*** ပုံရိပ်တစ်ခုကို ရူးသွပ်ခြင်း ***
ကောင်းကင်မှာ သာတဲ့လ
ရေကန်ထဲခုန်ချ
လှလိုက်တဲ့ '" ည "'
လေဟုန်စီးတဲ့ တိမ်ထု
လိမ့်ကျမှု့
လှပမှု့တွေဖျက်ဆီး(စီး)
မိုးအဖြစ်အသက်သွင်းပြီး
ငါ့ရင်ထဲကို ရွာချလိုက်တယ်...
တကယ်ပါဗျာ....
အဲ့ဒီ ညမှ စ
ငါ့ရင်ထဲက "' လ "'တစ်စင်း
လေပြေလေးရယ်...
ငယ်လေးရယ်..
လေးနှင်းဖြူရယ်...
ဆုံးရှုံးခံလိုက်ရတယ် .....
ပုံရိပ် ပုံရိပ်တွေ
တလိမ့်လိမ့်နဲ့ ည လသာတယ် ။ ။
တချိန်က ကုမုဒြာ
===================================
*မမေ့နိုင်တဲ့ တေးတစ်ပုဒ်*
ခေတ်ပေါ်သံစဉ် တေးသီချင်းတွေ
ဘယ်လိုကောင်းစေ သားမောင်ရင်ထဲ
မေမေသီဆို ချော့သိပ်ဖူးတဲ့
အို အို ဆိုတဲ့ တေးတစ်ပုဒ်လို
မသာယာပါဘူး မေမေ...
ခေတ်ပေါ်ဇာတ်လမ်း အသစ်လေးတွေ
ဘယ်လိုကောင်းစေ ငယ်စဉ်ခါက
အိပ်ယာဝင်တိုင်း ပုံပြောပြဖူးတဲ့
မေမေရဲ့ ပုံပြင်ဟောင်းတွေလောက်
သားမောင် မစွဲလန်းပါဘူး မေမေ..
နှစ်တွေကြာညောင်းသွားပေမဲ့
သားမောင် တစ်နေ့ ပြန်လာခဲ့ရင်
မမေ့နိုင်တဲ့တေးတစ်ပုဒ်နဲ့
မေမေ ရင်ခွင်မှာ ခဏတာလေး
မှေးစက်ခွင့်ပြုပါ မေမေ...
တစ်ကောင်ဘွား(ဓာတ်တော်)
အမေများနေ့ကို ဒီကဗျာလေးဖြင့် မြန်မာလူငယ်သတင်းစုံမှ ကြိုဆိုဂုဏ်ပြုပါသည်
===================================
ကောင်းကင်မေမေ
တမ်းတမိတယ်အမေ
သားခိုဝင်ပြေး
နွေးထွေးတဲ့အမေ့ရင်ငွေ့
တွေ့ချင်တယ်အမေ
ပါးရေတွေတွန့်တွဲ
လွန်ဆွဲနေတဲ့
ဇရာနဲ့မရဏကြားက
အမေ့ရုပ်သွင်
မြင်ချင်တယ်အမေ
ရီဝေတဲ့အကြည့်နဲ့
သားရှိမယ့်အရပ်
နေ့စဉ်မပြတ်
မေတ္တာဓာတ်လွှင့်နေမယ့်
အမေ့ရဲ့ဂရုဏာရုပ်လွှာ
ဟုတ်တာကိုညွှန်ပြ
သားပညာချွန်မှ
နွံကထွက်နိုင်မယ်သား
ခွန်အားအပြည့်ပေး
သားရှေ့ရေးဟာ
အမေပေးတဲ့
ပညာရေးနဲ့
ကြင်ယာမနှေးအတွက်
အမေပေးတဲ့
ဝမ်းရေးအတက်ပါပဲမေ
လမ်းအထွေထွေ
ညွှန်ကာပြ
လွန်ကာမှသိတဲ့
အမေ့စေတနာ
တပြည်တရွာကသား
တန်ဖိုးထားရမှန်း
သိပြီအမေ
တဖွဖွခြွေတဲ့
ဆုံးမစကားနဲ့
သားအတွက်ဆို
ရှိသမျှမခြွေတာ
မိဘနေရာကသား
အမေ့စိတ်မျိုး
ထားနိုင်ခဲ့သလို
အမေ့ကိုပိုရိုကျိုး
သားရှစ်ခိုးပါတယ်အမေ
ဒီနေ့ ဒီရက် ဒီမနက်ဟာ
လောကသတ်မှတ်
အမေ့တွက်
နေ့ထူးနေ့မြတ်ပေါ့
သားကန်တော့ပါတယ်အမေ
ဘ၀အခြေငယ်စ
အမေဆိုပြတဲ့
အေး အေး အိုသီချင်းနဲ့
မိုးလင်းခဲ့တဲ့သားဘဝ
အခုဆိုလက်တွေ့ဆိုပြလို့
အဖနေရာကအမေ့သား
အမေများရဲ့
မေတ္တာတရားကို
ဖော်ပြခွင့်ရခဲ့ပြီအမေ့ ။
သူရဇ္ဇ
===================================
ပျော်ပါစေ
ဆိုပြဖူးတဲ့ ၀န သီချင်း
အလိုက်ကမ်းဆိုးမသိ
Cheery FM ကလွှင့်နေလို့
ရေဒီယို
ထပိတ်ပစ်လိုက်ရတယ်
ခေါင်းစဉ်စတပ်ကတည်းက
နာလိုက်ရတဲ့ဇာတ်
the End စာတန်းထိုးသွားတော့
အကယ်ဒမီက
သူများလက်ထဲမှာ
ငါ့မျက်ရည်ကြောင့်
စိတ်ချမ်းသာမယ်ဆို
မြန်မာပြည်မှာ
ဧရာဝတီ
နောက်တစင်းဖြစ်အောင်
့ ငါငိုပေးပါ့မယ်။
အချစ်ဆိုတဲ့
ဘာသာဗေဒမှာ
အသည်းကွဲနည်းတွေပဲ
အလွတ်ကျက်ခဲ့မိသလားမသိ့ 
ပျောက်သောသူ
ရှာရင်တွေ့ တဲ့
မနက်ဖြန်သတင်းစာမှာ
လူပျောက်ကြော်ငြာဖို့ထိတွေးထားလည်း
မတွေ့ ချင်လို့
ရှောင်ပုန်းနေသူကိုတော့ ။
တကယ်တော့တိမ်တွေဟာ
ငွေ့ ရည်မပါပဲ
အလည်လာတာပါ
ငါ့မျက်ဝန်းနဲ့ထိမှ
မုံရွာမှာ
မိုးရွာဖြစ်သွားတာ့ ။
သူရဇ္ဇ
===================================
လိပ်စာမှားတဲ့ဖူးစာ......
မျက်လုံးချင်းဆုံရင်တွေခုန်တတ်စ
မနူးမနပ်ငယ်ဘဝတုန်းကနေ
ဖြည့်ဆည်းပေးရင်းနဲ့ အချစ်ဆိုတာကို
မျှော်လင့်တကြီးနဲ့မှီဝဲခဲ့ဖူးတယ်.......
အဲ့ဒီအချိန်တုန်းကများ
အရာရာတွေဟာ ထူးဆန်းလွန်းလို့.....
ချစ်သူရဲ့ ရီသံ
ချစ်သူရဲ့အပြုံး
ချစ်သူရဲ့စကား
ချစ်သူရဲ့အထှာတွေ
အားလုံး အားလုံးဟာ ဆန်းပြားနေလိုက်ကြတာ..
ချစ်တယ်လို့ထင်တာကို ဖူးစာလို့ယုံခဲ့လေတော့
မာယာတွေဆိုတာ အဆင်တန်ဆာတွေလိုပဲ
ရည်ရွယ်ချက်ခြင်းမတူတဲ့ ဒို့တတွေ
ဘာကြောင့်များဆုံခဲ့ကြပါလိမ့်.........
မျက်မမြင်မြှားနတ်မောင်က
ယောင်ဝါးဝါးပစ်ချက်ဟာ
အချိန်နဲ့နေရာ မှားယွင်းစွာစူးခဲ့လေတယ်..
ရှိန်းတမ်᠌᠌᠌
==================================
ကဗျာဂျာနယ်လေးကို အားပေးဖတ်ရှုပေးတာ အထူးကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ကဗျာလေးတွေကိုလည်းပေးပို့ဖို့ဖိတ်ခေါ်ပါတယ်။
ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ viber ဖုန်းနံပါတ် 09256480246 ကို ပေးပို့နိုင်ပါတယ်။
ရွေးချယ်ကြည့်ရှုရန်
Saturday, 14 January 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ