ရွေးချယ်ကြည့်ရှုရန်
Tuesday, 10 January 2017
*ပန်းမဟုတ်တဲ့ အလွမ်း*
လွမ်းနေတယ်လို့ အခါခါ
မပြောတော့ဘူး ချစ်သူ
မလွမ်းလို့တော့ မဟုတ်ဘူး...
လွမ်းစရာ ဒဏ်ရာတွေနဲ့
နာကျင်ရသူ ငါလိုလူက
ဒီဇမ္ဗူမှာ တစ်ယောက်တည်းပါ
နှလုံးသားကို တံတားခင်း
နင်းဖြတ်သွားပါ ချစ်သူ
မင်းအတွက်ဆို ပေးဆပ်ပြီသား
ဝေးခွါနေပေမဲ့ တစ်နေ့မှ
မေ့မရတဲ့ ငါရဲ့အလွမ်း
ပန်းတစ်ပွင့်မှ မဟုတ်တော့
ဘယ် နွမ်းကြွေပါ့မလဲ ချစ်သူ...
တစ်ကောင်ဘွား(ဓာတ်တော်)
*အသည်းတစ်ခြမ်းနဲ့ လွမ်းတယ်*
သစ္စာနဲ့ရင်းပြီး
ကိုယ်ပျိုးခဲ့တာ အချစ်သစ်ပင်
နာကျင်မယ်မှန်း သိခဲ့ရင်
ကြင်နာမိမယ် မထင်...အခုတော့
ငါ့ကို ချစ်မိလို့ နာကျင်နေပြီလား.
ဖူးပွင့်ဝေဆာ အလွမ်းတွေက
ငါ့မျက်ရည်က ရှင်သန်စေတာလား
စဉ်းစားရင်းနဲ့ ငါ နှလုံးသားလည်း
နာကျင်နေပြီ ချစ်သူရယ်..
အဝေးရောက်နေတဲ့ ချစ်သူ
ပြန်လာပါတော့လို့ ခေါ်ခြင်ပေမဲ့
ချန်ခဲ့ကာ ရင်ခွင်သစ်နဲ့
အကြင်နာသစ်ပင်အောက်မှာ
နင်တစ်ယောက် ထာဝရ
ပျော်နိုင်ပါစေလို့ တောင်းဆုခြွေရင်း
ကျန်ရစ်သူ ငါလိုလူက နာကျင်သည့် အသဲတစ်ခြမ်းနဲ့ လွမ်းရဦးမယ်..
တစ်ကောင်ဘွား(ဓာတ်တော်)
*သာဓုခေါ်ပါ မွေးမာတာ*
သားလေးလူငယ် ငယ်ရွယ်စဉ်က
ကြီးမားလှစွာ မေမေတ္တာကို
သားကအတည် နားမလည်ပြီ
ရင်ခွင်ပိုက်ထွေး နို့ချိုကျွေးလို့
တေးချိုသံသော့ အမေချော့ကာ
အိပ်ပါသားငယ် မေရင်ခွင်ဝယ်
သားမောင်လူလေး အိပ်စက်ခဲ့တယ်
ခုတော့သားငယ် မေနဲ့ဝေးမှ
အေးချမ်းသာယာ မေမေတ္တာကို
သားမှအတည် နားလည်ပြီမို့
မွေးမေရည်မှန်း လှုဒါန်းကုသိုလ်
သားလေး အမျှ ပေးဝေပါပြီ
မွေးဌာနေမှ သာဓုခေါ်ပါ မေမေ...
တစ်ကောင်ဘွား(ဓာတ်တော်)
* အမုန်းလက်ဆောင်*
အလွမ်းဝေဒနာတွေနဲ့
အခန်းလေးထဲမှာ
ငိုနေဆဲ မျက်ရည်တွေက
နင်ကို လွမ်းတဲ့ သက်သေ...
အမျက်မပြေ နင့်အမုန်းတွေက
နှလုံးသားကို နှိပ်စက်
အသဲတွေလည်း ကွဲအပ်နေပြီ...
ငါ့နှလုံးသားကို အမှောင်ဖုံး
နင့်အပြုံးတွေ ကွယ်ပျောက်
အမုန်းတွေကို မဖိတ်ခေါ်ပဲ
ငါဆီ ရောက်လာ အဲ့ဒါတွေက
နင်ပေးတဲ့ လက်ဆောင်တဲ့လား..?
အမှတ်တရတွေ မပေးလည်း
ငါတို့ဝေးနေပေမဲ့ နင်ပေးတဲ့ဒဏ်ရာ
သေရာပါမဲ့ အမှတ်တရမို့
ထာဝရ အမှတ်ရနေမှာပါ ချစ်သူ...
တစ်ကောင်ဘွား(ဓာတ်တော်)
ညီလေးလွမ်းဝေ(ပျော်ဘွယ်)အတွက် အမှတ်တရ ရေးသားခြင်းပါ
*မျက်ရည်သက်သေ*
ကြာတော့လည်း ကြာခဲ့ပြီ
ဒါပေမဲ့ မနေ့တစ်နေ့ကလိုပဲ
စိတ်ထဲထင်မှတ် လွမ်းရက်တွေကို
လက်ချိုးရေတွက်ကြည့်သော်
သြော်..နှစ်လရာသီ အလီလီ
ပြောင်းလဲခဲ့ပေမဲ့
မဟောင်းမေတ္တာ နှောင်းသစ္စာကို
သက်သေပြစရာ ပါးပြင်ထက်မှာ
ကြွေဆင်းလာသည့် မျက်ရည်တွေပဲ
ရှိပါတော့တယ် ချစ်သူရယ်...
မဖိတ်ခေါ်ပဲ ရောက်လာတဲ့
အလွမ်းတွေသာ ပန်းတစ်ပွင့်လို
နွမ်းလွင့်ကြွေခဲ့ရင်တောင်
ယုယစွာနမ်းရှိုက်နေမည့်သူဟာ
ဒို့တစ်ယောက်ထဲပါ ချစ်သူ...
တစ်ကောင်ဘွား(ဓာတ်တော်)
ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေနော် အားပေးနေသေးရင် တစ်ခုခုလောက် ပြောကြည့်ပါလား
တစ်ကောင်ဘွား(ဓာတ်တော်)
09775738619
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ