ကိုကိုရဲ့ကလေးလေး ... 😍😍
ကလေးတစ်ယောက်လိုပေါ့
ကျွန်မက ဂျီကျတတ်တယ် ..
ကလေးတစ်ယောက်လိုပေါ့
ကျွန်မက ဆိုးနွဲ့တတ်တယ် ..
ကျွန်မဘေးက ပဲ့ကိုင်ရှင်အဖြစ်
ကျွန်မကိုချစ်ပေးမယ့်ကိုကို
ကျွန်မအတွက်လမ်းမှန်ကိုသင်ပြပေးမယ့်ကိုကို
ကျွန်မရဲ့ အရှင်သခင်ဖြစ်မယ့်ကိုကို့အတွက်
ကလေးတစ်ယောက်လိုပေါ့
ကျွန်မ ဆက်ပြီးဂျီကဦးမယ် ..
ကလေးတစ်ယောက်လိုပေါ့
ကျွန်မဆက်ပြီး ဆိုးနွဲ့ဦးမယ် ...
ကိုကို့ကိုချွဲနွဲ့ဖို့အတွက်
ကျွန်မဆက်ပြီးကလေးဆန်နေဦးမယ်နော် .. 😍😍😍
မုန်း (BeeTalk)
ရွေးချယ်ကြည့်ရှုရန်
Sunday, 22 January 2017
ကိုကိုရဲ့ကလေးလေး
ဥယျာဉ်မှုး
ဥယျာဉ်မှူး ...
မခူးရက်ပါ ..
ဆူးချက်ကို ကြောက်လို့မဟုတ် ..
မဆင်ရက်ပါ
ပင်ထက်ကို မမီလို့မဟုတ် ..
မနမ်းရက်ပါ
အလှမ်းခက်မှာ စိုးလို့မဟုတ် ..
ခူးချင် ဆင်ချင် ယုယချင်မင့်
သခင့်အတွက် ပင့်သက်ဟာ " ကဗျာ "
" ကာရန် " ဟာအိပ်မက်ပေမို့
ရက်လမှ နှစ်တွေပြောင်း
သြော် ... အသက်တမျှ ချစ်နေကြောင်းကို
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှူးလို ကျွန်ုပ် ... .. ...
မောင်စိန်ဝင်း - ပုတီးကုန်း
သူမရှိလည်း အဆင်ပြေနေပါတယ်
အရင်လိုရန်ဖြစ်နေကျ လူတစ်ယောက်မရှိတော့
နည်းနည်းတော့ပျင်းတယ် ..
အရင်လို ကိုယ်တို့နှစ်ယောက်ရန်ဖြစ်ကြလိုက
ပြတ်ပြီလို့ပြောတဲ့အခါတိုင်း
ဘယ်နှစ်ရက်လဲလို့ မေးတတ်ကြတဲ့သူငယ်ချင်းတွေဆီက
အခုဆို ... အဲ့လိုမေးခွန်းမျိုးမကြားရတော့တာကြာပေါ့
လွမ်းတော့လွမ်းမိတုန်းပဲ
ဒါပေမယ့် ..
အမှတ်တရတွေအရင်လိုမပြောဖြစ်တော့ဘူး
စိတ်ထဲတော့ရှိနေတုန်းပဲ
ဒါပေမယ့် ...
သူငယ်ချင်းတွေကို အရင်လိုအပူမကပ်တော့ဘူး
နေတတ်လာတာမဟုတ်ပေမယ့်လည်း
တစ်နေ့နဲ့ တစ်နေ့
နေနိုင်လာအောင် ကြိုးစားခဲ့ရတာ .. ..
♡ နန်းသဇင်ကို ♡
Credit - ကို့ရဲ့ရစ်လုံးလေး
Sunday, 15 January 2017
နောက်တစ်ခါမဆုံးရှုံးရပါစေနဲ့
💗💗 နောက်ထပ်တစ်ခါ မဆုံးရှုံးပါရစေနဲ့ 💗💗
အတွေးတွေ အဆုံးမသတ်သေးခင်မှာပဲ ..
အလွမ်းအိပ်မက်တွေ ဆက်တိုက်မက်နေဆဲ
ကိုယ်မဝေးဖို့ကြိုးစားနေရင်းက
တဖြည်းဖြည်းလွင့်မျောလာလိုက်တာ
သတိတရရှိလာချိန်မှာတော့
သူ့အရိပ်တွေ မှုံရီဝိုးတ၀ါးကျန်နေခဲ့ပြီလေ ..
အချစ်နဲ့ကပ်ပါနေတဲ့ အလွမ်းဒဏ်ရာတွေက
ကိုယ့်ရင်ကို ထပ်ခါထပ်ခါ နာကျင်စေတဲ့အခါ ..
အချစ်တဲ့လား ..
နောက်တစ်ကြိမ် ပြန်ဆုံဖို့ကို ကြောက်နေမိပြီ ..
အချစ်စစ်ဆိုတာကို မတွေ့နိုင်သေးခင်မှာတော့
ဟန်ဆောင်ခြင်းတွေကြားက သူ့အချစ်တွေလည်း
မှန်ကန်မှုမရှိမှာ ကိုယ်ကြောက်နေတယ် ..
ဒီတစ်ကြိမ် ထပ်ဆုံးရှုံးရရင်ဖြင့် ..
အချစ်နဲ့အတူ ....
ကိုယ်သေဆုံးသွားနိုင်တယ် .. 💗💗
မုန်း (BeeTalk)
ဝေးခဲ့ပြီးနောက်မှာ
ဝေးခဲ့ပြီးနောက်မှာ ... 😢😢
မင်းနဲ့ဝေးခဲ့ပြီးနောက်
ငါဟာ စံကားဖြူတစ်ပွင့်လို ရှင်သန်ခဲ့ပါတယ်
နင် အဆင်ပြေပါစေလို့သာ အကြိမ်ကြိမ်ဆုတောင်းရင်း
ငါဆိုတာ တဖြည်းဖြည်းချင်း ပါးလျလို့
လွင့်ဝဲသွားတဲ့ ရွက်ကြွေတွေလို
တစ်ဖန်ပြန်လည် မစိမ်းစိုနိုင်တော့ပြီ
မှုတ်ထုတ်လိုက်တဲ့ ဝါဂွမ်းစတွေလို
ဘယ်လို ပြန်ဆယ်ယူရပါ့မလဲ
ရှိပါစေတော့.......
ချစ်တယ်ဆိုတာ တကယ်ခက်ပါတယ်
မပင်ပန်းစေချင်လို့ ဆွဲမထားရက်သောအခါ
ချန်ထားရစ်ခဲ့ဖို့ ငါဟာ သန်မာသူဖြစ်ရောလား
မင်းခိုက်စိုးစန်ရဲ့ မှန်လေးအတိုင်းပေါ့
ငါ့ကိုကြည့်လို့ မင်းကိုယ်မင်းပဲ မြင်ရမှာပါ
ငါဟာ မင်းနဲ့အတူတူပဲလို့ သိရှိခဲ့ရင်ပဲ
ကျေနပ်ပါပြီ
မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းကို
စံကားပွင့်တွေထဲထည့်ပြီး ဘုရားမှာလှူလိုက်တယ်
တပည့်တော်မ သစ္စာပန်းကပ်ပါတယ် ဘုရား
ဤမှန်သောသစ္စာကြောင့် ....
သူ အသက်ရှည်ရာ အနာမဲ့ပါစေသား... 😢😢😢
Credit - YAM
..
ဟိုးတုန်းကငယ်စဉ်အချိန်တွေ
ဟိုးးတုန်းက ငယ်စဉ်အချိန်တွေ .. 🎸🎸🎸
ဒီလို ဂစ်တာသံလေးမကြားရတာ
ဘယ်လောက်ကြာပြီလဲ
လမ်းဘေးဝိုင်းလေးက
ဟိုတစ်ပုဒ် ဒီတစ်ပိုဒ်
ရောက်တတ်ရာရာ တီးခေါက်နေပေမယ့်
လွတ်လပ်မှုအပြည့်နဲ့ စီးမျောနိုင်လို့
ကျမတော့ သိပ်သဘောကျတယ်
ကိုယ်တွေခေတ်တုန်းကဆို
ဂစ်တာတီးတတ်တဲ့ကောင်လေးတွေ
ဆိုတာ ဘယ်လောက်ဆော်ကြည်လိုက်သလဲ
မှတ်မိသေးတယ် ဆယ်တန်းတုန်းကပေါ့
မီးကပျက်တော့ ဖယောင်းတိုင်လေးနဲ့ Bioတွေ ကျက်နေတုန်း
အိမ်ရှေ့မှာ သီချင်းလာဆိုနေတဲ့
အိုပါးတစ်သိုက်က
မျိုးကြီးရဲ့ " မင်းသိဖို့ကောင်းတယ် စွဲမိတဲ့မင်းရဲ့အပြုံးလေး" တွေဆိုတာနဲ့
လက်နှစ်ဖက်ကို မေးမှာထောက်လို့
လိုက်ဆိုနေတဲ့ 16 နှစ်သမီးရဲ့ အပြုံးတွေကို
ကောင်းကောင်းကြီးမှတ်မိသေးတယ်
သံစဉ်တွေကိုချစ်မြတ်နိုးတာမှန်ပေမယ့်
Dj နဲ့ယှဉ်ရင် ဂစ်တာလေးကိုတော့ ပိုသလားပဲ
သြော် ငါလေးလည်း အသက်ကြီးလာပြီပဲ .... 🎸🎸🎸🎸
Credit - မေ (မောင်ဖတ်ဖို့)
Saturday, 14 January 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၂
*** ပုံရိပ်တစ်ခုကို ရူးသွပ်ခြင်း ***
ကောင်းကင်မှာ သာတဲ့လ
ရေကန်ထဲခုန်ချ
လှလိုက်တဲ့ '" ည "'
လေဟုန်စီးတဲ့ တိမ်ထု
လိမ့်ကျမှု့
လှပမှု့တွေဖျက်ဆီး(စီး)
မိုးအဖြစ်အသက်သွင်းပြီး
ငါ့ရင်ထဲကို ရွာချလိုက်တယ်...
တကယ်ပါဗျာ....
အဲ့ဒီ ညမှ စ
ငါ့ရင်ထဲက "' လ "'တစ်စင်း
လေပြေလေးရယ်...
ငယ်လေးရယ်..
လေးနှင်းဖြူရယ်...
ဆုံးရှုံးခံလိုက်ရတယ် .....
ပုံရိပ် ပုံရိပ်တွေ
တလိမ့်လိမ့်နဲ့ ည လသာတယ် ။ ။
တချိန်က ကုမုဒြာ
===================================
*မမေ့နိုင်တဲ့ တေးတစ်ပုဒ်*
ခေတ်ပေါ်သံစဉ် တေးသီချင်းတွေ
ဘယ်လိုကောင်းစေ သားမောင်ရင်ထဲ
မေမေသီဆို ချော့သိပ်ဖူးတဲ့
အို အို ဆိုတဲ့ တေးတစ်ပုဒ်လို
မသာယာပါဘူး မေမေ...
ခေတ်ပေါ်ဇာတ်လမ်း အသစ်လေးတွေ
ဘယ်လိုကောင်းစေ ငယ်စဉ်ခါက
အိပ်ယာဝင်တိုင်း ပုံပြောပြဖူးတဲ့
မေမေရဲ့ ပုံပြင်ဟောင်းတွေလောက်
သားမောင် မစွဲလန်းပါဘူး မေမေ..
နှစ်တွေကြာညောင်းသွားပေမဲ့
သားမောင် တစ်နေ့ ပြန်လာခဲ့ရင်
မမေ့နိုင်တဲ့တေးတစ်ပုဒ်နဲ့
မေမေ ရင်ခွင်မှာ ခဏတာလေး
မှေးစက်ခွင့်ပြုပါ မေမေ...
တစ်ကောင်ဘွား(ဓာတ်တော်)
အမေများနေ့ကို ဒီကဗျာလေးဖြင့် မြန်မာလူငယ်သတင်းစုံမှ ကြိုဆိုဂုဏ်ပြုပါသည်
===================================
ကောင်းကင်မေမေ
တမ်းတမိတယ်အမေ
သားခိုဝင်ပြေး
နွေးထွေးတဲ့အမေ့ရင်ငွေ့
တွေ့ချင်တယ်အမေ
ပါးရေတွေတွန့်တွဲ
လွန်ဆွဲနေတဲ့
ဇရာနဲ့မရဏကြားက
အမေ့ရုပ်သွင်
မြင်ချင်တယ်အမေ
ရီဝေတဲ့အကြည့်နဲ့
သားရှိမယ့်အရပ်
နေ့စဉ်မပြတ်
မေတ္တာဓာတ်လွှင့်နေမယ့်
အမေ့ရဲ့ဂရုဏာရုပ်လွှာ
ဟုတ်တာကိုညွှန်ပြ
သားပညာချွန်မှ
နွံကထွက်နိုင်မယ်သား
ခွန်အားအပြည့်ပေး
သားရှေ့ရေးဟာ
အမေပေးတဲ့
ပညာရေးနဲ့
ကြင်ယာမနှေးအတွက်
အမေပေးတဲ့
ဝမ်းရေးအတက်ပါပဲမေ
လမ်းအထွေထွေ
ညွှန်ကာပြ
လွန်ကာမှသိတဲ့
အမေ့စေတနာ
တပြည်တရွာကသား
တန်ဖိုးထားရမှန်း
သိပြီအမေ
တဖွဖွခြွေတဲ့
ဆုံးမစကားနဲ့
သားအတွက်ဆို
ရှိသမျှမခြွေတာ
မိဘနေရာကသား
အမေ့စိတ်မျိုး
ထားနိုင်ခဲ့သလို
အမေ့ကိုပိုရိုကျိုး
သားရှစ်ခိုးပါတယ်အမေ
ဒီနေ့ ဒီရက် ဒီမနက်ဟာ
လောကသတ်မှတ်
အမေ့တွက်
နေ့ထူးနေ့မြတ်ပေါ့
သားကန်တော့ပါတယ်အမေ
ဘ၀အခြေငယ်စ
အမေဆိုပြတဲ့
အေး အေး အိုသီချင်းနဲ့
မိုးလင်းခဲ့တဲ့သားဘဝ
အခုဆိုလက်တွေ့ဆိုပြလို့
အဖနေရာကအမေ့သား
အမေများရဲ့
မေတ္တာတရားကို
ဖော်ပြခွင့်ရခဲ့ပြီအမေ့ ။
သူရဇ္ဇ
===================================
ပျော်ပါစေ
ဆိုပြဖူးတဲ့ ၀န သီချင်း
အလိုက်ကမ်းဆိုးမသိ
Cheery FM ကလွှင့်နေလို့
ရေဒီယို
ထပိတ်ပစ်လိုက်ရတယ်
ခေါင်းစဉ်စတပ်ကတည်းက
နာလိုက်ရတဲ့ဇာတ်
the End စာတန်းထိုးသွားတော့
အကယ်ဒမီက
သူများလက်ထဲမှာ
ငါ့မျက်ရည်ကြောင့်
စိတ်ချမ်းသာမယ်ဆို
မြန်မာပြည်မှာ
ဧရာဝတီ
နောက်တစင်းဖြစ်အောင်
့ ငါငိုပေးပါ့မယ်။
အချစ်ဆိုတဲ့
ဘာသာဗေဒမှာ
အသည်းကွဲနည်းတွေပဲ
အလွတ်ကျက်ခဲ့မိသလားမသိ့ 
ပျောက်သောသူ
ရှာရင်တွေ့ တဲ့
မနက်ဖြန်သတင်းစာမှာ
လူပျောက်ကြော်ငြာဖို့ထိတွေးထားလည်း
မတွေ့ ချင်လို့
ရှောင်ပုန်းနေသူကိုတော့ ။
တကယ်တော့တိမ်တွေဟာ
ငွေ့ ရည်မပါပဲ
အလည်လာတာပါ
ငါ့မျက်ဝန်းနဲ့ထိမှ
မုံရွာမှာ
မိုးရွာဖြစ်သွားတာ့ ။
သူရဇ္ဇ
===================================
လိပ်စာမှားတဲ့ဖူးစာ......
မျက်လုံးချင်းဆုံရင်တွေခုန်တတ်စ
မနူးမနပ်ငယ်ဘဝတုန်းကနေ
ဖြည့်ဆည်းပေးရင်းနဲ့ အချစ်ဆိုတာကို
မျှော်လင့်တကြီးနဲ့မှီဝဲခဲ့ဖူးတယ်.......
အဲ့ဒီအချိန်တုန်းကများ
အရာရာတွေဟာ ထူးဆန်းလွန်းလို့.....
ချစ်သူရဲ့ ရီသံ
ချစ်သူရဲ့အပြုံး
ချစ်သူရဲ့စကား
ချစ်သူရဲ့အထှာတွေ
အားလုံး အားလုံးဟာ ဆန်းပြားနေလိုက်ကြတာ..
ချစ်တယ်လို့ထင်တာကို ဖူးစာလို့ယုံခဲ့လေတော့
မာယာတွေဆိုတာ အဆင်တန်ဆာတွေလိုပဲ
ရည်ရွယ်ချက်ခြင်းမတူတဲ့ ဒို့တတွေ
ဘာကြောင့်များဆုံခဲ့ကြပါလိမ့်.........
မျက်မမြင်မြှားနတ်မောင်က
ယောင်ဝါးဝါးပစ်ချက်ဟာ
အချိန်နဲ့နေရာ မှားယွင်းစွာစူးခဲ့လေတယ်..
ရှိန်းတမ်᠌᠌᠌
==================================
ကဗျာဂျာနယ်လေးကို အားပေးဖတ်ရှုပေးတာ အထူးကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ကဗျာလေးတွေကိုလည်းပေးပို့ဖို့ဖိတ်ခေါ်ပါတယ်။
ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ viber ဖုန်းနံပါတ် 09256480246 ကို ပေးပို့နိုင်ပါတယ်။
Friday, 13 January 2017
ဒီဆောင်းစပါးရောင်း၍ အပျိုတောင်းမည်
*ဒီဆောင်း စပါးရောင်းလို့ အပျိုတောင်းမည်*
*ဆောင်းလရာသီ
နှင်းရည် စိုဖျန်းပါလို့
မြောက်လေ သရမ်းကာပ
ချမ်းလှသည်။
တို့တောရွာဆီ နေခြည် "တ"တယ်လေး
နွေးမှ တော်မည်။
*ရွှေဝါရောင် ဝင်းပါလို့
လယ်ကွင်းပြင်ဆီ
"အေး"သည် ကို မှုပါဘဲရယ်နှင့်
လူ စု ဖေါ်သင်း ကောက်ရိက်ခြင်းကိုတဲ့
ဆင်းကြရသည်။
လုံမေ မဒီ ပါးဆီဖွေးတယ်လေး
မွှေးနံ့သာရည် ။
* ချိုကြည်မျက်နှာပေးရယ်နှင့်
ပျို့ ဘေးနား ဆီ တွဲကူညီ ရိက်သိမ်းကာပ
တိမ်းညွှတ် ချစ်များ အင်အားပြရင်းသာပ
ချစ်ခြင်း ရိပ်ရောင် ။
ပျိုလေးတို့မောင် စွမ်းဆောင်ပြတယ်လေး
မျှ ချစ် ရအောင် ။
အချင်းချင်းသာပ ရင်နှီး နောက် ပြောင်
ပျိုတို့မောင် ထွန်စိုက်ပျိုးပါလို့
စပါး ပွားတိုး ဆွေမျိုးတွေဖိတ်ပါလို့
မီးခိုးတိတ်စေ ။
ကြွေခြင်လှပေ ပျိုမေ လေး ရယ်လေး
ပေးကွဲ့အဖြေ။
*နွားပျိုများရယ်နှင့် လုပ်စားလယ်မြေ
တူနှစ်ကိုယ် နေအိမ် ဝင်းရယ်တို့
ပေးနှင်းမည်လား မိကောင်းသား ပီသစွာ
နားဖေါက်လှည့်ပါ ။
စေ့စပ်ပြီးခါ
ရက်သာ ရွေးကွယ်လေး
ပျို ပေး ဖြေရာ ။
*ဒီဆောင်းခါ ရ စပါးကိုလ
ရောင်းချ အများ ။
တောင်းပါ့မယ် မဒီခင်ကို
မင်္ဂလာ ရွေး ရက်များမှာလ
ကြွေး မည် ဝက်သား ။
ဝန
Tuesday, 10 January 2017
Monday, 2 January 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၁
မင်္ဂလာပါဗျာ ကျွန်တော်တို့ရဲ့ ကဗျာ ဂျာနယ် အစီအစဉ်လေးကနေ တစ်ဖန်ပြန်လည်ကြိုဆိုပါရစေ။
ပထမတွဲ မှာ ကဗျာပါဝင် ရေးသားခဲ့ကြတဲ့ ညီကို မောင်နှမတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၁ ကနေ စတင်ပြီး ကဗျာ ရေးသားသူ အားလုံးကို ကဗျာ စာအုပ် App လေး လက်ဆောင်ပေးအပ်မှာပဲဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်မှ ကဗျာ ဝါသနာရှင် ညီကို မောင်နှမများ ကိုလည်း ကဗျာတွေ ပေးပို့ဖို့ ဖိတ်ခေါ်ပါရစေဗျာ။
* ဇီဝိန်ကြွေ *
ကော်ဖီမရှိတဲ့ကမ္ဘာငယ်လေးရေ
ဗာဒံစေ့တွေက
မင်းအတွက်စားသောက်ကုန်ပေါ့
အပြင်းစားအရက်တလုံးကို
ပါကင်ဖွင့်ဖောက်လိုက်သောအခါ
တူညီနေတဲ့လက်တစုံ
အရောင်တွေတောက်ပနေသော
မျက်ဝန်းနက်တချို့
ဒီညကိုခါးသက်စေပါတယ်
အရှေ့အရပ်ကကြားနေရတဲ့
အာဇာနည်မြင်းတကောင်ရဲ့
ခွာပေါက်သံက
မရဏအကျ ည်းသားတွေရဲ့
နှလုံးသားထဲပင်စွဲဝင်သွားခဲ့ဖူးပေါ့
သစ်ရွက်တွေကြွေခဲ့ရပါပြီ
ကြင်နာသူကြည်ဖြူ လေမလား
လွမ်းတေးကိုဆိုမိပေါ့
ညမွှေးပန်းလေးတွေနဲ့
မိုးသောက်ကြယ်အလှမ်းဝေးခဲ့ပြီ ။
မျက်ရည်
____________________________________________
ရင်ကိုရိုက်သောလှိုင်း
အပျော်တွေထင်ရဲ့
ငါ့ခေါင်းပေါ်ကနေ
ဖြတ်ပျံသွားကြတာ
ရင်ဘတ်ကိုအားနာလို့
မော့မကြည့်ဖြစ်
ဒီလိုနဲ့ပဲ
အိမ်မက်မြစ်တွေ
ရင်ကမ်းပါးကို
တိုက်စားသွားလိုက်တာ
သတိရခြင်းတွေ
အလွမ်းပင်လယ်ထဲမှာ
သောင်ထွန်းလို့
အနောက်ယွန်းယွန်းဆီ
နေခိုသွားတာတောင်
မျက်ရည်လှိုင်းတံပိုးတွေ
ဒီသောင်ကိုတ၀ုန်းဝုန်း
ရိုက်ပုတ်နေတုန့်း့ ။
သူရဇ္ဇ
____________________________________________
မပြည့်လေသော
ဆုတောင်း
ရင်ဘတ်ကြီးတခုလုံး
အသုံးမကျတော့လောက်အောင်
ကြေမွခဲ့ရပြီ
ထိရှလွယ်တဲ့အသဲ
မြင်မကောင်းအောင်
ထပ်ခြမ်းကွဲလို့
မချစ်ရဲလောက်အောင်
ကြောက်လန့်ခဲ့ရ
နောက်ကျကျန်တဲ့အချစ်
ရှေ့ဆက်ဖို့လမ်းဆုံး
နင့်ကိုလွမ်းတုန်းလေးတော့
ငါငိုပါရစေနော်
အပျော်မှာ
ဟန်ဆောင်တာပါပေမယ့်
ငိုကြွေးခြင်းကို
ဖုံးကွယ်မရလို့
မျက်ရည်ကျတဲ့အခါ
မမြင်သလိုသာ
လှည့်ထွက်သွားပါ
ကျရှုံးခြင်းနိဂုံးအတွက်
နင့်ဆီက
နှစ်သိမ့်အပြုံးတချက်
မလိုအပ်တော့ပါ
ဖြည့်စွက်ဆန္ဒ
ဆုတောင်းသမျှ
ပြည့်စေသတည်းဆို
ပြုချင်တယ်ဆုတခု
ယခုဘ၀မက
နောင်ဘ၀ထိတိုင်
အလွမ်းမိုင်တိုင်နဲ့အဝေး
အဆွေးကင်းတဲ့
လူတယောက်အဖြစ်သာ
လိုချင်မိပါရဲ့ ။
သူရဇ္ဇ
____________________________________________
ဆောင်းရင်ခွင်
ချမ်းအေးလွန်တဲ့ဆောင်း
ချစ်သူရင်ခွင်ခိုဝင်ချင်မိ
အေးမြတဲ့နှင်း ငါ့ရင်တွေပူလောင်စေမိ
တမ်တမိတဲ့အလွမ်း
ဖြေမဆည်နိုင်ပါ၏
လှမ်းခေါ်လို့ရရင်
ခေါ်ချင်မိပါ၏
မြတ်နိုးခင်
____________________________________________
ချစ်သူဆီ့ သို့
တောင်းဆု
အတူတူခင်းခဲ့တဲ့
စကားစစ်
အစစ်နဲ့ချစ်တဲ့သူ
ရင်နာတာချင်း
တူပေမယ့်
ဘ၀င်ပိုပူတယ်ချစ်သူ
အရှုံးပေးပေမယ့်
ငါရတက်မအေးနိုင်တဲ့
တန်ပြန်ဝဋ်
ငါ့လိုမချစ်နိုင်တဲ့သူနဲ့တွေ့ 
နင်ကြုံတွေ့ ရမှာကိုပေါ့
သက်ပြင်းမချနိုင်တဲ့
ထိုအသိ
နင်မထိရလေအောင်
ငါ့ရင်ကိုဖိ
ဦးညွတ်မိတဲ့
မြတ်ဘုရားရှေ့
မျက်ရည်ဝေ့ဝေ့ခြွေ
အသင်္ချေရွေ့ သမျှ
ဒုက္ခတွေ
ကင်းနိုင်ပါစေ
ချစ်သူရေ့ ။
သူရဇ္ဇ
___________________________________________
ဒီတစ်ပတ်ရဲ့ ကဗျာ ဂျာနယ် အစီအစဉ်လေးကတော့ ဒီလောက်ပါပဲဗျာ။ ကဗျာတွေ ရေးသားပေးခဲ့ကြတဲ့ မြန်မာလူငယ်သတင်းစုံ ကဗျာ Group လေးထဲက သူငယ်ချင်းတွေအားလုံးကို အထူးကျေးဇူးတင်ပာတယ်။
ကျွန်တော်တို့ရဲ့ ကဗျာ ဂျာနယ်အစီအစဉ်လေးမှ ပါဝင်ပြီး ကဗျာတွေ ရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်။
ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာပေးပို့ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09-256480246(Viber) သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်လေးကို ပါဝင်ကြသူများအတွက် အမှတ်တရလက်ဆောင်အနေနဲ့ စာအုပ်လေးလုပ်ထားပါတယ်။
ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်အောင် ပြုလုပ်ထားတဲ့အတွက် ဒီနေရာ လေးကိုနှိပ်ပြီး Download ရယူလိုက်ပါဗျာ။