ရွေးချယ်ကြည့်ရှုရန်
Saturday, 26 September 2015
ကဗျာဂျာနယ်အတွဲ၁အမှတ်၈
ယဉ်ကျေးစဉ်လာဒို့မြန်မာ
ဒုက္ခရောက်သူလမ်းမှာတွေ့ရင် တတ်အားသရွေ့ကူညီကွယ်
အသက်ကြီးသူ ရင်ဆိုင်တွေ့တော့ ငုံ့ရှောင်ကွေ့လို့လမ်းဖယ်ကွယ်
ရဟန်းသံဃာလမ်းမှာတွေ့လဲ အရိပ်ရှောင်သွေရိုသေကွယ်
မိဘဆရာနားဖြတ်သန်းသွားတော့ ခေါင်းငုံ့ခါးညွတ်သွား
ပါကွယ်
ဘုရားကျောင်းကန် ဝင်ရောက်သွားရင် စီးထားဖိနပ် ချတ်ကြကွယ်
ထီးပါပိတ်ရင်ပိုလို့ကောင်းပေါ့
ရိုသေပြုကြောင်းတစ်မျိုးကွယ်
မိဘရိုးရာစဉ်လာကောင်းကို
မောင်မယ်အပေါင်းဆက်ထိန်းကွယ် ထိန်းမယ် ထိန်းကွယ်
စံပါယ်
ခုလိုကဗျာဂျာနယ်လေးမှာမိမိခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246ကိုviberမှတစ်ဆင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ