Wednesday, 18 November 2015

သက်ဆိုင်သူသိပါစေ

မုန်းတက်သွားပြီဆိုရင်လဲ
ပြုံးကြည့်မနေပါနဲ့တော့
နှလုံးသားတွေ ကြွေခဲ့ပြီမို့...
မေ့နိုင်ခဲ့ပြီဆိုရင်လဲ
ဘဝတစ်ကွေ့ ပြန်တွေ့ခဲ့ရင်
သူစိမ်းတွေလို နေလိုက်ပါတော့
အသည်းပန်းတွေ နွမ်းခဲ့ပြီမို့....
မလွမ်းတက်ဘူးဆိုရင်လဲ
နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးကို
သံယောဇဉ်မတွယ်ပါနဲ့တော့
မျက်ရည်လေးတွေ စိုရွှဲနေမို့..,
မကြင်နာရင်လဲနေပါ
နာကျင်အောင်မလုပ်ပါနဲ့
ငါရင်တွေ ကွဲကြွေပြီမို့...,
                
ကဗျာချစ်ပရိက်သတ်များအနေနဲ့ ဝေဖန်အကြံပြုလိုပါလျှင် ၀၉၇၉၅၉၅၀၇၆၇သို့ ဆက်သွယ်နိုင်ပါသည်
ရှေ့ဆက်ကြိုးစားနေပါအုံးမည် 
                           တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ