းဝယ်ပေးတာ။
ကျွန်တော့်အမေပေါ့
သားအတွက်နဲ့ မိဘအရင်းကိုတောင် လေးငါးလ စကားမပြောဘဲနေတာ။
ကျွန်တော့်အမေပေါ့
သားသမီးတွေ ကို ဟင်းကောင်းဟင်းလျာနဲ့ဝိုင်းဖွဲ့စားနေတာကို ဘေးကနေယပ်ခပ်ပေးပြီးသူကတော့ သားသမီးမသိအောင် ဟင်းကျန်လေးတွေနဲ့မီးဖိုထဲစားတာ။
ကျွန်တော့်အမေပေါ့
သားထင်းခွဲနေတာကို ငါ့သားထိခိုက်မိမယ် အမေခွဲမယ်ဆို အတင်းလုယူ သူပဲထင်းခွဲတာ။
ကျွန်တော့်အမေပေါ့
သားမျက်နှာမကောင်းတိုင်း ငါ့သားဘာဖြစ်နေတာလဲ၊ ငါ့သားဘာလိုချင်လို့လဲ၊ အမေဘာပြောမိလို့လဲဆို အတင်းပွေ့ဖက်မေးမြန်းတတ်သူ။
ကျွန်တော့်အမေပေါ့
ကျွန်တော်နဲ့တခြားသူရန်ဖြစ်တိုင်း ဓားဆွဲထုတ်ပြီးသားရှေ့ကနေမားမားမက်မက်ရပ်တည်ပေးခဲ့သူ။
ကျွန်တော့်အမေပေါ့....
ကျွန်တော့်အမေပေါ့...
အမေများနေ့မှာ ပင်လယ်ဘူးမြို့မှာ ခေတ္တရောက်ရှိနေတဲ့ ကျွန်တော်အောင်မြင့်မြတ်ရဲ့ မိခင်ကြီးကို လေးစားစွာကန်တော့လိုက်ရပါကြောင်း...
ရွေးချယ်ကြည့်ရှုရန်
Sunday, 24 January 2016
ကျွန်တော့်အမေပေါ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ