*ဒီဆောင်း စပါးရောင်းလို့ အပျိုတောင်းမည်*
*ဆောင်းလရာသီ
နှင်းရည် စိုဖျန်းပါလို့
မြောက်လေ သရမ်းကာပ
ချမ်းလှသည်။
တို့တောရွာဆီ နေခြည် "တ"တယ်လေး
နွေးမှ တော်မည်။
*ရွှေဝါရောင် ဝင်းပါလို့
လယ်ကွင်းပြင်ဆီ
"အေး"သည် ကို မှုပါဘဲရယ်နှင့်
လူ စု ဖေါ်သင်း ကောက်ရိက်ခြင်းကိုတဲ့
ဆင်းကြရသည်။
လုံမေ မဒီ ပါးဆီဖွေးတယ်လေး
မွှေးနံ့သာရည် ။
* ချိုကြည်မျက်နှာပေးရယ်နှင့်
ပျို့ ဘေးနား ဆီ တွဲကူညီ ရိက်သိမ်းကာပ
တိမ်းညွှတ် ချစ်များ အင်အားပြရင်းသာပ
ချစ်ခြင်း ရိပ်ရောင် ။
ပျိုလေးတို့မောင် စွမ်းဆောင်ပြတယ်လေး
မျှ ချစ် ရအောင် ။
အချင်းချင်းသာပ ရင်နှီး နောက် ပြောင်
ပျိုတို့မောင် ထွန်စိုက်ပျိုးပါလို့
စပါး ပွားတိုး ဆွေမျိုးတွေဖိတ်ပါလို့
မီးခိုးတိတ်စေ ။
ကြွေခြင်လှပေ ပျိုမေ လေး ရယ်လေး
ပေးကွဲ့အဖြေ။
*နွားပျိုများရယ်နှင့် လုပ်စားလယ်မြေ
တူနှစ်ကိုယ် နေအိမ် ဝင်းရယ်တို့
ပေးနှင်းမည်လား မိကောင်းသား ပီသစွာ
နားဖေါက်လှည့်ပါ ။
စေ့စပ်ပြီးခါ
ရက်သာ ရွေးကွယ်လေး
ပျို ပေး ဖြေရာ ။
*ဒီဆောင်းခါ ရ စပါးကိုလ
ရောင်းချ အများ ။
တောင်းပါ့မယ် မဒီခင်ကို
မင်္ဂလာ ရွေး ရက်များမှာလ
ကြွေး မည် ဝက်သား ။
ဝန
ရွေးချယ်ကြည့်ရှုရန်
Friday, 13 January 2017
ဒီဆောင်းစပါးရောင်း၍ အပျိုတောင်းမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ