လွမ်းကာနေရ လွမ်းဘဝမို့
လွမ်းပန်းကိုကိုင် လွမ်းမှိုင်မှိုင်နဲ့
လွမ်းနေရပြီ ချစ်ရသူရယ်
ပိတောက်တွေပြာ တမာတွေချို
မြင့်မိုရ်တောင်အတ် ကမ္ဘာပျက်မှ
မုန်းမေ့မယ်လို့ ပြောခဲ့ဖူးတယ်နော်
အခုတော့လဲ ချစ်ရသူရယ်
ပိတောက်မပြာ တမာမချို
မြင့်မိုရ်တောင်လဲ မအတ်ပါဘူး
ကမ္ဘာလဲ မပျက်ပါဘဲ
ရက်စက်စွာ ထွက်ခွါရှောင်ပြေး
အဝေးရောက်ချစ်သူရယ်
တောသားလေးရဲ့ အသဲနှလုံးက
နုနုလေးမို့ ဖြေးဖြေးလေးပဲ
ငိုကြွေးနေရင်း လွမ်းနေရပြီကွယ်......။
ရှေ့ဆက်ကြိုးစားပါဦးမည်
ဝေဖန်စာ အကြံပြုလွှာများ ပေးပို့ပြောလိုပါက ၀၉၇၉၅၉၅၀၇၆၇ သို့ ဖုန်းဆက်၍လည်းကောင်း viberမှ လည်းကောင်းပေးပို့နိုင်ပါသည်
တစ်ကောင်ဘွား(ဓာတ်တော်)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ