Monday, 2 January 2017

ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၁



မင်္ဂလာပါဗျာ ကျွန်တော်တို့ရဲ့ ကဗျာ ဂျာနယ် အစီအစဉ်လေးကနေ တစ်ဖန်ပြန်လည်ကြိုဆိုပါရစေ။

ပထမတွဲ မှာ ကဗျာပါဝင် ရေးသားခဲ့ကြတဲ့ ညီကို မောင်နှမတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၁ ကနေ စတင်ပြီး ကဗျာ ရေးသားသူ အားလုံးကို ကဗျာ စာအုပ် App လေး လက်ဆောင်ပေးအပ်မှာပဲဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်မှ ကဗျာ ဝါသနာရှင် ညီကို မောင်နှမများ ကိုလည်း ကဗျာတွေ ပေးပို့ဖို့ ဖိတ်ခေါ်ပါရစေဗျာ။

*       ဇီဝိန်ကြွေ        *

ကော်ဖီမရှိတဲ့ကမ္ဘာငယ်လေးရေ
ဗာဒံစေ့တွေက
မင်းအတွက်စားသောက်ကုန်ပေါ့
အပြင်းစားအရက်တလုံးကို
ပါကင်ဖွင့်ဖောက်လိုက်သောအခါ
တူညီနေတဲ့လက်တစုံ
အရောင်တွေတောက်ပနေသော
မျက်ဝန်းနက်တချို့
ဒီညကိုခါးသက်စေပါတယ်
အရှေ့အရပ်ကကြားနေရတဲ့
အာဇာနည်မြင်းတကောင်ရဲ့
ခွာပေါက်သံက
မရဏအကျ ည်းသားတွေရဲ့
နှလုံးသားထဲပင်စွဲဝင်သွားခဲ့ဖူးပေါ့
သစ်ရွက်တွေကြွေခဲ့ရပါပြီ
ကြင်နာသူကြည်ဖြူ လေမလား
လွမ်းတေးကိုဆိုမိပေါ့
ညမွှေးပန်းလေးတွေနဲ့
မိုးသောက်ကြယ်အလှမ်းဝေးခဲ့ပြီ ။
                             

မျက်ရည်
____________________________________________

ရင်ကိုရိုက်​သောလှိုင်း



အ​ပျော်​တွေထင်ရဲ့
ငါ့​ခေါင်း​ပေါ်က​နေ
ဖြတ်ပျံသွားကြတာ
ရင်ဘတ်ကိုအားနာလို့
မော့မကြည့်ဖြစ်
ဒီလိုနဲ့ပဲ
အိမ်မက်မြစ်​တွေ
ရင်ကမ်းပါးကို
တိုက်စားသွားလိုက်တာ
သတိရခြင်း​တွေ
အလွမ်းပင်လယ်ထဲမှာ
သောင်ထွန်းလို့
အ​နောက်ယွန်းယွန်းဆီ
နေခိုသွားတာ​တောင်
မျက်ရည်လှိုင်းတံပိုး​တွေ
ဒီ​သောင်ကိုတ၀ုန်းဝုန်း
ရိုက်ပုတ်​နေတုန့်း့ ။




        သူရဇ္ဇ
____________________________________________

မပြည့်​လေ​သော
ဆု​တောင်း

ရင်ဘတ်ကြီးတခုလုံး
အသုံးမကျ​တော့​လောက်​အောင်
ကြေမွခဲ့ရပြီ
ထိရှလွယ်တဲ့အသဲ
မြင်မ​ကောင်း​အောင်
ထပ်ခြမ်းကွဲလို့
မချစ်ရဲ​လောက်​အောင်
ကြောက်လန့်ခဲ့ရ
နောက်ကျကျန်တဲ့အချစ်
ရှေ့ဆက်ဖို့လမ်းဆုံး
နင့်ကိုလွမ်းတုန်း​လေး​တော့
ငါငိုပါရ​စေ​နော်
အ​ပျော်မှာ
ဟန်​ဆောင်တာပါ​ပေမယ့်
ငို​ကြွေးခြင်းကို
ဖုံးကွယ်မရလို့
မျက်ရည်ကျတဲ့အခါ
မမြင်သလိုသာ
လှည့်ထွက်သွားပါ
ကျရှုံးခြင်းနိဂုံးအတွက်
နင့်ဆီက
နှစ်သိမ့်အပြုံးတချက်
မလိုအပ်​တော့ပါ
ဖြည့်စွက်ဆန္ဒ
ဆု​တောင်းသမျှ
ပြည့်​စေသတည်းဆို
ပြုချင်တယ်ဆုတခု
ယခုဘ၀မက
နောင်ဘ၀ထိတိုင်
အလွမ်းမိုင်တိုင်နဲ့အ​ဝေး
အ​ဆွေးကင်းတဲ့
လူတ​ယောက်အဖြစ်သာ
လိုချင်မိပါရဲ့ ။




       သူရဇ္ဇ
____________________________________________
ဆောင်းရင်​ခွင်

ချမ်း​အေးလွန်​တဲ့​ဆောင်း
ချစ်​သူရင်​ခွင်​ခိုဝင်​ချင်​မိ
အေးမြတဲ့နှင်း ငါ့ရင်​​တွေပူ​လောင်​​စေမိ
တမ်​တမိတဲ့အလွမ်း
ဖြေမဆည်​နိုင်​ပါ၏
လှမ်း​ခေါ်လို့ရရင်
ခေါ်ချင်​မိပါ၏

မြတ်နိုးခင်
____________________________________________
ချစ်သူဆီ့ သို့
တောင်းဆု



အတူတူခင်းခဲ့တဲ့
စကားစစ်
အစစ်နဲ့ချစ်တဲ့သူ
ရင်နာတာချင်း
တူ​ပေမယ့်
ဘ၀င်ပိုပူတယ်ချစ်သူ
အရှုံး​ပေး​ပေမယ့်
ငါရတက်မ​အေးနိုင်တဲ့
တန်ပြန်ဝဋ်
ငါ့လိုမချစ်နိုင်တဲ့သူနဲ့​တွေ့ 
နင်ကြုံ​တွေ့ ရမှာကို​ပေါ့
သက်ပြင်းမချနိုင်တဲ့
ထိုအသိ
နင်မထိရ​လေ​အောင်
ငါ့ရင်ကိုဖိ
ဦးညွတ်မိတဲ့
မြတ်ဘုရား​ရှေ့
မျက်ရည်​ဝေ့​ဝေ့​ခြွေ
အသ​င်္ချေ​ရွေ့ သမျှ
ဒုက္ခ​တွေ
ကင်းနိုင်ပါ​စေ
ချစ်သူ​ရေ့ ။



         သူရဇ္ဇ
___________________________________________

ဒီတစ်ပတ်ရဲ့ ကဗျာ ဂျာနယ် အစီအစဉ်လေးကတော့ ဒီလောက်ပါပဲဗျာ။ ကဗျာတွေ ရေးသားပေးခဲ့ကြတဲ့ မြန်မာလူငယ်သတင်းစုံ ကဗျာ Group လေးထဲက သူငယ်ချင်းတွေအားလုံးကို အထူးကျေးဇူးတင်ပာတယ်။

ကျွန်တော်တို့ရဲ့ ကဗျာ ဂျာနယ်အစီအစဉ်လေးမှ ပါဝင်ပြီး ကဗျာတွေ ရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်။

ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာပေးပို့ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09-256480246(Viber) သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။


ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်လေးကို ပါဝင်ကြသူများအတွက် အမှတ်တရလက်ဆောင်အနေနဲ့ စာအုပ်လေးလုပ်ထားပါတယ်။

ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်အောင် ပြုလုပ်ထားတဲ့အတွက်   ဒီနေရာ လေးကိုနှိပ်ပြီး Download ရယူလိုက်ပါဗျာ။


  


No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ