ဒီထက်မပိုခဲ့ပါဘူး
============
ကျမရှင့်ကိုချစ်ခဲ့တာ
အချစ်တခုရလိုမှုထက်မပိုခဲ့ပါဘူး။
ကျမရှင့်ကို အပြစ်မရှိအပြစ်ရှာ
ဂျစ်တိုက်ပြီးရစ်ခဲ့တာ
ရှင်ပြန်ချော့တာလေး ကြောင့်
ကြည်နူးချင်မိတာထက်
မပိုခဲ့ပါဘူး။
ကျမရှင့်ကိုစိတ်လိုလက်ရ
အော်ခဲ့မိတာ
ရှင့်အမှားကျမအမှားကို
သေချာစမ်းစစ်ချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ကျမရှင့်ရဲ့ယုံကြည်မှုကို
ရလိုချင်တဲ့အတွက်
အကဲစမ်းခဲ့တာ
သံသယကင်းချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ကျမရှင့်ရဲ့ဂရုစိုက်မှု
ကြင်နာမှု သစ္စာရှိမှု
အပြန်အလှန်လေးစားမှုကို
ရလိုချင်တဲ့အတွက် စကားနာထိုးခဲ့တာ
စိတ်ရှင်းချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ကျမရှင့်နဲ့အတူလက်တွဲမြဲခဲ့တာ
ရှင့်ကောင်းတာတခုကြောင့်မဟုတ်သလို
ကျမကောင်းတာတခုကြောင့်လည်းမဟုတ်ဘူး
အခက်အခဲ တိုင်းပြဿနာတိုင်း
ကျော်လွှားချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ဘယ်အရာကိုမှ
ဘယ်အရာထက်မှ
ရှင့်ကိုချစ်နေရဖို့ထက်
မပိုခဲ့ပါဘူး။
PhyuPhyu
Ph
Cd
ရွေးချယ်ကြည့်ရှုရန်
Tuesday, 30 May 2017
ဒီထက်မပိုခဲ့ပါဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ