Wednesday, 16 September 2015

ချစ်သူသို့

နုလှခြေစုံ လုံခြုံရန်လေ
ရွှေခံစိန်သီး တန်ဖိုးကြီးသည့်
စီးမည့်ဖိနပ် မတတ်နိုင်လည်း
မင်းလှမ်းလိုမူ ငါ့သည်းယူ၍
ခြေတစ်လှမ်းတွက် ငါ့သည်းဖက်ခင်း
ချစ်မင်းသက်ထား သွားလေပါ။

ချစ်သူ့ကိုယ်ရုံ လုံခြုံရန်လေ
တန်းဖိုးကြီးမား ဝတ်စားလှလှ
မရနိုင်လည်း စွဲမြဲခိုင်မာ
မေတ္တရုံလွှာ ဝတ်ကာခြုံ လျက်
ချစ်တတ်သူကြား မင်းမော်ကြွား`၍
သိမ်မွေ့ညင်သာ သွားလေပါ။

ချစ်သူ့ဂုဏ်သိန် မညှိုးမှိန်ရန်
လည်မှာဆွဲဖို့ ပတ္တမြားတို့
ငါမတတ်နိုင် မစွမ်းနိုင်လည်း
ချစ်သူလှဖို့ ငါစို့မျက်ရည်
လည်မှာဆွဲထား ပုလဲများသို့
ငါငိုဖို့ရာ အသင့်သာ။

ငါထက်ချစ်သူ နင်မှတ်ယူကာ
လမ်းခွဲစိမ်းကား နင်ဖြတ်ထားလည်း
အပြစ်မယူ မငြူ စူပါ
ချစ်သူ့စိတ်တွင်း ချမ်းသားခြင်းသာ
ပဓာနထား မေတ္တာပွား၍
ခွင့်လွှတ်လိုက်မှာ အမြဲသာ
ရွှေမြို့တော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ