Saturday, 21 November 2015

မုန်းဒဏ်ခပ်သော ငါ့အပြုံး
အထက်ကိုကြည့် ကောင်းကင်ရှိ၏
မျက်လွှာချထား မြေပြင်မြင်၏
အလယ်ဗဟိုရ် ကြည့်မယ်ဆိုရင်
မြေညီချိမ့်ဝှမ်း အလှမ်းမကွာ
တောတောင်သဘာဝ တွေ့မြင်ရ၏
ဒါဆို လူဘဝ ဘယ်ဒေသမှာ
ဘယ်နေ့ဘယ်ရက် ဘယ်အသက်နှင့်
ဘယ်တိုင်းဌာနေ ဘယ်တိုင်းပြည်ကို
ငါလေသွားမှ ရင်တွင်းအမုန်း
ကျေဆုံးမှာလဲ ရင်တွင်းဖွင့်ပြော
ငါ့သဘောကို မင်းတို့ကျေနပ် 
ပြုံးပန်းဆက်အောင် ငါ့ရဲ့အပြုံး
မုန်းဒဏ်ခပ်ကာ ငါလေ အဝေး
ထွက်သွားတော့မယ်  ယခုတကယ်.....။
                            တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ