ရွေးချယ်ကြည့်ရှုရန်
Thursday, 4 May 2017
#အချစ်တဲ့လား#
မကြင်နာလို့ ပစ်ခွါသွားသူရေ
ဝေဒနာတွေ မဖြေသာပေမဲ့
နွေညမှာ သာတဲ့ လတစ်စင်းလို
မင်းမျက်နှာလေး ဝင်းပပျော်ရွှင်နေရင်
ငါ့ရင်တွေ နာကျင်ခံစား
နှလုံးသားတွေကြေကွဲနေတောင်
အပြုံးတွေနဲ့ ကျေနပ်သူဟာ
ငါတစ်ယောက်ထဲပါ ချစ်သူ...
တူနှစ်ကိုယ် ကြင်နာစဉ်က
အနမ်းတွေခြွေဖူးခဲ့တာ
အခုလို အလွမ်းပန်းတွေ ပွင့်ဖူးစေဖို့လားလို့ မမေးတော့ဘူး
ဥယျာဉ်မူးထုံး နှလုံးမူလို့
ကိုယ်တိုင်ပျိုးသည့်ပန်း နွမ်းကြွေမှာ
စိုးရိမ်သူမို့ ခူးလိုသူရန်မှာ
ကာကွယ်ပေးတဲ့ ဥယျာဉ်မူးလက်ကို
ထောက်ထားမညှာ သွေးစိမ်းဖြာအောင်
ဆူးစေခဲ့တာ အချစ်တဲ့လားကွယ်...
တစ်ကောင်ဘွား(ဓာတ်တော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ