ပြန်ချစ်မိတာ ငါမှားသလား
စပ်တူညီလို့ ရောင်းတန်ဝင်ခဲ့သည့်ပစ္စည်းလို
ထပ်တူညီလို့ အပြန်အလှန်ချစ်ခဲ့ကြတယ် ငါတို့
အမှတ်သည်းခြေမရှိတဲ့ ငါ့နှလုံးသားက
အချစ်ဆိုတဲ့လမ်းမထက် ရောက်အောင်သွားခဲ့ပြန်တယ်
နာကျင်ရမယ်ဆိုတာလည်း သိတယ်
ကြေကွဲရမယ်ဆိုတာလည်း သိတယ်
ဒါကိုပဲ ဖက်တွယ်နေတုန်းအချစ်ကို
ဝေးရဲတဲ့သတ္တိတွေ ရှိဖို့ထက်
နီးရဖို့ သတ္တိတွေ ထားခဲ့ဖူးတာပါ
ပတ်ဝန်းကျင်ဆိုတဲ့ ပါးစပ်တခုက
သမုတ်ချက်တွေ မရပ်မနားထွက်ခဲ့လည်း
ငါ့ဘက်က မဝေးစေရဘူးလို့ အာမခံရဲတယ်
ရွေးချယ်ပြီး ချစ်ခဲ့တာလည်းမဟုတ်
ချစ်ရဖို့ ကြိုးစားခဲ့တာလည်းမဟုတ်
*အချစ်က ရင်ဘတ်ထဲတိုးဝင်လာမှန်းမသိခင်မှာတည်းက ချစ်မိသွားတာပါ*
လိုက်ဖက်ညီမှ အချစ်တခုဖြစ်မည်ဆိုလျှင်
အချစ်က ဝမ်းဆက်တစုံဖြစ်သွားမှာပေါ့
နဖူးစာရွာလည်ပြီး အချစ်ကိုတည့်တည့်တိုးတော့
ပြန်ချစ်မိတာ ငါမှားသလား ဖြေပါ
ဖိုးဝရုပ်လေး
ရွေးချယ်ကြည့်ရှုရန်
Tuesday, 30 May 2017
ပြန်ချစ်မိတာငါမှားသလား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ