ဒီထက်မပိုခဲ့ပါဘူး
============
ကျမရှင့်ကိုချစ်ခဲ့တာ
အချစ်တခုရလိုမှုထက်မပိုခဲ့ပါဘူး။
ကျမရှင့်ကို အပြစ်မရှိအပြစ်ရှာ
ဂျစ်တိုက်ပြီးရစ်ခဲ့တာ
ရှင်ပြန်ချော့တာလေး ကြောင့်
ကြည်နူးချင်မိတာထက်
မပိုခဲ့ပါဘူး။
ကျမရှင့်ကိုစိတ်လိုလက်ရ
အော်ခဲ့မိတာ
ရှင့်အမှားကျမအမှားကို
သေချာစမ်းစစ်ချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ကျမရှင့်ရဲ့ယုံကြည်မှုကို
ရလိုချင်တဲ့အတွက်
အကဲစမ်းခဲ့တာ
သံသယကင်းချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ကျမရှင့်ရဲ့ဂရုစိုက်မှု
ကြင်နာမှု သစ္စာရှိမှု
အပြန်အလှန်လေးစားမှုကို
ရလိုချင်တဲ့အတွက် စကားနာထိုးခဲ့တာ
စိတ်ရှင်းချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ကျမရှင့်နဲ့အတူလက်တွဲမြဲခဲ့တာ
ရှင့်ကောင်းတာတခုကြောင့်မဟုတ်သလို
ကျမကောင်းတာတခုကြောင့်လည်းမဟုတ်ဘူး
အခက်အခဲ တိုင်းပြဿနာတိုင်း
ကျော်လွှားချင်ရုံကလွဲလို့
မပိုခဲ့ပါဘူး။
ဘယ်အရာကိုမှ
ဘယ်အရာထက်မှ
ရှင့်ကိုချစ်နေရဖို့ထက်
မပိုခဲ့ပါဘူး။
PhyuPhyu
Ph
Cd
ရွေးချယ်ကြည့်ရှုရန်
Tuesday, 30 May 2017
ဒီထက်မပိုခဲ့ပါဘူး
ပြန်ချစ်မိတာငါမှားသလား
ပြန်ချစ်မိတာ ငါမှားသလား
စပ်တူညီလို့ ရောင်းတန်ဝင်ခဲ့သည့်ပစ္စည်းလို
ထပ်တူညီလို့ အပြန်အလှန်ချစ်ခဲ့ကြတယ် ငါတို့
အမှတ်သည်းခြေမရှိတဲ့ ငါ့နှလုံးသားက
အချစ်ဆိုတဲ့လမ်းမထက် ရောက်အောင်သွားခဲ့ပြန်တယ်
နာကျင်ရမယ်ဆိုတာလည်း သိတယ်
ကြေကွဲရမယ်ဆိုတာလည်း သိတယ်
ဒါကိုပဲ ဖက်တွယ်နေတုန်းအချစ်ကို
ဝေးရဲတဲ့သတ္တိတွေ ရှိဖို့ထက်
နီးရဖို့ သတ္တိတွေ ထားခဲ့ဖူးတာပါ
ပတ်ဝန်းကျင်ဆိုတဲ့ ပါးစပ်တခုက
သမုတ်ချက်တွေ မရပ်မနားထွက်ခဲ့လည်း
ငါ့ဘက်က မဝေးစေရဘူးလို့ အာမခံရဲတယ်
ရွေးချယ်ပြီး ချစ်ခဲ့တာလည်းမဟုတ်
ချစ်ရဖို့ ကြိုးစားခဲ့တာလည်းမဟုတ်
*အချစ်က ရင်ဘတ်ထဲတိုးဝင်လာမှန်းမသိခင်မှာတည်းက ချစ်မိသွားတာပါ*
လိုက်ဖက်ညီမှ အချစ်တခုဖြစ်မည်ဆိုလျှင်
အချစ်က ဝမ်းဆက်တစုံဖြစ်သွားမှာပေါ့
နဖူးစာရွာလည်ပြီး အချစ်ကိုတည့်တည့်တိုးတော့
ပြန်ချစ်မိတာ ငါမှားသလား ဖြေပါ
ဖိုးဝရုပ်လေး
ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၉
မင်္ဂလာပါ
ကျွန်တော်တို့မြန်မာလူငယ်သတင်းစုံ မိုဘိုင်း App ရဲ့ ရင်ဖွင့်စကား ချစ်သူ ကြားစေအစီအစဉ် ရပ်ဆိုင်းထားခဲ့ရတာ အတော်ကြီး ကြာသွားခဲ့ရတဲ့အတွက် ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံမှ လေးစားစွာတောင်းပန်အပ်ပါတယ် ။
ဒီနေ့ကစ ပြီး အမြဲ Update ဖြစ်နေအောင်လည်း ကြိုးစားတော့မှာဖြစ်ပါတယ်။ မြန်မာလူငယ်ရဲ့ Blog Link ဖြစ်တဲ့ http://aungmyintmyat555.blogspot.com ကိုနှိပ်၍လည်း ကဗျာတွေဖတ်ရှုနိုင်ပါတယ်ဗျာ။
----------------------------------------------------------------------
ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၉
_____________________________
ပိတ်ကားနောက်ခံအလွမ်း
_________________________
ဂျေ !
နင်အဆင်ပြေရဲ့လား
ငါ့ကို သတိမှ ရရဲ့လား
ငါ့ထက်ချစ်ရတဲ့သူတွေ့နေပြီလား
တစ်ရက်ထက် တစ်ရက်
လွမ်းတယ်ဆိုတာထက်
အဆပေါင်းများစွာပိုပြီးလွမ်းတယ်
သတိရစရာတွေကို
ငါတို့အတူဆောက်ဖူးတဲ့
လေထဲကအိမ်မှာ
သော့ခတ်သိမ်းထားတယ် ဂျေ !
တနေ့နေ့နင်ပြန်လာရင်
နင့်ရင်ဘတ်ကိုထုထုပြီး
ငါဘယ်လောက် သတိရနေကြောင်း
ပြောပြော ငိုမယ်
နင်မြတ်နိုးတဲ့ငါ့ဆံပင်တွေကို ညင်သာစွာသပ်ချပေး
နင် ခုံမင်တဲ့ ငါ့နှုတ်ခမ်းတွေကို ဖွဖွလေးယုယပေး
နင် စွဲလမ်းတဲ့ ငါ့မျက်ဝန်းတွေကို ကြင်နာစွာငုံ့ကြည့်ပေး
နင် သိပ်ချစ်တဲ့ ငါ့ လက်ဖျားတွေကို နွေးထွေးစွာဆုတ်ကိုင် ထားပေး
ဂျေ !
တွေးကြည့်
အဲ့အခြေအနေကို နင်တွေးကြည့်
ငါကကလေးတစ်ယောက်လို နင့်ရင်ခွင်မှာငိုမယ်
နင်က စိတ် ရှည်လက်ရှည် ချော့မယ်
နာရီသံတွေဟာ ငါတို့ရင်ခုန်သံကိုလန့်ပြေးကြမယ်
ဟူး ငါရူးနေပါပြီ ဂျေ!
နင့်ကိုချစ်ကြောင်းပြောတိုင်း
အတိတ်နဲ့ ငါ စကားများတယ်
လက်ညိုးတွေ ငါ့ကိုယ်ငါထိုးထိုးပြီး အပြစ်တင်တယ်
ဂျေ !
အချစ်ဟာအလွမ်းနဲ့ပေါင်းမှ
မေတ္တာစစ်ကြောင်း
ငါ့ဦးနှောက်ရဲ့ အချက်ပြသံက
နင်မရှိမှ ပီပီသသ ကြားနေရတယ်
Anniversary days တွေဟာ
ငါ့ကိုနာကျင်စေတဲ့ ပိုးမွားတွေပဲ
သော့ခတ် သိမ်းထားတဲ့
Messages တိုင်းနဲ့
ငါ့အလွမ်းကို အာသာဖြေတယ်
ဂျေ!
နင့်အတွက် ငါ့ဆုတောင်းက
ငါ့ဒုက္ခရဲ့ ဆန့်ကျန်ဖက် အရပ်မှာရှိတယ်
ပျော်နေတဲ့အချိန်ထက်
စိတ်အလိုမကျတဲ့အချိန် တိုင်းက
နင့်ကိုသီးသန့်လွမ်းစေမယ့် အသေးစိတ်အခန်းပဲ
စစ်သွေးငယ်
26.5.2017
9-23PM
ဲ____________________________________________
ကျွန်မဟာလက်သည်းဖွက်ထားတဲ့လိပ်တစ်ကောင်ဖြစ်တယ်
_____________________________________
ဇာတ်လမ်းထဲ
မင်းသားအင်္ကျီစဆွဲဆွဲပြီး
"ရှင်ကျမကိုမချစ်ဘူးလား
ရှင့်ကျမကိုမချစ်ဘူးလားဟင်
ဖြေလေ ..ရှင်ကျမကိုမချစ်ဘူးလားလို့"
မျက်ရည်စတွေနဲ့မင်းသမီးကမေးမေးပြီးငို
မင်းသားက အံကြိတ်ပြီးမျက်ရည်ကျ
ပရိသတ်တွေက လည်း တရှုံ့ရှုံ့နဲ့ငို
ဒီလိုပါပဲ လုပ်ဇာတ်မှန်းသိလျက်
အလွယ်တကူခံစားတတ်တဲ့အလွဲကို
ကျွန်မနားထင်ထဲရိုက်ထည့်ပစ်လိုက်တယ်
နှလုံးသားကို လိမ်တယ်
ယုံကြည်မှုကိုလိမ်တယ်
ပစ္စည်း ဥစ္စာကိုလိမ်တယ်
မမှားဘူးရင် အမှန်မသိဘူးဆိုတဲ့သူတွေ
အမှန်သိရင် မမှားဘူးလို့အာမခံချက်မပေးသ၍
အမှန်နဲ့အမှားကြားမှာ
ဘာသာတရားပါတယ်
လူမျိုးရေးပါတယ်
သက်ငယ်မုဒိန်းမှုပါတယ်
ဗေဒင် ဆရာလက်ထဲကပုတီးပါတယ်
ဟိုဟာ ပါတယ်
ဒီဟာ ပါတယ်
ဒီအကြောင်းကို ရှင်တို့နားဝင်ဖို့
ဂျိုကာအရည်ခြုံ ပြီး
အဲဗား စမိုင်းမျက်နာဖုံးတပ်
လူအထင်ကြီးအောင်
စကားလုံး ကြီးကြီးတွေလိုတယ်
အကောင်းစားဟန်းဆက်နဲ့အပေါစာဆင်းကဒ်ဟာ
ကျွန်မရဲ့
ရုပ်နဲ့နာမ် ဖြစ်တယ်
ငြိမ်းချမ်းပါစေ သာယာပါစေ
သာဓုအတုကို ကျွန်မ
ဝတ်ကျေတန်းကျေအမျှ ပေးယူတယ်
တစ်ခါတစ်ခါ
ရှင်တို့တွေ ပြိုအောင်
ငလျင်ချက်ကို ကျွန်မကိုယ်ပေါ်လှုပ်ပြတယ်
ရှင်တို့တွေ သိမှာပါ
ကမ္ဘာကြီး ပူနွေးလာတာနဲ့
ကျွတ်ကျသွားတဲ့ သစ်ပင်တွေ ဟာ
ကျွန်မအတွင်းသားတွေကို
ဖော်ပေးနေတာ
ရယ်စရာကောင်းတယ် ရှင့်
သိပ်ပြီးရယ်စရာကောင်းတယ်
တစ်ပြီးရင် နှစ်လာရမှာမဟုတ်လား
အခုတော့ တစ်ပြီးရင် သုံညတွေပေါင်းပေါင်းထည့်
မရှိတရားတွေကို အရှိတရားနောက်မှာကပ်ပြီး
သုံညလိုလို `ဝ´လိုလိုနဲ့ ဘဝကို
ဘဝင်လို့ပြောင်းရေးထားကြတယ်
ရှင်တို့တွေ ကို ကျွန်မမေးချင်လိုက်တာ
ကွန်ရှင်စ်မှတ်(?)ဟာ ဘာလို့စာကြောင်းဘက်လှည့်နေတာလဲ ?
အကြောင်းအရာ တစ်ခုပြီးတိုင်း ဘာလို့ပုဒ်မ(။)တွေ တပ်တာလဲ?
ရှင်တို့တွေ သိလား?
ရှင်တို့တွေ တွေးမိရဲ့လာ?
စစ်သွေးငယ်
21-5-2017
8:53pm
___________________________________________
ခံစားတတ်လာခဲ့တဲ့ရင်ဘတ်ထဲမှာ
စိတ်ကူးယဉ် ခဲ့တာမဟုတ်တဲ့
မျှော်လင့်ချက်တွေ ပါ...
ပစ္စုန်ပ္ပန် မှာေ၀၀ါးနေပေမဲ့
ရယူပိုင်ဆိုင်ခွင့်တောင်းတမိတယ်
ဖြူစင်တယ်လို့ထင်ခဲ့ပေမဲ့
အရောင်တွေပါတဲ့၅၂၈ကို
ကွယ်ဝှက်စွာရင်ခုန်ခဲ့စဉ်က
နင်နဲ့ငါဟာ အပြင်လူတွေအမြင်မှာတော့
အဖြူရောင် သက်သက်ပေါ့....
စက္ကန့်တွေရဲ့စားသုံးမှုအောက်မှာ
ပြိုလဲပျက်စီးသွားတဲ့ကာလတွေ
ကြာလေလေခံစားချက်ပိုနက်ရှိုင်း လေလေမို့
ဘယ်သူတွေဘာပြောပြော
ဘယ်လိုအပြစ်တင်တင်
သူငယ်ချင်း ထက်ပိုချင်နေမိတဲ့ငါ့အတွက်
နင်အပြစ်ဖွဲ့နေမလားကွယ်....
သီအိုရီအရ
၅၂၈ နဲ့ ၁၅၀၀ မညီနိုင်ရင်တောင်
ငါကျေနပ်ပါတယ်ဟာ.....
ရှိန်းတမ်
____________________________________________
တခြာ့း့ ရင်
မေးပါရစေ
အတွေးညတွေစု
ငါပြုခဲ့တဲ့အတိတ်ကံက
စိတ်ဒဏ်ရာတွေပေး
နင်နဲ့ဝေးလို့
လွမ်းဆွေးစေသတဲ့လား
မေးပါရစေ
မတွေ့ရလေတဲ့အခိုက်
နင့်စရိုက်တွေလွဲ
စွဲလမ်းနေတဲ့
ငါ့စိတ်ကို
ညအိပ်ချိန်အထိ
အရှိုက်ထိစေသတဲ့လား
တောင်းဆိုပါရစေ
အကယ်၍များ
ငါ့နေရာအစား
နောက်တယောက်ထားရင်
အမှားမြင်စေမယ့်္ဈ
နင့်အကျင့်ကို
ပြင်ဖြစ်အောင်ပြင်
ငါ့ရင်ခွင်နဲ့လွဲပေမယ့်
နောက်ရင်ခွင်မှာ
မြဲစေချင်လို့ပါ့ ။
သူရဇ္ဇ
____________________________________________
ဥပေက္ခာ ဆူး
အချစ်တဲ့
ခိုဝင်လာချိန်က
နူးညံ့လိုက်တာ
အချိန်နဲ့အမျှ
အချစ်ပိုခဲ့သလိုနဲ့
တိတ်ဆိတ်ခြင်းonlineမှာ
နင့်ခေါ်သံတွေ
ဆိတ်သုဉ်းနေခဲ့ပြီ
နင်နိုင်ပါတယ်ချစ်သူ
အပစ်ယူမရတဲ့
နင့်ရဲ့အကျင့်ကို
ပြောင်းလဲပစ်ဖို့
့ကြိုးစားခဲ့တဲ့ငါသာ
စေတနာအမှားတွေနဲ့
ရှုံးခဲ့ပါပြီ့ ။
နေတက်သလိုနေပါ
မကန့်ကွက်တော့ပါဘူး
ပြောတက်သလိုပြောပါ
မစွက်ဖက်တော့ပါဘူး
လုပ်ချင်သလိုလုပ်ပါ
မတားတော့ပါဘူး
ငါစူးခဲ့တဲ့
ဥပေက္ခာဆူးသာ
နောက်တဦးနဲ့တွေ့ရင်
နင် ရူးအောင်
မခံစားရစေဖို့
ငါမျှော်လင့်ပါတယ့့် ။
သူရဇ္ဇ
____________________________________________
စိတ္တဇ သူ
အိမ်မက်တွေဝေ့လည်လည်နဲ့
ဖြတ်ပြေးတုန်း
ခေါင်းအုံးတလုံးကို
ဖမ်းဆွဲလို့
အိမ်မက်ထဲကို
ပြေးဝင်ခဲ့ဖူးတယ်
အစမသိတဲ့
သာယာမှု့နဲ့
အဆုံးမရှိတဲ့
မျှော်လင့်ချက်
ဝဲဂယက်ထဲမှာ
အသည်းဟတ်တက်ကွဲလို့
မတ်တပ်လည်းမရပ်နိုင်
လက်မှိုင်ချလို့လှဲ
နင်လည်းပဲငါ့ကို
ပျားရည်တစက်နဲ့
ဝမ်းပျက်စေခဲ့သူပါလား ဟာ့ ။
သူရဇ္ဇ
____________________________________________
* အဝေးကပဲ လွမ်းတယ်*
ချန်ထားခဲ့ပေါ့ မနက်ဖြန်အတွက်
ရှေ့ဆက်မည့် အနာဂတ်မှာ
လက်တွဲဖော် နင်မပါပေမဲ့
ရက်စက်စွာ နင်ပေးခဲ့တဲ့
အမှတ်တရ ဒဏ်ရာတွေ
ဝေဒနာလမ်းမပေါ်မှာ ရှုပ်ထွေး
ဟိုး အဝေးဆုံးကို ပြေးထွက်
လက်ပြနူတ်ဆက် ပင့်သက်လေးတွေ
ချွေချကာ ဆယ်ကမ္ဘာထိ
ငါ့ရင်ထဲ ကြင်နာနေခဲ့ အချစ်ကို
ရင်နာစရာ အဖြစ်ရယ်လို့
တွေးမထင်တာ ငါ့သစ္စာပါ ချစ်သူ..
အဝေးကပဲ လွမ်းနေရင်
ငါ့တစ်သက် ကျေနပ်နေပါမယ်.
တစ်ကောင်ဘွား(ဓာတ်တော်)
____________________________________________
ချစ်သူရေးတဲ့ပန်းချီ
ဆေးစက်ကျတဲ့
ပိတ်သားဘဝနဲ့
နင်စိတ်တိုင်းကျဖို့အရေး
ငါပေးဆပ်ခဲ့
သွေးတစက်နဲ့ရင်းခဲ့တဲ့
အရင်းနှီးတခုအတွက်
နင်သာငဲ့ကွက်ခဲ့မယ်ဆို
ဆေးစက်ချတဲ့
စုတ်ချက်တခုချင်းဆီအတွက်
ငါကျေနပ်မိခဲ့မှာ
အဖြူဗလာသက်သက်
စုတ်ချက်တွေနက်လေသမျှ
ညီမျှဆိုတာကို
သင်္ကာမကင်းဖြစ်မိတဲ့အခါ
ငါဟာ့ 
နင်ဘောင်ခတ်လို့လည်း
အရောင်မလက်
တန်းဖိုးတက်မလာတဲ့
နံရံကပ်
ပန်းချီကားတချပ်ပါ့ ။
သူရဇ္ဇ
____________________________________________
သံယောစဉ်
အိမ်မက်မြစ်ဖျား
စိတ်အားသိုလှောင်
ငိုမယောင်နဲ့ပြုံး
မျက်ရည်သုံးတဲ့နှုတ်ခမ်း
သူ့အနမ်းနဲ့မှ
ကြုံဖူးတယ်
စိတ်ကူးသီထား
ဆုံတွေ့ငြားလည်း
အားနည်းသည့်နှုတ်
ရွေ့ရွေ့လှုပ်တုံ
ခွန်းခြွေရုံနဲ့
မလုံမလဲ
မျက်နှာလွှဲမိ
သူ့အကြည့်နဲ့မှ
လှိုက်ဖိုရတယ်
မရေးပဲထင်
လဝန်းပြင်မှ
ယုန် အက္ခရာ
မြင်ကြည့်ကာမှ
ရင်ရှိအရာ
ဘာဆိုတာသိ
မငင် မငြိ
တွယ်မိသည့်အမျှင်
သံ ယော စဉ့့် ။
သူရဇ္ဇ
____________________________________________
အဖြည့်ခံ
မကြား ကြားအောင်ခေါ်
မျှော်နေတာသူမသိ
မကြည့် ကြည့်အောင်ပြ
မြင်သမျှကိုဘဝင်မကျ
မတွေ့ တွေ့အောင်ရှာ
နင်မလာချက်တာ
ငါမသိ
ဒီအတိုင်းသာ
ဆက်သွားရင်
နင့်အနားက
ငါကွယ်ပျောက်သွားတဲ့အခါ
နင်ညာတာမလိုချင်
ငိုချင်မှ ငို
ငါဆိုတာ
အဆုံးမသတ်တဲ့
နင့်အိမ်မက်အတွက်
ခု တုံးလိုသုံး
အဖြည့်ခံ
ခေါင်း အုံးတလုံးပါ့ ။
သူရဇ္ဇ
____________________________________________
ကဗျာ ဂျာနယ်အစီအစဉ်လေးကို အားပေးဖတ်ရှုခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ ကဗျာ ဂျာနယ်သည် မြန်မာနိုင်ငံအနှံ့မှ ရွက်ပုန်းသီးကလောင်ရှင်များအတွက် ကလောင်သွေးရာ နေရာတစ်ခုအဖြစ် လည်ပတ်လာသည်မှာ ၂ နှစ်တာ ကာလ နီးပါးရှိလာခဲ့ပြီးဖြစ်ပြီး ပထမ ကဗျာ ဂျာနယ်အတွဲ ၁ တွင် တစ်ပတ် ၅ ပုဒ်နှုန်း နှင့် အပုဒ် ၅၀၀ တင်ဆက်နိုင်ခဲ့ပြီး ယခု အတွဲ ၂ တွင် တ စ်ပတ် ၁၀ ပုဒ်နှုန်းဖြင့် တိုးချဲ့ တင်ဆက်နေတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ကဗျာဂျာနယ်မှာ မိမိတို့ရေးသားထားတဲ့ ကဗျာများကို ပါဝင်ပေးပို့လိုပါက Viber ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်။