Monday, 8 August 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၈၉

ဖြောင့်ချက်

အိမ်မက်မြစ်ဖျားအစ
ငို​ကြွေးခြင်းက​လှောင်
နောင်တ​တွေက
နှောင်ကြိုးတည်းထားတဲ့
ခြေချူပ်မိ
ရင်ခုန်သံတချို့မှာ
တခါတခါ
ကိန်းဝပ်​နေတက်တာ
နင်ဖြစ်​နေမှန်း
ငါမသိခဲ့
တွေ​ဝေခြင်းအစ
နိုးထမှု့ က
အရာမထင်ဝင်လို့
ဗလာထင်​နေတဲ့
ရင်ခွင်ကိုငုံ့ကြည့်
အဆုံးမရှိ
အနက်ရှိုင်းဆုံ
ထောင့်တ​နေရာက
ငါ့ကိုပြုံးပြုံး​လေး​မော့ကြည့်
ငါ့ရင်ကြားမှာ
ငါမထားပဲ
နင်ဘာ​ကြောင့်
ရှိ​နေရတာလဲ
ခြေလှမ်းကိုချူပ်ကိုင်
ဖမ်းဆုပ်မနိုင်တဲ့
ငါ့မသိစိတ်ကို
ခုံရုံးမှာစွဲချက်တင်စစ်
ဥပ​ဒေမဖြစ်တဲ့
နင့်ရဲ့
ပိုင်နက်ကျူးလွန်မှု့ က
အရူးနွံသို့နစ်​စေ
ရိုးသားစွာ
ဝန်ခံရရင်
ငါနင့်ကိုချစ်​နေတာလည်း
ငါမသိခဲ့ဘူ့း့ ။

      သူရဇ္ဇ
___________________________________________

*  ဒုက္ခသစ္စာ *


ငါဒီနေ့အလွမ်းသီချင်းတပုဒ်ကို
ကျယ်လောင်စွာ
အော်ဟစ်သီဆိုခဲ့တယ်
ဒါဟာအရမ်းကိုဆွေးမြေ့ဖွယ်ကောင်းပါတယ်
သီချင်းစာသားတကြောင်းချင်းစီတိုင်းမှာ
မင်းကိုရည်ညွန်းတဲ့
ခံစားချက်တွေကိုတွေ့မြင်ရပါတယ်
အိုမိန်းကလေးရယ်
စာနာစွာလှည့်ကြည့်ပေးရက်မဲ့
မျက်ဝန်းတစုံလောက်များ
မင်းမှာငါ့အတွက်မရှိခဲ့ဘူးလားကွယ်
သံစဉ်တကြောင်းတီးခပ်တိုင်း
သီချင်းတပုဒ်ဖြစ်ဖြစ်လာတဲ့မင်းဟာ
မင်းကိုလွမ်းတဲ့အကြောင်း
မင်းသိအောင်ပြောပြရရင်ငါ့မှာ
အိပ်စက်ချိန်တောင်ရှိမှာမဟုတ်ပါဘူး
ခံစားတတ်တဲ့နှလုံးသားက
တခါတလေကျောက်ရုပ်တရုပ်လို
သက်မဲ့နေတတ်ပြီ
ဘဝကိုနေလိုလဲမဖြတ်သန်းခြင်ပါ
ရေတစက်ရဲ့အေးမြခြင်းနဲ့အတူ
အလွမ်းရက်ကလေးတွေလဲ
အေးမြခြင်ပါပြီ
ဘဝကိုလက်မြောက်လို့အရှုံးပေးထားပါတယ်
နင်လိုလျှင်အနိုင်ယူလှည့်ပါ
နာကျင်ခြင်းဆိုတာ
ပျော်ရွှင်ခြင်းရဲ့အခြားတဖက်မှာ
အရှုံးသမားအဖြစ်
အောင်မြင်နေသူကို
အိုမိန်းကလေးရယ်
ဒုက္ခသစ္စာအကြောင်းဟောဖို့မကြိုးစားပါနဲ့တော့ကွယ်
                                မျက်ရည်
___________________________________________

အဖြည့်ခံလူ

ပန်းခင်းတခုကို
ညွန်ကာပြ
နင်သာယာလှပဖို့
ငါ့ဘ၀ကိုချခင်း
ခြေဆင်းလိုနင်းတဲ့အခါ
မင်းနဲ့ငါဆိုဖူးစကား
ငါကတံတားဆို
နင်က​လျှောက်သွားသူ​ပေါ့
အမြင့်ဆီကိုထမ်းတင်
ကမ်းမမြင်လမ်းမမြင်နဲ့
မလှမ်းချင်​တော့တဲ့နင့်အပူကို
နင့်စိတ်​တွေကျ
ငါဟာ လ နဲ့အတူ

အေးမြ​စေမယ့်
လေ​ပြေညှင်း​ပေါ့
အ​ခြေ​နေချင်းကမတူ
ငါကအနူဆို
နင်ဟာ
ငါသတ်မှတ်လို့
တန်းဖိုးတက်တဲ့
ရွှေခွက်တခွက်​ပေါ့
မာနတံတိုင်းတို့ပြိုကျ
နင်အလိုမကျလို့
ငိုချတဲ့အခါ
စိုသမျှအတွက်
ငါဟာ​တေးပုခက်ဆင်လို့
ညရဲ့ရင်ခွင်မှာ
အိပ်စက်​စေမယ့်သူပါ
အပူပင်တို့ကင်း
နင့်သတင်းအ​ထွေ
ပန်း​တွေလို​မွှေး
နင့်နံ​ဘေးမှာ
နွေး​ထွေးတဲ့
ရင်ခွင်​တွေ့ တဲ့အခါ
အ​ငွေ့ နဲ့သာ​ကျေနပ်
ငါ​နေတက်သလို
နေသွားမယ့်သူပါဟာ့ ။

          သူရဇ္ဇ
___________________________________________
ဘဝ
အော် ဘဝဆိုတာ
စာလုံးပေါင်းတော့
နှစ်လုံးထဲဆိုပေမဲ့
တကယ်တမ်း ဖြတ်သန်းတော့
အရမ်းပင်ပန်းလှပါလား....
သူများတွေလို ပျော်ခြင်တိုင်းလဲ
မပျော်နိုင်တဲ့ ဘဝပေမို့
ကံကြမ္မာကို အပြစ်တင်
ရင်ထဲက နာကျင်သော်လဲ
ကြင်နာဖူးတဲ့ အချိန်ကို
တမ်းတလွမ်းရပါတယ်လေ...
     မင်းချစ်သူ(ဓာတ်တော်)
___________________________________________
ကြေကွဲခရီးစဉ်

နှုတ်ဆက်သံမကြား
ရေ​မြေခြားကိုထွက်
အ​ဝေးရပ်
တိုင်းတပါးမှာ
နင်တရားမဲ့စွာ
ငါ့ကိုချန်ထားခဲ့
စကားနဲ့
နှုတ်မဆက်သာတဲ့
လမ်းခွဲခြင်းနိဂုံးမှာ
ငါပြုံုးပြုံး​လေးရှိချင်ပါလျက်
နင်ဘာ့အတွက်နဲ့
ငါ့ကိုမျက်နှာသာ
မ​ပေးခဲ့တာလဲ
အတိတ်ကိုချန်ထား
နင်သွားတဲ့အခါ
ငါမတားသာ​ပေမယ့်
လက်တဖက်ကို
ဘယ်ညာယိမ်း
ငါဟာနင့်ရဲ့
သူစိမ်းမဟုတ်လို့
နှုတ်ဆက်ခွင့်​တော့
ရှိပါ​သေးတယ်ဟာ
ကြေကွဲခြင်း
ခရီးစဉ်ကို စ
ဘီး​လေးမလို့
နောက်​ကောက်ချ
ချန်ခဲ့တဲ့
လေယဉ်သံအဆုံးမှာ
နင့်အပြုံးကို
မမြင်လိုက်ရတဲ့ငါ
ဖြေစရာမဲ့လို့
ဝေဒနာ​တွေနဲ့
ကျန်ခဲ့ရပြီ​ပေါ့ဟာ့ ။

          သူရဇ္ဇ
___________________________________________
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ