နှလုံးသွေးကြောနဲ့တီးတဲ့သံစဉ်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မင်းမသိပါဘူး
ငါ့ရာသီခွင်မှာ
ကျိမ်စာသင့်တဲ့နာရီလို
အခါခါလှည့်ပတ်နေရတဲ့
အချိန်အိုလေးတွေ
မင်း မသိပါဘူး
ပန်းပုရုပ်လေးပေါ်က
ငါ့မြတ်နိုးခြင်းတွေ
စာစီထားတဲ့ငါ့ကဗျာညံ့ညံ့တွေ
မင်း မသိပါဘူး
မင်းကြောင့်ပျက်ဆီးခဲ့တဲ့ငါရဲ့
ညစ်ညမ်းတဲ့စိတ်တွေ
အတိတ်ဆိုတဲ့ အမှိုက်ပုံထဲက
ငါမြတ်နိုးတဲ့အရာတွေကို
အညှီနံခံ နိုက်ထုတ်နေတာတွေ
မင်း မသိပါဘူး
မင်နီတားပြီးနောက်ပိုင်း
ပိုမှားလာတဲ့ ဘဝလမ်းမှာ
တွေးနေတုန်းပဲညစ်တစ်တစ်
ဂျစ်ကန်ကန်ဖြစ်နေတုန်း
မင်းမသိပါဘူး
ကျပျောက်သွားတဲ့ ရင်ခုန်သံတွေ
မင်းရင်ဘတ်မှာ အော်မြည်နေတာ
မင်းမသိပါဘူး
သွေးမထွက်ခဲ့ပေမယ့်
ငါပေးဆပ်ခဲ့တယ်
မင်းမသိပါဘူး
အလွမ်းဆိုတာ
အချစ်လောက်မချိုမြိန်မှန်း
ကြိုးမပါတဲ့ တံယောတစ်လက်ကို
စိတ်ကူးနဲ့ကြိုးတပ်
အငြိုးနက်နက်နဲ့
ညဥ့်နက်အောင်တီးခတ်တဲ့ည
ဒီည ငါမင်းကို လွမ်းနေတုန်း....ဆိုတာ..
ရင်ဘတ်ရေ မင်းကိုငါသနားလို
မျက်လုံးကို အကူညီတောင်းလိုက်တယ်
သူအေးချမ်းဖို့ ငါ့မျက်ရည်တွေ
ခြေဆေးခွင့်ပေးလိုက်တယ် ဒီည...
ဘာမထီဘွား
ရွေးချယ်ကြည့်ရှုရန်
Monday, 17 April 2017
နှလုံးသွေးကြောနဲ့တီးတဲ့သံစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ