Monday, 15 August 2016

အချစ်ဦးကိုတမ်းတနေတဲ့ချစ်သူသို့




အချစ်ဦးကိုတမ်းတနေတဲ့ ချစ်သူသို့ ..

အချစ်ဦးမို့ နားလည်ပေးရမတဲ့လား 

နောက်လူရင်ကိုပြန်ငဲ့မကြည့်တော့ဘူးလား ..

အချစ်ဦးမို့ မမေ့နိုင်သေးဘူးဆိုခဲ့ရင်တောင်

အနားမှာရှိသူရဲ့ နှလုံးသားကို စာနာသင့်ပါတယ် ..

ချစ်သူရေ ..

မင်းချစ်သူငါ့ကိုဘေးမှာထားပြီး

အချစ်ဦးနဲ့ဆက်သွယ် ... 

အချစ်ဦးဆိုတာကိုတမ်းတနေတာကတော့ ..

ငါ့ရင်ရဲ့ခံစားချက်တွေ 

အစွန်းရောက်တယ်ပဲဆိုလေမလား ..

နှလုံးသားတစ်ခုလုံးမှာ

ခံစားရလွန်းလို့ နာကျင်နေရပြီ ..

နားလည်မှုဆိုတဲ့စကားမှာ

အခြားသူတစ်ယောက်ဆီ 

အစွန်းကုန်ရောက်နေတဲ့စိတ်တစ်ခုကို

လိုက်လံဖမ်းဆုပ်ပေးရတဲ့အထိနားလည်ရတော့မှာလား ..

ငါလေ ... ချစ်လွန်းလို့လည်း ရူးနိုင်တယ် ..

ခံရခက်လွန်းလို့လည်း ရူးနိုင်တယ် ..

အဲ့ဒီလိုနဲ့ ...

မင်းပေးတဲ့ဒဏ်ရာတွေ နက်သထက်နက်လာတဲ့အခါ ..

ငါ့နှလုံးသားလည်း သေသွားနိုင်သေးတယ် ..

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ