အချစ်ရဲ့စေစားမှုအတိုင်း လိုက်နာခဲ့ကြပြီးပြီ
သာယာမှုဆိုတာမရှိတော့ပေမယ့်
ခံစားရတဲ့ဝေဒနာတွေတော့ များနေခဲ့တယ်
ဒါပေမယ့် ...
မဖြစ်နိုင်တဲ့လမ်းတစ်ခုကိုဆက်လျှောက်နေမိတာတော့
နှစ်ဦးသဘောတူ တိုင်ပင်ဖို့တောင်မလိုခဲ့ဘူး
အဲ့ဒီလမ်းက သိပ်ကိုကြမ်းတမ်းတယ်ဆိုပေမယ့်
အသိဥာဏ်မျက်စိကို ဇွတ်မှိတ်လျှောက်နေမိတာ
လက်တွေတော့ဆက်တွဲထားပါရဲ့
အတားအဆီးတွေများလွန်းလို့
တွဲလက်တွေက တဲတဲလေးပဲကျန်တော့တယ်
ဒီလိုနဲ့ပဲ ...
ကမ်းလက်တွေ တဖြည်းဖြည်းလှမ်းလာမှာလား ...
အနာဂတ်လမ်းတွေ ရေးရေးလေးပျောက်တော့မှာလား ...
တားဆီးမှုအင်အားတွေ များများပြီးကြီးထွားမှာလား ...
လှမ်းတက်မယ့်ခွန်အားတွေ မှေးမှေးပြီးပျောက်တော့မှာလား ...
မုန်း (BeeTalk)
ရွေးချယ်ကြည့်ရှုရန်
Friday, 22 January 2016
ဝေးကွာတော့မဲ့အချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ