ဝေးခဲ့ပြီးနောက်မှာ ... 😢😢
မင်းနဲ့ဝေးခဲ့ပြီးနောက်
ငါဟာ စံကားဖြူတစ်ပွင့်လို ရှင်သန်ခဲ့ပါတယ်
နင် အဆင်ပြေပါစေလို့သာ အကြိမ်ကြိမ်ဆုတောင်းရင်း
ငါဆိုတာ တဖြည်းဖြည်းချင်း ပါးလျလို့
လွင့်ဝဲသွားတဲ့ ရွက်ကြွေတွေလို
တစ်ဖန်ပြန်လည် မစိမ်းစိုနိုင်တော့ပြီ
မှုတ်ထုတ်လိုက်တဲ့ ဝါဂွမ်းစတွေလို
ဘယ်လို ပြန်ဆယ်ယူရပါ့မလဲ
ရှိပါစေတော့.......
ချစ်တယ်ဆိုတာ တကယ်ခက်ပါတယ်
မပင်ပန်းစေချင်လို့ ဆွဲမထားရက်သောအခါ
ချန်ထားရစ်ခဲ့ဖို့ ငါဟာ သန်မာသူဖြစ်ရောလား
မင်းခိုက်စိုးစန်ရဲ့ မှန်လေးအတိုင်းပေါ့
ငါ့ကိုကြည့်လို့ မင်းကိုယ်မင်းပဲ မြင်ရမှာပါ
ငါဟာ မင်းနဲ့အတူတူပဲလို့ သိရှိခဲ့ရင်ပဲ
ကျေနပ်ပါပြီ
မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းကို
စံကားပွင့်တွေထဲထည့်ပြီး ဘုရားမှာလှူလိုက်တယ်
တပည့်တော်မ သစ္စာပန်းကပ်ပါတယ် ဘုရား
ဤမှန်သောသစ္စာကြောင့် ....
သူ အသက်ရှည်ရာ အနာမဲ့ပါစေသား... 😢😢😢
Credit - YAM
..
ရွေးချယ်ကြည့်ရှုရန်
Sunday, 15 January 2017
ဝေးခဲ့ပြီးနောက်မှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ