ရွေးချယ်ကြည့်ရှုရန်
Friday, 13 November 2015
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၃၅
* နှောင်ကြိုး *
အချစ်ရဲ့ခိုင်မြဲတဲ့နှောင်ကြိုးတမျှင်
နှစ်ခြိုက်စွာ ရစ်ပတ်မိခဲ့တဲ့ငါ
တဘဝစာအလင်းမှတ်လို့တောက်ပဖူးတယ်
စိတ်ကူးတွေရှင်သန်ရင်း
သူရူးတယောက်အလား
အိမ်မက်တွေခမ်းနားလို့
နင်မသိသေးတဲ့ငါ့ကမ္ဘာ
နင်ထွက်သွားတော့မှ
ပုံပြင်ဟောင်းလေးတပုဒ်ဖြစ်သွားတယ်
နှုတ်ခမ်းနှစ်ဖက်မှာ
ရေပန်းစားလို့
လွမ်းစရာကောင်းလိုက်တာ
ချစ်သူရယ်…/\/*L့
Phyur…/\/*L့
*********************************
* အလွမ်းည *
ငါတကယ်ချစ်ခဲ့တာကို
သူတကယ်မသိ သွားဘူး
သူတကယ် ထွက်သွားရဲ့နဲ့
ငါတကယ်မေ့မရဘူး
သူတကယ်ပစ်သွားခဲ့တဲ့
ဒီအလွမ်းညတွေ
လရောင်ကင်းမဲ့ တိမ်မရှိတဲ့ကောင်းကင်ယံမှာ
လသာနေရသလိုပဲ
အမြဲတမ်း အထီးကျန်လွန်းတယ်
တယောက်တည်း ညည့်နက်လို့…/\/*L့
Phyur…/\/*L့်
*********************************
လွဲချော်မှုတွေ ...
ရှုံးနိမ့်မှုတွေကြောင့်လည်း ...
ဘ၀ကို စိတ်ပျက် မနေပါနဲ့ ...။
ရွက်ဟောင်းတွေ ကြွေတဲ့ အငုတ်ဟာ
ရွက်သစ်တွေ ဖူးပွင့်ဖို့ ဖြစ်သလို ...
လွဲချော်ခြင်းတွေ ...
ရှုံးနိမ့်ခြင်းတွေဟာလည်း ...
အောင်မြင်ခြင်းအတွက် ဖြစ်ပါတယ်။
ကိုယ်ရည်ရွယ်ရာ လျှောက်တဲ့လမ်းမှာ
ယုံကြည်ချက် ...
စိတ်ဓာတ်တွေကို ...
သစ်မြစ်တွေလို ခိုင်မာစွာ စွဲမြဲရင်း ...
အောင်မြင်ခြင်း နေ့သစ်တွေ ရောက်တဲ့အထိ
ရှေ့ဆက် လျှောက်ကြရအောင်သူငယ်ချင်း ...
ရွှေမြို့တော်
*********************************
* တော်ဝင်နန်းစံထိပ်ထားဟန် *
ဘုံနန်းရှင်
ပဒုမ္မာအဆင်း ရနံ့သင်းထုံ
ချောကလျာ လှထိပ်ခေါင်တည့်
ပျံ့လွှင့်ဂုဏ်သတင်း မိုးမြေထင်း၍
တိုင်းရှစ်ခွင်တိုင်။/\/*L့
ရှေးရိုးနန်းဆန် ကေသာပိတုန်း
ကျော့ဆံထုံးကို ခါးယှဉ်ဖုံးကွယ်
ကျော့ကျော့ဟန်သာ ကျက်သရေလွှမ်းသည့်
အိန္နဒ္နြရှင် မျက်ရစ်ငယ်ကော့
နှာတံသွယ်စင်း စုံပါးချိုင့်နှင့်
မောင့်နှမငယ် ယဉ်ယဉ်လှသည်
မင်းအရိပ်လား။/\/*L့
တော်ဝင်နန်းခွင် ပြသာဇ်ဆင့်ခါ
မျိုးရိုးမြင့်မား ခင့်ထိပ်ထားကို
ချစ်ကျွမ်းဝင်မိ မောင့်သည်းညှာမှာ
စွဲမြဲတမ်းတ ချစ်ကမ်းရယ်ပြို
ချစ်စိတ်ပို၍ လွမ်းမောရ၏
တော်ဝင်နန်းစံထိပ်ထားဟန်။/\/*L့
Phyur…/\/*L့
********************************
* တိမ်းရှောင်သူ *
ဝသန်မိုးရယ် ညို့မှောင်နေပီ
သူသွားလေရာ ထီးတချောင်းပါပါလေစ
လွမ်းမောရီဝေ ချစ်သူခင်ပျိုမေ
မှန်းဆခါမှီ ဘယ်ဆီရပ်ဒေသ
အရိပ်ကလေးလို ဦးမော့ချင်သော်လည်း
မျက်နှာချိုကွယ် သူ့ပြစ်မုန်းရယ်ကြောင့်
သွေဖယ်ကွာရှောင်ခွာ တိမ်းသူမို့
ကမ်းမမြင်အောင်စုံ့စုံ့နစ်လေမယ်
အသည်းကျွမ်းဖွယ်စိုး။/\/*L့
Phyur…/\/*L့
********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ