မာယာနွံ
ဖုန်းရဲ့မျက်နှာပြင်ကိုခပ်ဖွဖွဖိပွတ်ရင်း ဝဲတက်လာသောမျက်ရည်စများက အမြင်အာရုံကိုဝေ့ဝါးသွားစေခဲ့သည်။
"ရက်စက်လိုက်တာ" လို့ စိတ်ထဲက ပြောနေသော်လည်း ဘယ်နှခေါက်မှန်းမသိအောင်သွားကြည့်နေခဲ့မိသည့်
သူ့ wall က လာကြည့်သမျှလူတွေရဲ့ခြေရာကောက်လို့ရရင် သေချာပါတယ် ကျွန်မသာ သူ့ wall ပေါ်တနေ့လုံးရှိနေခဲ့တာသူသိသွားပါလိမ့်မည်။
သတိရတိုင်းထိုင်ဖတ်နေကြ Chat box က
သူပြောသမျှ စကားအားလုံးနီးပါးကလည်း အလွတ်ရလုနီးပါးဖြစ်နေသည်။
Online မှာတွေ Online မှာချစ်ပြီး တကယ်လက်ထပ်သွားတဲ့ စုံတွဲတွေရှိခဲ့ပေမဲ့ သူနဲ့ကျွန်မကတော့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ တစတစနဲ့တိုးဝင်လာပြီး မယုံကြည်နိုင်လောက်အောင် တမ်းတမက်မော စွဲလန်းခဲ့ဖူးတဲ့အချစ်က ကျွန်မဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်သာဖြစ်လိမ့်မည်။တကယ်တော့ကျွန်မအချစ်ကိုတွေ့တာ ကံကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ သူများအတွဲတွေထက်ပိုပြီး ကံဆိုးသွားခဲ့ရတာပါ။
Online မင်းသားတစ်ယောက်ရဲ့ မာယာနွံမှာ ကျွန်မရူးမိုက်စွာ နစ်ဝင်ခဲ့သမျှ တကယ်တမ်းကျတော့ ကျွန်မရဲ့ယုံကြည်နိုင်လွန်းတဲ့စိတ်ကြောင့် အရာရာတိုင်းဟာ တိတ်ဆိတ်မှုတွေနဲ့ ကြေကွဲမှုတွေသာ ကျန်နေခဲ့ရတာပါ.. လူတိုင်းဟာကိုယ့်လိုလူမဟုတ်ဘူးဆိုတာ ကျွန်မနားလည်လာတဲ့တစ်နေ့ ကျွန်မဘဝက
ဒဏ်ရာတွေ ဝေဒနာတွေပြည့်နှက်သွားခဲ့ပါပြီ..
ဘယ်နှကြိမ်မှန်းမသိခေါ်မိခဲ့တဲ့ သူပေးထားခဲ့တဲ့ ခေါ်လိုက်တိုင်းစက်ပိတ်ထားတဲ့ ဖုန်းနံပါတ်ကလေးကိုငေးကြည့်ရင်း
ရူးမိုက်စွာချစ်ခဲ့မိတဲ့ ကျွန်မနှလုံးသားထဲမှာတော့ ရင်နင့်အောင်နာကျင်နေရခြင်းနဲ့ မျက်ရည်စတွေ
သူ့ပေးခဲ့တဲ့ ဖုန်းနံပါတ်ကလေးနဲ့အတူ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ရင်
သိပ်ကောင်းမှာပါ ။ ။
အရိပ်မင်း
ရွေးချယ်ကြည့်ရှုရန်
Monday, 17 April 2017
မာယာနွံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ