ရွေးချယ်ကြည့်ရှုရန်
Tuesday, 22 September 2015
**ကဗျာဂျာနယ်အတွဲ၁အမှတ်၆**
ဘာသာပြန်ရခက်တဲ့
မျက်ဝန်းတွေကိုအဖြေ
ရှာနေတုန်းမှာဘဲကမ္ဘာ
ကြီးကတစ်ပတ်ပြည့်သွားခဲ့တယ်လေနင့်ဖက်ကအရာရာပြီးဆုံး
သွားပြီလိုသက်မှတ်ထားပေမယ့်အလွမ်းတွေနဲကျန်ခဲ့တဲ့ငါကတော့အတိက်ကပျော်ရွင်မူတွေကိုအနာဂတ်
မှာအသက်သွင်ရင်းမ
နက်ဖြန်ကိုကသက်ဆက်နေဆဲလေနင်ပေး
ခဲ့တဲ့ဒဏ်ရာတွေကငါ့
နှလုံးသားတစ်ခုလူံးကို
ခံနိုင်ရည်မရှိအောင်နာ
ကျင်စေခဲ့လည်းစွန့်လွတ်ရတော့မယ်ဆိုတဲ့
အသိနဲငါ့နှလုံးသားပေါ်
ကျလာမယ့်ဓားသွား
တစ်စုံကိုလည်းအပြုံနဲ
ကြိုနေမယ်ချစ်သူ
ရေးသူ-ဇူးချစ်သက်
*****************************************
ပင်မြင့်စံပန်း
မလှမ်းရက် မချွေရက်ပြီမို့ 
လှမ်းမျှော်ကကြည့်ရပြီ~~~
ပန်းကလေးရေ
မင်းကြွေမှကောင်ယူကာ
နမ်းခွင့်ရမှာသိပေမယ့်
လှလွန်းသူ တော်ဝင်ပန်း
ပင်မြင့်မှာတင့်တယ်နေတာ
ပိုလို့ ပင်ကောင်းပါတယ်~~~
မင်းကြွေမှပိုင်ဆိုင်ရမယ်ဆိုရင်လဲ
မပိုင်ဆိုင်ရလဲနေပါစေ
ပင်မြင့်မှာတင့်တယ်စွာပဲ
ဝံကြွားကာနေပါလေ~~~
ပိုင်ဆိုင်သူ ပိုင်ရှင်အစစ်သာမှ
ခူးယူကာနမ်းသွားလျှင်လဲ
ကောင်မလေးရေ
ငါလိုကောင်ဟာအလွမ်းသမားပါပဲကွာ
ရေးသူ-۞သွေးငယ်۞
*****************************************
~~~မာနနဲ့ ဂုဏ်ဓန~~~
ဂုဏ်သိက္ခာကြီးမားလှတယ့်
မင်းမိဘမျိုးဆွေကြားမှာ
ငါလိုကောင်ကို
ရွှေပွဲဝင်ဖို့ လက်မခံနိင်မှန်း
ငါသိပါတယ်~~~~
ငါမှာလဲငါ့မာနနဲ့ ပါ
အချစ်တစ်ခုကို ငွေဆိုတာနဲ့ 
ဝယ်ယူတက်တယ့်
မင်းတို့ လို ဂုဏ်ကြီးရှင်တွေကိုလဲ
ငါအထင်မကြီးပါဘူး~~~~~
ငွေဂုဏ်မောက်တယ့်မင်း
တနေ့ ငွေဒဏ်ခတ်တာကြုံခဲ့ ရရင်
တစ်ချိန်က မင်းစွန့် ပစ်ခဲ့ တယ့်ငါ့ကို
မင်းသတိရပေါ့
မင်းအတွက်ငါ
လှောင်ပြုံးလေးပြုံးပေးလိုက်မယ်~~~
ရေးသူ- သွေးငယ်
*****************************************
အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ
အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်
ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ
ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့
I Miss U So Much My LoVE
ရေးသူ-Khin MyoAye(poem)
*****************************************
မျှော်လေတိုင်းမှိုင်းဝေ
မျှော်လေတိုင်းမှိုင်းဝေ
တောင်တံတိုင်းတွေနဲ့
သည်မိုးစွေသည်လိုနေ့မှာ
မရှိသူကိုအရှိယူလို့
သည်လူမှာရင်ပူရတယ်
လွမ်းကူပါ့လေး။
ရေးသူ-ရွှေမြို့တော်
===============================
ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ