အချစ်ငှက်ငယ်ရေ Forgiven
အတိတ်ဘဝရဲ့ကောင်းမှုအကြောင်းထူးကာ
ဒီဘဝမှာပြည်စုံရူပါချစ်စဖွယ်တင့်လို့
လှပခြင်းအတောင်ပံတစ်စုံ ပိုင်ဆိုင်ထားလို့
စိတ်တို့ကစားရာ မာယာကောင်းကင်မိုးတစ်ခွင်သို့
ပျံသန်းနေသောချစ်ငှက်ငယ်ရေ
အလှသွေးရယ်ကြွယ်နေချိန်မို့
ပုရိသတို့ရင်ခွင်မြေနင်ကစားရာဋ္ဌာနေ
စိတ်ရယ်သက်မှတ်စေလိုရာစေ
ကူးခတ်ပျံသန်းနေသောချစ်ငှက်ငှယ်ရေ
သံယောဇဉ်ရယ်မကုန်ခမ်းနိုင်သူ
အမုန်းခံသမားလေး မှာတမ်းလေးခြွေလိုက်ပါရစေ
သံသရာ ရဟတ်လည်ပတ်လာလို့
မုသားရယ်အကြိမ်ကြိမ်အားပြိုင်
မာယာမုဆိုးကျော့ကွင်းတစ်စုံသို့
နင့်ခြေအစုံနင်းမိသွားရင်
နောင်တများစွာနဲ့ငိုမနေပါနဲ့ချစ်ငှက်ငယ်ရယ်
ဟိုအရင်တခါနင်စွန့်ပစ်ထားတဲ့
အိုဟောင်းနွမ်းနေငါ့ရင်ခွင်မြေက
ငှက်ငယ်လေးနားခိုဖို့အတွက်အရိပ်ဖြစ်နဲ့
ထာဝရအချစ်အမြစ်တွယ်နေလို့
အပြစ်ရယ်မမြင် ..
အတောင်ညောင်းရင်ပြန်လာခဲ့ပါ ချစ်ငှက်ငယ်ရေ
Forgiven လို့ပြောပါရစေ .....
(ကိုနိုင်) ဦးနိုင်ရဲ့#တူလေး BeeTalk အကောင့်မှပေးပို့ထားပါတယ် ...
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ