အလွမ်းတောအုပ်ငယ် ..
မိုးလေးဖွဲဖွဲရွာတယ်
မင်းကို သတိရတယ်
ကော်ဖီအေးအေးလေး ခါးတယ်
မင်းကို တမ်းတတယ်
သီချင်းဟောင်းလေးတွေကြားတယ်
မင်းကို မှန်းဆလွမ်းရတယ်
စက်ဘီးလေးတစ်စီးဖြတ်သွားတယ်
မင်းနဲ့အတိတ်ကို ပြန်ရောက်တယ်
တစ်ကယ်တော့ အလွမ်းဆိုတာ...
အချစ်ကိုထွန်ယက်မိကတည်းက
မလိုချင်လည်း ဖြစ်ထွန်းခဲ့တဲ့
ဝဋ်နာကံနာ တစ်ခု
အချိန်မီ မရိတ်သိမ်းနိုင်ခဲ့တော့
အလွမ်းတွေအမှည့်လွန်ပြီး
ကြွေ....ပြီးရင်း....ကြွေ....
တောနက်သထက်နက်လာတာကလွဲ
အလွမ်းမှာ အတောမသတ်နိုင်ဆဲ....
ဒီလိုနဲ့...
အချိန်တိုင်း နှစ်ဆပွားပြီး
"ငါ မင်းကို ချစ်တယ်".....။ ။
ပန်းပွင့်လေး (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ