Friday, 27 November 2015

ကောင်မလေးသို့

ကောင်မလေးရေ
အမှတ်မထင် ဆုံတွေ့ခဲ့တဲ့
တဒင်္ဂ အချိန်လေးမှာပဲ
အိပ်မောကျနေတဲ့
ငါ့နှလုံးသားလေးက
ရင်ခုန်သံတွေနဲ့အတူ
အမှတ်တရနဲ့ မင်းကို
မြတ်နိုးတန်ဖိုး ထားပြီး
ချစ်မိနေပြီ ကောင်မလေးရယ်
ကောင်မလေးရေ
မဆုံနိုင်ဘူးဆိုပေမဲ့
ရင်ခုန်သံတွေပေါင်းစု
ဘဝတစ်ခုကို 
မင်းနဲ့အတူ ရှိနေခြင်တာ
ငါနှလုံးသားရဲ့ ဆန္ဒတစ်ခုပါ
နှလုံးသားရဲ့ ဆန္ဒမို့
အပြုံးလှလှနဲ့
လက်ခံပေးပါ ကောင်မလေးရယ်
                       တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ