*ဝဋ်မလည်ပါစေနဲ့*
နင်ပျော်ရွှင်ဖို့အတွက်
ငါ နှလုံးသားကို
စတေးခံရတယ်
ရှိပါစေတော့
ဝဋ်ကြွေးတစ်ခုဆိုရင်လဲ
ဒီဘဝမှာပဲ
ကျေပါစေတော့နော်
နောင်ဘဝဆိုတာ
ရှိလာခဲ့ရင်ပေါ့
လှည့်စားတက်တဲ့ မင်းအတွက်
လက်ဆောင်အဖြစ်နဲ့
ဆုတောင်းပေးလိုက်မယ်
ငါ့လိုဝဋ်မလည်ပါစေနဲ့
တစ်ကောင်ဘွား(ဓာတ်တော်)
*ထာဝရလွမ်းဆဲပါ*
ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့
ကျေပါစေတော့ အပြစ်မရှိတဲ့
ငါ့အသဲကို ဘယ်အငြိုးနဲ့
ခွဲရက်လေသလဲ မေးခြင်တယ်
ဝေးကွာသူအချစ်မို့
မစစ်ဘူး ထင်ရော့သလားဟင်
ရေမြေခြားပေမဲ့
မေတ္တာသမားမို့ သစ္စာတရားကို
ရင်မှာအစဉ်ထာဝရ
တည်မြဲနေဆဲပါ မိန်းကလေးရယ်
တစ်ကောင်ဘွား(ဓာတ်တော်)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ