Friday, 20 November 2015

သူငယ်ချင်းရေ
မြို့မဟာမှာ အနေကြာလို့
ရွှေကြာလို လှပတင့်တယ်
ဗေဒါလို ဝင့်ထည်မှန်းလဲ
ရင်ထဲသိပေမဲ့ လွမ်းမိတယ်....
သူငယ်ချင်းရေ
တောရွာဇနပုဒ်ကို
အဖတ်လုပ်ပြီး တစ်ခေါက်တခါ
အရောက်လာခဲ့စမ်းပါ
ရွာကို လွမ်းတယ်ဆိုရင်ပေါ့....
သူငယ်ချင်းရေ
ဂုဏ်တင့်နေလို့ ဘဝင်မြင့်ပြီး
ဘဝမမေ့ပါနဲ့ကွာ မင်းကိုလေ
ပညာတက်အောင် မွေးထုတ်ပေးတာ
ရပ်ရွာအကျိုး သယ်ပိုးနိုင်အောင်လေ...
သူငယ်ချင်းရေ
တိုင်းပြည်အတွက်လဲ အကျိုးမရှိ
ရပ်ရွာအတွက်လဲ အကျိုးမရှိ
ပညာမာန်တက်နေတဲ့ မင်းကို
အသက်ပေးပြီး မွေးဖွားခဲ့တဲ့
မာတာမိခင်ရဲ့ရင်ထဲ
နာကျင်နေမှန်း မင်းသိရင်
အကြင်နာထားပြီး မိဘရပ်ထံ
ပြန်လာခဲ့ပါ သူငယ်ချင်း.....။
                       ကြိုးစားပါဦးမည်
          တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ